Latest News

Friday, March 2, 2018

ရာသီမကုန်မီ အီတလီနည်းပြရာထူးကို ကွန်တီလက်ခံဖွယ်ရှိ

ရာသီမကုန်မီ အီတလီနည်းပြရာထူးကို ကွန်တီလက်ခံဖွယ်ရှိ

အီတလီဘောလုံးအဖွဲ့ချုပ် ဒုတိယကော်မရှင်နာ ကော်စတာကာတာက  အီတလီနည်းပြရာထူး နေရာအတွက် လူများစွာကို စောင့်ကြည့်နေသော်လည်း  ကွန်တီမှာ ထိပ်တန်းပစ်မှတ်ဖြစ်ကြောင်း ထပ်မံအတည်ပြုခဲ့ရာ ကွန်တီအနေဖြင့် ရာသီမကုန်မီမှာပင် အီတလီနည်းပြရာထူးကို လက်ခံ လိမ့်မည်ဖြစ်ကြောင်း သတင်းများထွက်ပေါ်လာခဲ့သည်။ ကွန်တီသည် အီတလီနည်းပြအဖြစ် ၂ဝ၁၄ ခုနှစ်မှ ၂ဝ၁၆ ခုနှစ်ကြား  တာဝန်ယူကိုင်တွယ်ခဲ့ဖူးပြီး  ထုတ်ပယ်ခံ နည်းပြ ဗန်တူရာ နေရာတွင် ကွန်တီကို ပြန်လည်အစားထိုးခန့်အပ်ရန် ရည်မှန်းနေခြင်းဖြစ်သည်။

ကော်စတာကာတာက ''ကျွန်တော် ခုထိ ဘယ်သူ့ကိုမှ မရွေးချယ်ရသေးပေမယ့်   ကွန်တီ ကတော့  အကောင်းဆုံး စီမံခန့််ခွဲနိုင်မယ့်သူပါ၊ ကျွန်တော် သူ့ကို သေချာပေါက်  ဆက်သွယ်မှာ ဖြစ်ပါတယ်၊ သူက  နိုင်ငံနည်းပြက ဘယ်လိုလုပ်ရသလဲဆိုတာကို လုပ်ပြခဲ့ပြီးပါပြီ၊ အခြား သူတွေကတော့ ဒါမျိုး လုပ်မပြသေးပါဘူး'' ဟု ပြောကြားခဲ့သည်။

ယခင် အေစီမီလန်နောက်ခံလူဟောင်း ကော်စတာကာတာက မန်စီနီ၊ အန်စလော့တီ၊ ရာနီရေရီတို့ကို  ခန့်အပ်ရန် ချိတ်ဆက်နေသလို  အတ္တလန္တာနည်းပြ ဂတ်စ်ပါရီနီ၊ ဆမ်ဒိုးရီးယား နည်းပြ ဂီအမ်ပါအိုလိုတို့ကို ဆက်သွယ်နေကြောင်း ပြောကြားခဲ့သည်။ လက်ရှိ အေစီမီလန် နည်းပြ  ဂတ်တူဆိုကို ယခုထိ မဆက်သွယ်ဖြစ်သေးသော်လည်း မကြာမီဆက်သွယ်ဖြစ်လိမ့် မည်ဖြစ်ကြောင်း  အတည်ပြုခဲ့သည်။ မေလဲ့သင်း(​ကြေးမှုံ)

No comments:

Post a Comment