Latest News

Thursday, March 15, 2018

ရန်ကုန်မဟာသင်္ကြန်ပွဲတော်၌ မဏ္ဍပ် ၉၅ ခု တည်ဆောက်ခွင့်ပြုမည်

ရန်ကုန်မဟာသင်္ကြန်ပွဲတော်၌ မဏ္ဍပ် ၉၅ ခု တည်ဆောက်ခွင့်ပြုမည်

ရန်ကုန်  မတ်  ၁၅

၁၃၇၉ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ရန်ကုန်တိုင်းဒေသကြီးအတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ရာ   ဖျော်ဖြေရေးမဏ္ဍပ် ၃၅ ခု၊ ဖျော်ဖြေရေးနှင့် ရေကစားမဏ္ဍပ် ၆ဝ  စုစုပေါင်း ၉၅ ခုတည်ဆောက်ခွင့်ပြုပေးသွားမည်ဖြစ်ပြီး  ရန်ကုန်လမ်းလျှောက်သင်္ကြန်နှင့် စတုဒိသာကျွေးမည့်နေရာများမှာ မဟာဗန္ဓုလပန်းခြံ၊ ကန်တော်ကြီး မြေပဒေသာကျွန်း၊  ဦးဥတ္တမပန်းခြံနှင့် သခင်မြပန်းခြံတို့ ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။

ရေကစားမဏ္ဍပ်များ    ခွင့်ပြုပေး မည့်  နေရာများမှာ  ဝေဇယ္တာလမ်း တစ်လျှောက် ဖျော်ဖြေရေးမဏ္ဍပ် ငါးခု၊ ဖျော်ဖြေရေးနှင့် ရေကစားမဏ္ဍပ် ၁၆ ခု၊ ပါရမီလမ်းတစ်လျှောက်  ဖျော်ဖြေရေး  မဏ္ဍပ်နှစ်ခု၊ ဖျော်ဖြေရေးနှင့် ရေကစား မဏ္ဍပ် လေးခု၊ မင်းဓမ္မလမ်း (ပါရမီလမ်း နှင့် ကျိုက်ဝိုင်းဘုရားလမ်းကြား)ဖျော်ဖြေ ရေးမဏ္ဍပ်နှစ်ခု၊ ကျိုက်ဝိုင်းဘုရားလမ်း ဖျော်ဖြေရေးမဏ္ဍပ်လေးခု၊ ဖျော်ဖြေရေး နှင့် ရေကစားမဏ္ဍပ်ခြောက်ခု၊ ပြည်လမ်း (ကျိုက်ဝိုင်းဘုရားလမ်းမှ ဗိုလ်ချုပ်လမ်း ကြား) ဖျော်ဖြေရေးမဏ္ဍပ် ခြောက်ခု၊ ဖျော်ဖြေရေးနှင့် ရေကစားမဏ္ဍပ် ၁ဝ ခု၊ တက္ကသိုလ်ရိပ်သာလမ်း     (ပြည်လမ်းမှ အင်းလျားလမ်းကြား)နှင့် (ကမ္ဘာအေးဘုရားလမ်းမှ ဆရာစံလမ်းကြား)တို့တွင် ဖျော်ဖြေရေးနှင့်ရေကစားမဏ္ဍပ် လေးခု၊ စက်မှု ၁ လမ်း(ကမ္ဘာအေးဘုရားလမ်းမှ ဆရာစံလမ်းကြား)ဖျော်ဖြေရေးနှင့် ရေကစားမဏ္ဍပ်နှစ်ခု၊  ဗိုလ်ချုပ်လမ်း(ပြည်လမ်းမှ   ဗိုလ်တထောင်ဘုရားလမ်းကြား)ဖျော်ဖြေရေးမဏ္ဍပ်နှစ်ခု၊  ဖျော်ဖြေရေးနှင့် ရေကစား မဏ္ဍပ်နှစ်ခုတို့ကို   ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် အနော်ရထာလမ်း(ဗိုလ်တထောင်ဘုရားလမ်းမှ ဘုန်းကြီးလမ်းကြား)ဖျော်ဖြေရေးမဏ္ဍပ်နှစ်ခု၊ ဖျော်ဖြေရေးနှင့် ရေကစားမဏ္ဍပ်လေးခု၊ မဟာဗန္ဓုလလမ်း (ဘုန်းကြီးလမ်းမှ ဗိုလ်တထောင်ဘုရားလမ်းကြား)ဖျော်ဖြေရေးနှင့် ရေကစားမဏ္ဍပ်      လေးခု၊   ကုန်သည်လမ်း (ဗိုလ်တထောင်ဘုရားလမ်းမှ ဆူးလေဘုရားလမ်းကြား)ဖျော်ဖြေရေးနှင့် ရေကစားမဏ္ဍပ်သုံးခု၊  ပုဇွန်တောင်လမ်းမကြီး အထက်၊  အောက် (ဗန္ဓုလတံတားမှ ကြက်ဘဲဈေးကြား) ဖျော်ဖြေရေးမဏ္ဍပ်နှစ်ခု၊      ဖျော်ဖြေရေးနှင့် ရေကစားမဏ္ဍပ် လေးခု၊  သံသုမာလမ်း (ကြက်ဘဲဈေးမှ ဝေဇယ္တာလမ်းကြား) ဖျော်ဖြေရေးနှင့် ရေကစားမဏ္ဍပ် တစ်ခု၊ ကြည့်မြင်တိုင် ကမ်းနားလမ်း(ပြည်လမ်းမှ  ကမ်းနားလမ်းကြား) ဖျော်ဖြေရေး   မဏ္ဍပ်  ၁ဝ ခု   စုစုပေါင်းဖျော်ဖြေရေးမဏ္ဍပ်  ၃၅ ခုနှင့်   ဖျော်ဖြေရေးနှင့် ရေကစားမဏ္ဍပ် ၆ဝ ခုတို့ကို ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရေကစားမဏ္ဍပ် ဆောက်လုပ်ခွင့်မပြုသောလမ်းများမှာ  ကမ္ဘာအေးဘုရား         လမ်း၊  ကန်တော်ကြီးပတ်လမ်း၊ တက္ကသိုလ်ရိပ်သာလမ်း(ကမ္ဘာအေးဘုရားလမ်းနှင့် အင်းလျားလမ်းကြား)တို့ဖြစ်ကြောင်း သိရသည်။  ယခုနှစ် မဏ္ဍပ်ဆောက်လုပ်ခွင့် ရရှိသူများအနေဖြင့်   မဏ္ဍပ်ကြီး ဆောက်လုပ်ပါက ပေ ၁၅ဝ ၊ အကျယ် ပေ ၄ဝ၊ အမြင့်ပေ ၂ဝ ဆောက်လုပ်ခွင့်ရှိပြီး  အာမခံစပေါ်ငွေ ကျပ်သိန်း ၂ဝဝ တင်ရမည်ဖြစ်ပြီး  မဏ္ဍပ်အလတ်ဆောက်လုပ်ပါက  အလျားပေ  ၅ဝ မှ  ၁၁ဝ၊ အကျယ်ပေ ၃ဝ အမြင့်ပေ ၁၈ ပေအထိ ဆောက်လုပ်ခွင့်ရှိကာ  အာမခံစပေါ်ငွေ ကျပ်သိန်း ၁ဝဝ တင်ရမည် ဖြစ်သည်။ မဏ္ဍပ်များကို မီးပွိုင့်လမ်းဆုံမှ ပေ ၃ဝဝ အကွာတွင် ဆောက်လုပ်ရမည် ဖြစ်ပြီး မဏ္ဍပ် တစ်ခုနှင့် တစ်ခု ပေ ၂ဝဝ အကွာတွင် ဆောက်လုပ်ရမည်ဖြစ်ကာ စုစုပေါင်း စည်းကမ်းချက် ၄၅ ချက် ထုတ်ပြန်ထားကြောင်း သိရသည်။
အဆိုပါမဏ္ဍပ်များ လျှောက်ထားလိုပါက သက်ဆိုင်ရာ ခရိုင်  မြို့နယ်အထွေ        ထွေအုပ်ချုပ်ရေးဦးစီးဌာနတို့၏  စိစစ်ထောက်ခံချက်များနှင့်အတူ  ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ   အင်ဂျင်နီယာဌာန  (လမ်းနှင့်တံတား)တို့တွင် လျှောက် ထား၍  မဏ္ဍပ်နေရာချထားရေးနှင့်ကြံ့ခိုင်မှု ဆောင်ရွက်ရမည်ဖြစ်ပြီး  သတ်မှတ် စည်းကမ်းချက်များနှင့်အညီ စိစစ်ခွင့်ပြုနိုင်ရေးအတွက် မတ် ၂၅ ရက် နောက်ဆုံးထား   ၍ လျှောက်ထားဆောင်ရွက်သွားရမည်ဖြစ်ရာ မဏ္ဍပ်လျှောက်လွှာပုံစံများကို ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ  အင်ဂျင်နီယာဌာန(လမ်းနှင့် တံတား)တွင် အခမဲ့ရယူနိုင်ကြောင်းနှင့်  သတ်မှတ်ရက်ထက်   နောက်ကျလျှောက်ထားသော လျှောက်လွှာများကို လက်ခံစဉ်းစားပေးမည်မဟုတ်ကြောင်း သိရသည်။
တင်စိုး(မြန်မာ့အလင်း)

No comments:

Post a Comment