Latest News

Friday, March 2, 2018

ခင်ဦးမြို့နယ်တွင် ဘုရားဖူးယာဉ်တိမ်းမှောက်ရာမှ တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ

ခင်ဦးမြို့နယ်တွင်  ဘုရားဖူးယာဉ်တိမ်းမှောက်ရာမှ တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ

ခင်ဦး မတ် ၁

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ခင်ဦးမြို့နယ်၌ မတ် ၁ ရက် နံနက် ၁၁ နာရီခန့်က  ဘုရားဖူးယာဉ်တိမ်းမှောက်ရာမှ တစ်ဦးသေ၊ တစ်ဦးဒဏ်ရာ ရရှိကြောင်း မြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ သိန်းဇော်ဦး မောင်းနှင်လာသော ယာဉ်သည် ခင်ဦးမြို့မှ အညာသီဟတောဘုရားသို့ ဘုရားဖူးလာစဉ် ဘုရားကုန်းအဆင်း၌ ဘရိတ် ပေါက်ပြီး မန္တလာချစ်သူ  ဇာတ်ခုံညာဘက် မြန်မာ့ဆိုင်းဝိုင်းဘက်ခြမ်းအား ဝင်ရောက်တိုက်မိရာ အိပ်ပျော်နေသော မြန်မာ့ဆိုင်းဝိုင်းဆရာ ဦးမြင့်ဝေ (၆၁)နှစ်  ဇေယျာရပ်ကွက် စစ်ကိုင်းမြို့နေသူသည်  နေရာတွင်  သေဆုံးပြီး လမ်းလျှောက်လာသူ  ဒေါ်ခင်သန်းသန်းဝင်း(၆၅)နှစ်    ပါရမီရပ်ကွက် စစ်ကိုင်းမြို့နေသူမှာ  ဒဏ်ရာများ ရရှိသဖြင့် ခင်ဦးပြည်သူ့ဆေးရုံသို့ ပို့ဆောင် ကုသလျက်ရှိသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ သိန်းဇော်ဦးအား မြို့မရဲစခန်းက အရေးယူ ထားကြောင်း သိရသည်။
ချစ်စံ(ခင်ဦး)​ကြေးမှုံ

No comments:

Post a Comment