Latest News

Tuesday, March 20, 2018

ကညင်ရေလှောင်တမံမှ စိုက်ပျိုးရေသာမက လျှပ်စစ်ဓာတ်ဖြန့်ဖြူးပေး နိုင်ရေးပါဆောင်ရွက်

ကညင်ရေလှောင်တမံမှ စိုက်ပျိုးရေသာမက လျှပ်စစ်ဓာတ်ဖြန့်ဖြူးပေး
နိုင်ရေးပါဆောင်ရွက်

အင်္ဂပူ မတ် ၁၉

ဧရာဝတီတိုင်းဒေသကြီး  အင်္ဂပူမြို့နယ် တပ်ကုန်းကျေးရွာအနီး တည်ဆောက် ထားသည့် ကညင်ရေလှောင်တမံစီမံကိန်းမှ စပါးစိုက်တောင်သူများ နွေစပါးစိုက်ပျိုးနိုင် ရန်  ဆည်ရေရရှိရေးသာမက   ရေအား လျှပ်စစ်ဓာတ်အား  ၅ မဂ္ဂါဝပ် ထုတ်လွှတ် နိုင်ရေးအတွက် စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ ကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန တည်ဆောက်ရေး(၉)မှ သိရသည်။

''တမံတည်ဆောက်တဲ့ ရည်ရွယ်ချက်က ရေကြီးနစ်မြုပ်မှုကာကွယ်ဖို့ရယ်၊ ရေအား လျှပ်စစ် တည်ဆောက်ခြင်းလုပ်ငန်းတွေ ရယ်၊ သောက်သုံးရေရရှိဖို့အတွက်နဲ့ ဆည် ရေ သောက်စနစ်ပေါ့၊ တောင်သူတွေ အတွက် ရေရရှိရေးကို အဓိကထားပြီး တည်ဆောက်ခဲ့တာပါ။ ရေအားလျှပ်စစ် အနေနဲ့  ၂ ဒသမ ၅ မဂ္ဂါဝပ် နှစ်လုံးနဲ့ ၅ မဂ္ဂါဝပ်ရှိတဲ့ လျှပ်စစ်ဓာတ်အားပေးဖို့ကို ဆောင်ရွက်နေပါတယ်'' ဟု ဆည်မြောင်း ဦးစီးဌာန တည်ဆောက်ရေး(၉) မှ  ဦးစီး အရာရှိ ဦးတင်စိုးကပြောသည်။

ကညင်ရေလှောင်တမံစီမံကိန်း ဆောင် ရွက်ခြင်းဖြင့် ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ်အတွင်းရှိ လယ်မြေဧရိယာ ၂၅ဝဝဝ ခန့်ကို ဆည်ရေပေးဝေစိုက်ပျိုး နိုင်ပြီး ရေအားလျှပ်စစ် ၅ မဂ္ဂါဝပ် ထုတ် လွှတ်၍ အနီးပတ်ဝန်းကျင်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူ ပြုရန် ရည်ရွယ်၍ ဆောင်ရွက်ခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။

အဆိုပါ ကညင်ရေလှောင်တမံစီမံကိန်း ကို ၂ဝဝ၂-၂ဝဝ၃ဘဏ္ဍာနှစ်တွင် စတင် အကောင်အထည်ဖော်ခဲ့ပြီး  ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ်တွင်  ပြီးစီးခဲ့ကာ  ဆည် ရေသောက်စနစ်အနေဖြင့်  ၂ဝ၁၇- ၂ဝ၁၈ ဘဏ္ဍာနှစ်တွင် ပြီးစီးခဲ့ကြောင်းဆည်မြောင်း နှင့်  ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန မှ သိရသည်။

''တောင်သူတွေ နွေစပါးအချိန်မီစိုက်ပျိုး နိုင်ဖို့ စိုက်ပျိုးရေ အဆင်ပြေစေဖို့အတွက် ဆည်ရေသောက်စနစ်ကို ၂ဝ၁၁ -၂ဝ၁၂ ခုနှစ်ကစပြီး နွေစပါးကို ရေစတင်ပေးဝေခဲ့ ပါတယ်၊ ဒီနေ့အထိပါ၊ ရေပေးဝေ နိုင်မှု ကတော့ ဧက ၂၅ဝဝဝ အထိဖြစ်ပါတယ်၊ တောင်သူတွေရဲ့ တင်ပြတောင်းဆိုချက် ပေါ်မူတည် ပြီးတော့လည်း ကျွန်တော်တို့ ဆည်ရေကို ဖြည့်ဆည်းပေးဝေလျက်ရှိပါ တယ်'' ဟု ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန တည်ဆောက်ရေး (၉)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးဆိုင်က ပြောသည်။

ကညင်ဆည်ရေလှောင်တမံ ရေသောက် စနစ်မှနေ၍  နွေစပါးစိုက်ပျိုးရေ ပေးဝေရုံ သာမက     အနီးအနားကျေးရွာများအား ကျေးလက်ဒေသ     မီးရရှိရေးအတွက် လက်ယာမြောင်းတွင်  လျှပ်စစ်ပေးနိုင်သည့် လေးပေမှ     ခြောက်ပေကျော်ရှိသည့် (DROP )  ရေကျအဆောက်အအုံ ၆ ခုရှိပြီး အဆိုပါ  DROP များတွင် လျှပ်စစ် ဂျင်နရေတာများတပ်ဆင်ကာ အသေးစား လျှပ်စစ်ကို မိုက်ကရိုဟိုက်ဒရိုပါဝါများဖြင့် တစ်ပိုင်တစ်နိုင် ပေးဝေလျက်ရှိကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး   အင်္ဂပူမြို့နယ် ထုံးဝကျေးရွာ စံပြစိုက်ကွင်းပိုင်ရှင် ကိုဝင်း နိုင်က ''နဂိုတုန်းက နွေစပါးမစိုက်ခင်တုန်း ကတော့မတ်ပဲပေါ့၊  အခု မတ်ပဲကသိပ် အဆင်မပြေတော့ နွေစပါးဘက်လှည့်လုပ် နေတယ်၊ အခုဆို စပါးကလည်း ငါးသိန်း ဈေးဆိုတော့ အဆင်ပြေလာပြီပေါ့၊  ဆည် ရေမရခင်ကတော့ သိပ်အဆင်မပြေဘူး၊ အခုကျ ရေကတော့ပူစရာ မလိုဘူး၊  နွေ စပါးကို ပခန်းရွှေဝါစိုက်တယ်၊ ပြီးခဲ့တဲ့နှစ် ကတော့ တစ်ဧကတင်း ၁၂ဝ လောက် ထွက်တယ်၊ ဓာတ်ဆားတော့ ကျွေးရတယ်၊ နှစ်တိုင်းကသုံးသီးစိုက်တယ်၊ ကြားထဲမှာ ကြားသီးနှံအနေနဲ့ ပဲတီစိမ်းစိုက်တယ်၊ အခက်အခဲက စပါးမျိုးကောင်းမျိုးသန့်ပဲ အဲဒါသာရရင် ပိုအဆင်ပြေမယ်'' ဟုပြော သည်။

''လျှပ်စစ်မီးကို မျှော်လင့်နေတာတော့ တော်တော့ကိုကြာပါပြီ၊ လျှပ်စစ်ဓာတ်အား သာ အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်နိုင်မယ်ဆိုရင် ပတ်ဝန်းကျင် ကျေးရွာတွေမှာ သစ်ခုတ်တာ သစ်တော ပြုန်းတီးမှုတွေ ကာကွယ်ပြီးသားဖြစ်သွား မယ်၊ အသေးစား ကုန်ထုတ်လုပ်ငန်းလေး တွေ ဒီဒေသမှာ ထွန်းကားလာမယ်၊ တစ်ဖက်ကလည်း ဆည်ရေနဲ့   စိုက်ပျိုးရေး ကို အထောက်အကူပြုမယ်၊ တစ်ဖက်က လည်း ဒေသခံတွေရဲ့ ပညာရေး၊ ကျန်းမာရေး
လူနေမှုဘဝမြင့်ဖို့   လျှပ်စစ်ကလည်း အထောက်အကူပြုမယ်ဆိုရင် ဒီဒေသက လူတွေရဲ့ လူနေမှုဘဝတွေ မြင့်မားလာ မယ်လို့ ယူဆပါတယ်'' ဟု ဧရာဝတီတိုင်း ဒေသကြီး မြန်အောင်မြို့နယ် ဘန့်ဘွေး ကုန်းကျေးရွာအုပ်စုမှ  တောင်သူဦးစိုးလှိုင် က ပြောသည်။

အင်္ဂပူမြို့နယ်နှင့် မြန်အောင်မြို့နယ်တို့ တွင် ကညင်ဆည်ရေဖြင့်  ယခု ၂ဝ၁၇- ၂ဝ၁၈ ခုနှစ် နွေစပါးစိုက်ရာသီတွင် နွေ စပါး ၆၂၆၃ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန တည်ဆောက်ရေး(၉)မှ သိရ သည်။

ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲ ရေးဦးစီးဌာန တည်ဆောက်ရေး(၉)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးဆိုင် က ''နွေစပါးအပြင် မိုးစပါးအတွက် မိုးဦး ကာလမှာ   တောင်သူတွေ  ပျိုးထောင်ဖို့ ရေလိုတယ်ဆိုရင်၊ မိုးနှောင်းမှာမိုးရေနည်း ခဲ့ရင်ပဲဖြစ်ဖြစ်  တောင်သူတွေရဲ့  လိုအပ် ချက်ကို သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းတွေနဲ့ ပေါင်းစပ်ညှိနှိုင်းပြီး ရေပေး
ဝေသွားမှာဖြစ်ပါတယ်၊ ရေနဲ့ပတ်သက် လို့လို အပ်လာတယ်ဆိုရင် ဆည်မြောင်းနှင့် ရေ အသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေနဲ့ အသင့်ရှိနေပါတယ်'' ဟု ပြောသည်။  

သတင်း-သီသီမင်း၊ ဓာတ်ပုံ-ကောင်းမြတ်သိန်း

No comments:

Post a Comment