Latest News

Saturday, March 17, 2018

ဖလော်ရီဒါ နိုင်ငံတကာတက္ကသိုလ်အနီးရှိ ဆောက်လုပ်နေဆဲ လူကူးတံတားတစ်စင်း ပြိုကျခဲ့ရာ လူ လေးဦးထက်မနည်းသေဆုံး

ဖလော်ရီဒါ နိုင်ငံတကာတက္ကသိုလ်အနီးရှိ ဆောက်လုပ်နေဆဲ
လူကူးတံတားတစ်စင်း ပြိုကျခဲ့ရာ လူ လေးဦးထက်မနည်းသေဆုံး

ဝါရှင်တန် မတ် ၁၆

အမေရိကန်နိုင်ငံ မိုင်ယာမီမြို့ အနောက် ဘက်ရှိ   ဖလော်ရီဒါ     နိုင်ငံတကာ တက္ကသိုလ်အနီးရှိ  ဆောက်လုပ်နေဆဲ လူကူးတံတားတစ်စင်း မတ် ၁၅ ရက်က ပြိုကျခဲ့ရာ လူလေးဦးထက်မနည်းသေဆုံး ခဲ့ပြီး ကားများပိတ်မိနေကာ ဒဏ်ရာရရှိ သူများလည်းရှိကြောင်း ဆင်ဟွာသတင်း တစ်ရပ်တွင် ဖော်ပြခဲ့သည်။

ဆောက်လုပ်နေဆဲ လူကူးတံတား ပြိုကျမှုကြောင့်  ဒဏ်ရာရခဲ့သူ  ကိုးဦး ရှိခဲ့ရာ ¤င်းတို့ကို နီးစပ်ရာ ဆေးရုံသို့ ပို့ ဆောင်ထားကြောင်း အမေရိကန် ဖလော် ရီဒါပြည်နယ်  မိုင်ယာမီမြို့ ဒါဒဲခရိုင်  မီး သတ်တပ်ဖွဲ့မှ တာဝန်ရှိသူက ပြောကြားခဲ့ သည်။

အဆိုပါ မတော်တဆမှုတွင် ကူညီ ကယ်ဆယ်မှုများကို   အစွမ်းကုန်လုပ် ဆောင်သွားမည်ဖြစ်ပြီး တံတားပြိုကျ သည့် ကိစ္စနှင့်စပ်လျဉ်း၍  စုံစမ်းစစ်ဆေး မှုများ ပြုလုပ်သွားမည်ဖြစ်သည့်အပြင် တာဝန်ရှိသူများကိုလည်း  တရားဥပဒေ အရ   အရေးယူသွားမည်ဖြစ်ကြောင်း   ဖလော်ရီဒါပြည်နယ်  အုပ်ချုပ်ရေးမှူး ရစ်ခ်စကော့တ်က ပြောခဲ့သည်။
အဆိုပါ  လူကူးတံတားကို  လွန်ခဲ့ သည့် ရက်အနည်းငယ်က တည်ဆောက် ခဲ့ခြင်းဖြစ်ပြီး နောက်လာမည့်နှစ်စတွင် အသုံးပြုနိုင်ရေး စီစဉ်ထားကြောင်း သိရ သည်။

အရှည် ၅၃ မီတာနှင့် အလေးချိန်တန် ၉၅ဝ  ရှိသော အဆိုပါ လူကူးတံတားမှာ   ဖလော်ရီဒါ  နိုင်ငံတကာ  တက္ကသိုလ် ကျောင်းဝင်းနှင့် ပြင်ပကို ဆက်သွယ်ထား သည့်  တံတားဖြစ်သည်။

တံတားကို တာဝန်ခံဆောက်လုပ် နေသည့်  ကန်ထရိုက်တာက  အဆိုပါ တံတားပြိုကျမှုနှင့် ပတ်သက်သော စစ် ဆေးမှုများကို    လိုက်နာဆောင်ရွက် သွားမည်ဟုဆိုကြောင်း     ဒေသတွင်း မီဒီယာများ၏  သတင်းများအရ  သိရ သည်။                                      ဆင်ဟွာ

No comments:

Post a Comment