Latest News

Thursday, March 15, 2018

အက်ဒ်နာဆိုတဲ့ ခွေးမလေးရဲ့ သနားစဖွယ်အဖြစ်အပျက်လေး

အက်ဒ်နာဆိုတဲ့ ခွေးမလေးရဲ့ သနားစဖွယ်အဖြစ်အပျက်လေးပါ။
ဒီခွေးမလေးကို မွေးဖို့ယူလာခဲ့တော့ လမ်းမလျှောက်နိုင်ပါဘူး။
တည့်တည်မတ်မတ်မလျှောက်နိုင်ပဲ တ၀ဲဝဲတလည်လည်ဖြစ်နေတာပါ။
ဒီလိုရောဂါမျိုးအရင်ကမမြင်ဖူးခဲ့ဖူးလို့ဆိုပါတယ်။
သူ့သခင်က ခွေးမလေးအတွက် လမ်းလျှောက်နိုင်ရအောင်
အကူပစ္စည်းတွေတပ်ပြီး ကျင့်ပေးပါတယ်။
နောက်တော့ သူ့အတွက်အဖော်ခွေးမလေးတစ်ကောင်နဲ့အတူ
ကစားပြီး လမ်းလျှောက်ဖို့ကျင့်ပါတယ်။
အက်ဒ်နာက လမ်းလျှောက်တတ်ဖို့အတွက် တော်တော်ခက်ခက်ခဲခဲကို
ကြိုးစားရပါတယ်။
နောက်ဆုံးတော့ ခွေးမလေးရဲ့ မလျှော့တဲ့ကြိုးစားမှုနဲ့
သူသခင်ရဲ့ ဂရုစိုက်မှုတို့ကြောင့် မယုံနိုင်စရာ လမ်းလျှောက်နိုင်
လာခဲ့ပါတယ်။
လမ်းအများကြီးမလျှောက်နိုင်သေးပေမယ့်အရင်လိုလည်မနေတော့ပဲ
သူသွားလိုရာကို တော်တော်လေး ရောက်အောင်တည့်တည့်လျှောက်နိုင်လာပါတယ်။
သူ့သခင်အတွက်တော့ ဒီလိုလျှောက်လာနိုင်တာကို
တော်တော်ဝမ်းသာသွားခဲ့ရပါတယ်။
ကြိုစားရင်နောက်ဆုံးမှာ ဘယ်အရာမဆိုဖြစ်လာနိုင်တယ်ဆိုတာ
ခွေးမလေးအက်ဒ်နာက အကောင်းဆုံးသက်သေပြသွားခဲ့တာပါပဲ။
SZ(Time Ayeyar)


 

No comments:

Post a Comment