ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားနိုင်ခြင်းမရှိ သော်လည်း စိတ်ပိုင်းဆိုင်ရာ ထူးချွန် ထက်မြက်တဲ့ပါရမီရှင်၊ က္ဘာ့အကျော် ကြားဆုံး ဗြိတိသျှရူပဗေဒပညာရှင် စတီဖင်ဟော့ကင်းဟာ သူလေ့လာခဲ့တဲ့ စကြဝဠာအယူအဆတွေနဲ့ သူချစ်တဲ့ က္ဘာကြီးကို ထားရစ်ခဲ့ပြီး အေးချမ်းစွာ အနားယူသွားပါပြီ။ တိုက်တိုက် ဆိုင်ဆိုင်ပါပဲ သူသေဆုံးသွားကြောင်း ကြေညာတဲ့ရက်ဟာ အဲဘတ်အိုင်း စတိုင်းမွေးဖွားခဲ့တဲ့ (၁၃၉) နှစ်မြောက် နှစ်ပတ်လည်နေ့လည်းဖြစ်ပါတယ်။ စတီဖင်ဟော့ကင်းဟာ လျှမ်းလျှမ်း တောက်ကျော်ကြားတဲ့ သိပံ္ပပညာရှင်တစ် ယောက် ဖြစ်ခဲ့သော်လည်း သေဆုံးခြင်း နိယာမတရားကိုတော့ မတွန်းလှန်နိုင်ခဲ့ ပါဘူး။ လူတိုင်းသွားရမယ့်လမ်းကို သူသွားခဲ့တာပဲ။ ဒါပေမယ့် လူတိုင်းနဲ့ တော့ မတူခဲ့ပါဘူး။
စတီဖင်ဟော့ကင်းကို ၁၉၄၂ခုနှစ် ဇန်နဝါရီ ၈ ရက်မှာ အင်္ဂလန်နိုင်ငံ အောက်စ်ဖို့ဒ်မှာ မွေးဖွားခဲ့ပါတယ်။ သူဟာ ပါရဂူဘွဲ့အတွက် ကိန်းဘရစ်ကို မပြောင်းခင် ၁၉၅၉ခုနှစ်မှာ အောက်စ် ဖို့ဒ် တက္ကသိုလ်မှာ သဘာဝသိပံ္ပပညာကို လေ့လာခဲ့ပါတယ်။ ၁၉၆၃ခုနှစ် သူ့ အသက် ၂၁ နှစ်အရွယ်မှာ မော်တာ နျူရုန်း(motor neurone) ရောဂါ ဖြစ်ပွားခဲ့ပြီး အသက်နှစ်နှစ်သာ ရှင်မယ်လို့ ပြောကြားခံခဲ့ရသူပါ။
၁၉၇၄ ခုနှစ်မှာ စကြာဝဠာ တွင်းနက်ကြီး (Black Hole) သို့မဟုတ် ဟော့ကင်းရေဒီယေးရှင်း ဆိုတဲ့ သီအိုရီကို ထုတ်နိုင်ခဲ့ပါတယ်။ ၁၉၇၉ ခုနှစ်မှာ ကိန်းဘရစ် တက္ကသိုလ် သင်္ချာပညာရပ်၌ လုကာရှန်ပရော် ဖက်ဆာဖြစ်လာခဲ့ပါတယ်။ အဲဒီလိုမျိုး ဘွဲ့ထူး ဂုဏ်ထူးမျိုးကို တစ်ချိန်က အိုင်ဆက်နယူတန်သာ ရခဲ့တာပါ။ ၁၉၈၈ ခုနှစ်မှာ သူရဲ့ A Brief History of Time စာအုပ်ဟာ စံချိန်တင်ရောင်းချခဲ့ရပြီး က္ဘာ့ရောင်း အားအကောင်းဆုံးစာအုပ်ဖြစ်ကာ အုပ်ရေ ၁ဝ သန်းကျော်ရောင်းချခဲ့ရပါ တယ်။ ၁၉၉ဝ ပြည့်လွန်နှစ်များမှာ သူဟာ ဆာဘွဲ့ရသူကောင်းပြုခြင်းခံ ခဲ့ရပါတယ်။
နာမည်ကျော်ရူပဗေဒပညာရှင် စတီဖင်ဟော့ကင်း ကွယ်လွန်သွား တဲ့အချိန်မှာ အသက် ၇၆ နှစ်ရှိပြီး နေအိမ်မှာပဲ အေးချမ်းတိတ်ဆိတ်စွာ ကွယ်လွန်ခဲ့တယ်လို့ မိသားစုပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက မတ် ၁၄ ရက်ကပြော ခဲ့ပါတယ်။ စတီဖင်ဟော့ကင်းဟာ ယခုခေတ်ကာလပိုင်းရဲ့ အကျော်ကြား ဆုံးသော ရူပဗေဒပညာရှင်တစ်ဦး ဖြစ်ပြီး နိုင်ငံတကာမှာ ဂုဏ်သတင်း ကြီးမားသူတစ်ဦး ဖြစ်ပါတယ်။ စတီဖင် ဟော့ကင်းဟာ ကိန်းဘရစ် တက္ကသိုလ်ရဲ့ ထင်ရှားတဲ့ ရူပဗေဒပညာရှင် တစ်ဦး လည်းဖြစ်ပြီး အိုင်းစတိုင်းနောက်ပိုင်း အထူးချွန်ဆုံးသော ရူပဗေဒပညာရှင် အဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါတယ်။
စတီဖင်ဟော့ကင်းဟာ စကြဝဠာ ဗေဒနဲ့ တွင်းနက်ကြီးတွေကို လေ့လာ လျက်ရှိပြီး နှိုင်းယှဉ်နိယာမရဲ့ ထူးခြား ဆန်းပြားတဲ့ သတ်မှတ်ချက်နဲ့ တွင်းနက်ကြီး ဧရိယာနှင့်ပတ်သက်တဲ့ အယူဆတွေကို သက်သေပြနိုင်ခဲ့ပါတယ်။ ပြီးတော့လည်း တွင်းနက်တွေထဲက ဘယ်လိုလုပ်ပြီး ရောင်ခြည်ဖြာထွက် သလဲဆိုတဲ့အပေါ် ရှင်းလင်းပြနိုင်ခဲ့ပါ တယ်။
အရွယ်ကောင်းတုန်း အသက်၂၁မှာ မော်တာနျူရုန်းရောဂါရရှိခဲ့သော်လည်း သူဟာ ဘဝကို အလျှော့မပေးဘဲ ကြီးမြတ် တဲ့ သိပံ္ပပညာရှင်တစ်ယောက်ဖြစ် အောင် ကြိုးစားခဲ့ပါတယ်။ သူ့ရဲ့ အနိုင်မခံ အလျှော့မပေး၊ လှေခွက်ချည်းကျန် အလံ မလဲတဲ့ စိတ်ဓာတ်တွေဟာ အတုယူဖွယ်၊ လေးစားအားကျဖွယ်ကောင်းလှပါတယ်။ သူလိုကိုယ်လိုဆိုပါက အခုလို ကြီးမြတ်တဲ့ သိပံ္ပပညာရှင်တစ်ယောက်ဖြစ်ဖို့ ဝေးစွ။ အသက်တောင်ရှင်ချင်မှာ မဟုတ်ပါဘူး။ သို့သော် သူက သူလိုကိုယ်လိုမဟုတ်။ တစ်ခေတ်မှာ တစ်ယောက်ဆိုသလို သူလေ့လာခဲ့တဲ့ ပညာရပ်အပေါ်ဝါယမ စိုက်ထုတ်ကာ မလျှော့သောဇွဲဖြင့် စိုက် လိုက်မတ်တတ် ဆောင်ရွက်ခဲ့ပါတယ်။ ဒါကြောင့်သူ့ကို ယနေ့က္ဘာကြီးမှာ ကြီးမြတ်တဲ့ သိပံ္ပပညာရှင်ကြီးရယ်လို့ ကင်ပွန်းတပ်ခဲ့တာပဲဖြစ်ပါတယ်။
ဦးနှောက်နဲ့ အာရုံကြောတွေ တဖြည်းဖြည်းသေဆုံးပြီး လူ့ခန္ဓာကိုယ်က လှုပ်လို့မရဖြစ်ကာ နောက်ဆုံးမှာ ဘယ်လို မှ မတတ်နိုင်တဲ့အဆုံး သူ့ရဲ့ ဦးနှောက်က ဂဏန်းတွက်ချက်မှုတွေ၊ သီဝရီတွေ အများအပြား လုပ်ရပါတယ်။ သူဟာ ထူးချွန်တဲ့ သိပံ္ပပညာရှင်တစ်ယောက်ဖြစ် အောင် ကြိုးစားခဲ့ရုံမက ပါရဂူကျောင်း သားပေါင်း ၃၉ ယောက်လောက် လည်း ပြုစုပျိုးထောင်ပေးခဲ့ပါသေးတယ်။ တကယ်တော့ ဒီလိုတွေဖြစ်အောင်လုပ်ဖို့ ဆိုတာ မလွယ်ကူပါဘူး။ သူဟာ သံမဏိ စိတ်ဓာတ်နဲ့ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ စိတ်သာရှင်စော ဘုရားဟောဆိုတဲ့ အတိုင်း စိတ်ကလောကကို အစိုးရပါ တယ်။ ဒီလိုကောင်းတဲ့ စိတ်လေးနဲ့ပဲ သူဟာ လောကကို အလှဆင်ခဲ့တာပါ။
ထို့အပြင် စတီဖင်ဟော့ကင်းဟာ လူတွေနဲ့လည်း အထိအတွေ့အဆက် အဆံတွေလုပ်ခဲ့ပါသေးတယ်ဆိုရင် ယုံမှာ တောင် မဟုတ်ပါဘူး။ လူတွေနဲ့ သူဘယ် လိုထိတွေ့ဆက်ဆံမှုတွေလုပ်ခဲ့တာလဲ။ တီဗွီအစီအစဉ်တွေ၊ ရုပ်ရှင်တွေမှာတောင် သူပါဝင်ခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။ ဥပမာ -Star Trek eJY The Next Generation မှာတောင် သူ့အနေနဲ့ ပါလိုက်ပါသေးတယ်။ အာကာသမှာရှိတဲ့ အမှတ်တစ်ခုကို တိုင်းတာဖို့အတွက် မျက်စိနဲ့စဉ်းစားကြည့်ရုံနဲ့ မရနိုင်တဲ့ အခြေအနေတွေမှာ ဟော့ကင်းရေဒီ ယေးရှင်းနိယာမတွေသုံးပြီး ရှာနိုင်အောင် သူက တီထွင်ပေးနိုင်ခဲ့ပါတယ်။ သူ့ရဲ့ တွေ့ရှိချက်တွေကြောင့် ယနေ့က္ဘာ့ လူသားတွေဟာ စကြဝဠာကြီး အကြောင်း၊ တွင်းနက်ကြီးအကြောင်းကို ပိုမိုသိခဲ့ရပါတယ်။ ဒါ့အပြင် ဒီနေ့လူတွေ ဟာ စကြဝဠာကြီးအကြောင်းကို သူ့ရဲ့ နိယာမတွေအကူအညီနဲ့ ပိုပြီးပြည့်စုံ အောင် လုပ်ဆောင်နိုင်တော့မှာပဲ ဖြစ်ပါ တယ်။ သူ့ဖခင်သေဆုံးခဲ့ရတဲ့အပေါ် ပရောဖက်ဆာဟော့ကင်းရဲ့ ကလေးတွေ ဖြစ်တဲ့ လူစီ၊ ရောဘတ်နဲ့တင်မ် တို့က အဖေကွယ်လွန်သွားတဲ့အတွက် ဖြေမဆည်နိုင်အောင် ဖြစ်ရပါတယ်လို့ ပြောခဲ့ပါတယ်။ ဘီးတပ်ကုလားထိုင်ပေါ်မှာ သူ့ရဲ့ သက်တမ်းအတော်များများကို ကုန်ဆုံးခဲ့တဲ့ ဟော့ကင်းဟာ အသံထွက် စေတဲ့ ကိရိယာ အကူအညီမပါဘဲ စကား လည်းမပြောနိုင်တော့ပါဘူး။ လေဖြတ် ထားသလို ဖြစ်နေပြီး ခန္ဓာကိုယ်လှုပ်လို့ မရတဲ့သူရဲ့ ဦးနှောက်ကတော့ အံ့မခန်း ပါပဲ။ သူ့ရဲ့ သတ္တိနဲ့ ရှင်သန်နိုင်စွမ်း၊ ဟာသ ဓာတ်ခံနဲ့ ဦးနှောက်ရဲ့ လုပ်ဆောင်နိုင်စွမ်း ကတော့ တစ်က္ဘာလုံးမှာရှိတဲ့ လူတွေ လေးစားအားကျ အတုယူရလောက် အောင် စံတင် နိုင်လွန်းသူဖြစ်ပါတယ်လို့ သူ့ရဲ့ မိသားစုက ပြောခဲ့ပါတယ်။
ချစ်ရတဲ့သူမရှိရင် စကြဝဠာကြီးလို့ မခေါ်ချင်ဘူး၊ သူ့ကို အမြဲလွမ်းနေရမှာပါလို့ တစ်ချိန်က ဟော့ကင်းကပြောခဲ့ပါတယ်။ ခေတ်သစ်သိပံ္ပရဲ့ ဖခင်လို့တင်စားခဲ့တဲ့ ဂယ်လီလီယို သေဆုံးပြီး နှစ်ပေါင်း ၃ဝဝ ကြာပြီးနောက်မှာ စတီဖင် ဝီလီယံဟော့ ကင်းကို သိပံ္ပပညာရဲ့ကြီး မြတ်တဲ့တိုင် တန်လို့တောင် တင်စားခေါ်ဝေါ်ကြပါ တယ်။
သူ့ရဲ့ ရည်ရွယ်ချက်ကတော့ ရှင်းရှင်း လေးပါပဲ။ အဲဒါကတော့ စကြဝဠာကြီးကို ပြီးပြည့်စုံအောင် နားလည်ဖို့ပဲဖြစ်ပါတယ်။ စကြဝဠာကြီး ဘယ်လိုစလဲ။ ဘာတွေ ဖြစ်သလဲ။ ဘာကြောင့်ဒါတွေဖြစ်သလဲ။ ဘာတွေရှိသလဲဆိုတာကိုနားလည်ဖို့ပဲ ဖြစ်ပါတယ်လို့ သူက ပြောခဲ့ဖူးပါတယ်။ သီအိုရီပညာရှင်တစ်ယောက်ဖြစ်တဲ့ ဟော့ကင်းဟာ များသောအားဖြင့် ထိုင်ပြီး ဦးနှောက်နဲ့ ဂဏန်းတွေ တွက်ချက်နေရတာဖြစ်ပြီး တစ်ချိန်လုံး စဉ်းစားနေရကာ လူများတွေလုပ်တဲ့ သီဝရီကမှန်သလား မှားသလားဆိုတာကို ဆန်းစစ်နေရတာပါလို့ Southern Mississippi တက္ကသိုလ်က မြန်မာ ရူပဗေဒပညာရှင် ဒေါက်တာခင်မောင် မောင်က ပြောခဲ့ပါတယ်။ ထို့အပြင် သူ့ရဲ့ အဓိကရှာဖွေ တွေ့ရှိမှုကတော့ ကွမ်တမ်သီအိုရီနဲ့ စကြဝဠာကြီးနဲ့ အချိန်တွေရဲ့ သဘော သဘာဝတွေပဲ ဖြစ်ပါတယ်။ အခုလိုမျိုး ခေတ်သစ် က္ဘာကျော် သိပံ္ပပညာရှင်တစ်ယောက် လူ့လောကအတွင်းက ထွက်ခွာသွား ခဲ့တဲ့အပေါ် ရူပနက္ခတ္တဗေဒပညာရှင် နေးလ်ဒီဂရာဆီတိုင်ဆန်က ဝမ်းနည်း ကြောင်း လူမှုကွန်ရက်စာမျက်နှာဖြစ်တဲ့ တွစ်တာမှာ ဖော်ပြခဲ့ပါတယ်။ ကိန်း ဘရစ်တက္ကသိုလ်မှ ဒုတိယအဓိပတိ ဥသျှောင်စတီဗင်တိုပီက သူ့ကိုကိန်း ဘရစ်ခ်ျသာမက က္ဘာတစ်ဝန်းလုံးက သတိရနေမှာပါလို့ ပြောခဲ့ပါတယ်။ သူ့ရဲ့ ကွယ်လွန်မှုအပေါ် သိပံ္ပနယ်ပယ်က သာမက နာမည်ကြီး ရုပ်ရှင်၊ ဂီတ အသိုင်းအဝိုင်းကပါ ဝမ်းနည်းခဲ့ကြတာ ဖြစ်ပါတယ်။ အမေရိကန်နာမည်ကြီး အဆိုတော် ကေတီပယ်ရီက ကျွန်မရဲ့ နှလုံးသားထဲက စကြဝဠာတွင်းနက် ကြီး ဖြစ်ပါတယ်လို့ ပြောခဲ့ပါတယ်။ အိန္ဒိယဝန်ကြီးချုပ်နာရန်ဒရာ မိုဒီက ဟော့ကင်းဟာ က္ဘာကြီးကို ပိုကောင်း တဲ့နေရာတစ်ခု ဖြစ်အောင် လုပ်ဆောင် နေတာပါလို့ ပြောခဲ့ပါတယ်။ ဗြိတိသျှ ဝန်ကြီးချုပ် ထရီဆာမေကလည်း ဟော့ကင်းဟာ ဘယ်တော့မှ မေ့မရတဲ့ အမွေအနှစ်ဖြစ်ပါတယ်လို့ ပြောခဲ့ပါ တယ်။
သူ့ရဲ့ ကွယ်လွန်မှုဟာ လူသားထု ကြီးတစ်ခုလုံးအတွက်သာမက က္ဘာ လောကကြီးတစ်ခုလုံးအတွက် ဆုံးရှုံး နစ်နာမှုကြီးတစ်ခု ဖြစ်ခဲ့ပါတယ်။ သို့သော်လည်း သူ့ရဲ့ရှာဖွေတွေ့ရှိမှုတွေ ကတော့ သူသေဆုံးခဲ့ပေမယ့် က္ဘာ လောကကြီး တစ်ခုလုံးအတွက် အကျိုး ပြုခဲ့တယ်ဆိုတာ ဘယ်လိုမှ မငြင်းနိုင် ပါဘူး။ တင်လင်းအောင်
No comments:
Post a Comment