Latest News

Thursday, March 15, 2018

လောင်းကစားဒိုင်တွေကို အရေးယူဖို့ အစိုးရကို လွတ်တော်မှာတိုက်တွန်း

လောင်းကစားဒိုင်တွေကို အရေးယူဖို့ အစိုးရကို လွတ်တော်မှာတိုက်တွန်း

ဧရာဝတီတိုင်းဒေသကြီး အတွင်းက လောင်းကစား ၀ိုင်းများနှင့် ဒိုင်များကို ဥပဒေအရ တားဆီးပိတ်ပင်အရေးယူနိုင်ရန်  တိုက်တွန်းကြောင်း အဆိုတစ်ရပ်ကို မတ်လ(၁၅)ရက်နေ့  ပြုလုပ်သော လွတ်တော်တွင်  တင်သွင်းလိုက်သည်။

ဧရာဝတီတိုင်းဒေသကြီးတွင် ချဲ ထီ ဂျင် ခြောက်ကောင် တစ်လုံး နှစ်လုံး သုံးလုံးနှင့် လောင်းကစားများသည် ပြန်လည်ဦးမော့ လာနေသည် ဟု ဆို အဆိုရှင် ရေကြည်မဲ ဆန္ဒနယ်က ဦးမျိုး ညွန့် ကပြောသည်။

လောင်းကစားမှုများကို အခြေခံ ပြီး ရပ်ရွာအတွင်းခိုးဆိုး လု ယက်မှုများကိုပါ ဖြစ်ပေါ်လာနိုင်ပြီး ပြန်လည်ဖြေရှင်းရေး အစီအစဉ်များတွင် ဌာနဆိင်ရာဝန်ထမ်းအင်အားမလုံးလောက်ခြင်းကို အကြောင်းပြုပြီး ပြည်သူတွေ နှစ်သိမ့် ခံနေရကြောင်း လည်း ဦးမျိုးညွန့် က ထည့် သွင်းဆွေးနွေးခဲ့ သည်။

အဆိုကို သက်ဆိုင်ရာ လုံခြုံရေးနင့်နယ်စပ်ရေးရာဝန်ကြီးကလည်း ဆွေးနွေးရန် သဘောတူညီပြီးး အခြားကိုယ်စားလှယ်များကလည်းဆွေးနွေးရန် လွတ်တော်တွင် သဘောတညီခဲ့ သည်။

မတ်လ (၁၄)ရက်နေ့ ကပြုလုပ်သော လွတ်တော်တွင်လည်း လေးမျက်နှာ မဲဆန္ဒနယ်က တိုင်းဒေသကြီးလွတ်တော် ကိုယ်စားလှယ် ဦးစိုးခိုင်ကတိုင်း အတွင်းလောင်းကစားမှုများမြင့်တက်လာမှုကို စံမံချက်ထားဆောင်ရွက်ရန်ရှိမရှိနှင့် တိုင်းအတွင်းဖြစ်ပွါးခဲ့ သောလောင်းကစားမှုများနှင့်ဖမ်းဆီးရရှိမှုကိုဖြေဆိုပေးရန် လွတ်တော်တွင်းမေးမြန်းခဲ့ သေးသည်။

လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာနက ထုတ်ပြန်လာသော စာရင်းများအရ ဧရာဝတီတိုင်းတွင် လောင်းကစားမှုများ မှာ မြင့်တက်လာနေသည်။

ဇွဲထက်ဥာဏ်

No comments:

Post a Comment