Latest News

Saturday, March 17, 2018

မုဒြာခေါ်သံရဲ့ဖန်တီးရှင်နှင့်တွေ့ဆုံခြင်း

မုဒြာခေါ်သံရဲ့ဖန်တီးရှင်နှင့်တွေ့ဆုံခြင်း

အနုပညာလောကအတွင်း သူ့ကြောင့်ပင် ဝေဖန်မှုများ၊ အပြန်အလှန်ဆွေးနွေးမှုများ၊ ငြင်းခုန်မှုများနှင့် ရေပန်းစားနေသူတစ်ဦး၊ အနုပညာလောကအတွင်း အသစ်သော ဆန်းသစ်မှုများကြောင့် ဥပါယ်တံမျဉ်တစ်ကားနှင့်ပင် ပရိသတ်ကြီးကို ဖမ်းစားနိုင်ခဲ့သူ အမျိုးသမီး ဒါရိုက်တာ ခရစ္စတီးနားခီအား ပရိသတ်ကြီး စိတ်ဝင်စားနေသည့် ဒုတိယမြောက်ခြေလှမ်း မုဒြာရဲ့ခေါ်သံ ရုပ်ရှင် ဇတ်ကားကြီး ပုံဖော်ခဲ့ပုံများကို တွေ့ဆုံမေးမြန်းဖြစ်ခဲ့သည်။ ယင်းဇာတ်ကားသည် ခေါင်းဆောင်မင်းသား ဇဏ်ခီးနှင့် မျက်နှာသစ် မင်းသမီးများဖြစ်သည့် လှယဉ်ကျေး၊ နန်းဝေဝေထွန်းတို့ဖြင့် ရိုက်ကူးထားပြီး ဓာတ်ပုံဒါရိုက်တာအဖြစ် မောင်မောင်သာမြင့်က အားဖြည့်ထားသည်။

မေး ။ မုဒြာရဲ့ခေါ်သံ မွေးဖွားလာမှုကို ပြောပြပါဦး။
ဖြေ ။ အမှန်ကတော့လေ ကျွန်မအသက် ၁၅ နှစ်လောက်ကတည်းက ဖလင်စကူးလ်မှာ ကျောင်းတက်ခဲ့ဖူးတယ်။ အဲဒီကစတာပါ။ ဒီလိုစတိုရီမျိုး အချစ်ဇာတ်လမ်းလေးတစ်ခု ခေါင်းထဲမှာရှိထားခဲ့တယ်။ မြန်မာနိုင်ငံကို ပြန်လာတဲ့အချိန်မှာ သူဌေး ဦးရဲမင်းနဲ့ တွေ့တယ်။ သူတို့ဘက်ကလည်း မြန်မာနိုင်ငံရဲ့ သဘာဝအလှအပ၊ ယဉ်ကျေးမှု၊ အနုပညာတွေနဲ့ ပတ်သက်ပြီး ဇာတ်လမ်းလေးရိုက်ချင်တယ်။ ရိုက်တဲ့အခါမှာလည်း မြန်မာ့အလှအပတွေ၊ Location တွေ Culture တွေကို Documentaryာတ်လမ်းဆန်ဆန် ရိုက်ကူးမယ်ပေါ့။ ကိုယ်ကလည်း နဂိုရိုက်ထားတဲ့ ဇာတ်လမ်းလေးကို ပြလိုက် တာ။ ပြောပြလိုက်တဲ့အချိန်မှာ တကယ်ကို ရိုက်ဖြစ်သွားခဲ့တယ်။
မေး ။ ဒီဇာတ်ကားကို ဘာဖြစ်လို့ မုဒြာရဲ့ခေါ်သံလို့ ပေးထားတာလဲ။
ဖြေ ။ မုဒြာဆိုတာက ကျွန်မတို့ မြတ်စွာဘုရားရဲ့ သ္ဌာန်ကို ထုလုပ်ကြတဲ့နေရာမှာ လက်အနေအထား  ပုံစံတွေအများကြီး  ရှိတယ်လေ။  အဲဒီလိုပဲ  မြန်မာ့ အကမှာလည်း  လက်ဟန်လေးတွေအများကြီးရှိတယ်။ ဟိန္ဒူဘာသာမှာ လည်းရှိတယ်။ ကျွန်မတို့နိုင်ငံနဲ့ အနီးစပ်ဆုံး လက်ဟန်လေးက ပြောရမယ် ဆိုရင်   တိုင်းပြည်ကို  တင်စားလိုက်တာပါ။   မုဒြာခေါ်သံဆိုတာကတော့ တိုင်းပြည်က ပြန်ခေါ်နေတဲ့အသံလို့ ပြောရမှာပဲ။

မေး ။ မုဒြာရဲ့ခေါ်သံက  ရိုက်ထားတာ  လေးနှစ်လောက်ရှိပြီဆိုတော့  အခုချိန်မှာ ပြသခွင့်ရတာ ဒါရိုက်တာအနေနဲ့ ဘယ်လိုသဘောရလဲ။
ဖြေ ။ ရုပ်ရှင်ကားတိုင်းကိုတော့ ကျေနပ်မှု ၁ဝဝ ရာခိုင်နှုန်း မရရှိသေးပါဘူး။ ဒါပေ မယ့်လည်း ရိုက်ကူးတဲ့ အချိန်မှာတော့ အကောင်းဆုံး အစွမ်းကုန်ကြိုးစား ခဲ့ပါတယ်။ ပင်ပန်းခဲ့ရတာတွေကတော့ ပြောရင်တောင် မကုန်နိုင်ဘူးလေ။ အခုပြန်ကြည့်တဲ့အချိန်မှာ ပရိသတ်ကို ကြိုက်စေချင်တယ်။ ကြိုက်မယ်လို့ လည်း ထင်ပါတယ်။ သို့သော်လည်း နှစ်လည်း နည်းနည်းကွာတော့ လိုအပ်ချက်လေးတွေ၊ ခေတ်မမီတော့တာလေးတွေ ရှိနေမှာပါ။

မေး ။ အမှတ်ရဆုံး မုဒြာခေါ်သံက အခက်အခဲတွေကို ပြောပြပါလား။
ဖြေ ။ လွန်ခဲ့တဲ့လေးနှစ်ကDrone လည်း ခေတ်မစားသေးဘူးလေ။ လက်လုပ်ပစ္စည်းတွေပေါ့။ တော်တော်လေးလက်ဝင်တယ်။ နောက်တစ်ခုက ဘတ်ဂျက်ကလည်း လုံးဝမလုံလောက်ဘူး။ လိုအပ်တဲ့ စက်ပစ္စည်းတော်တော်များများက အခက်အခဲ ဖြစ်ပါတယ်။ မီးတွေဘာတွေလည်း လိုအပ်သလောက် မရဘူး။ ရုပ်ရှင်ကင်မရာဆိုလည်း ဈေးအပေါစားသုံးခဲ့ရတာ။ ဘတ်ဂျက်အားနည်းတဲ့အတွက်  ဖြစ်ချင်သလောက် ဖြစ်ခွင့်မရခဲ့တာတွေရှိတယ်။  နောက်တစ်ခုက  ရိုက်နေရင်းနဲ့ ရိုက်ကူး ရေးက သုံးလလောက်ကို လုံးဝပြတ်တောက်သွားခဲ့ရတယ်။ သုံးလလောက်နားပြီးမှ သရုပ်ဆောင်တွေကို ပြန်ပြီးစုစည်းရ တယ်။ သရုပ်ဆောင်တွေ ပြန်ပြီးစုပြီးတဲ့အချိန်ကျတော့ မိုးတွင်းရောက်သွားပြန်တယ်။ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ အပြည့်နဲ့ ဒီဇာတ်ကားလေးကို ရိုက်ကူးခဲ့တာပါ။ ထုတ်လုပ်တဲ့အခါ၊ ပြန်လည်တည်းဖြတ်တဲ့အခါတွေမှာလည်း ငွေကြေး အဆင် မပြေတော့ ကိုယ့်အိမ်လေးထဲမှာပဲ အဆင်ပြေအောင် လုပ်ခဲ့ရတာတွေက မမေ့နိုင်စရာတွေပေါ့။

မေး ။ နိုင်ငံခြားမှာ ပြသခွင့်ရတယ်ဆိုတော့  မြန်မာ့ခရီးသွားကဏ္ဍအတွက် အများကြီးအထောက်အပံ့ဖြစ်လာမယ်လို့ ထင်သလား။
ဖြေ ။ နိုင်ငံတကာilm festival  တွေကတော့ ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီလိုမျိုး Culture  တွေ ပါရုံနဲ့တော့ မရွေးပါဘူး။ သူတို့ အတွက် ထူးခြားတဲ့ ဇာတ်လမ်းတော့ ရှိရမှာပါ။ ဒီဇာတ်က ငြိမ်ငြိမ် လေး သွားတယ်ဆိုပေမယ့်လည်း သူတို့အမြင်မှာတော့ ကျွန်မတို့ရဲ့Culture သူတို့နဲ့ ကွဲပြားတယ်ပေါ့နော်။ အဲလိုဖြစ်မယ်ထင်ပါတယ်။ Culture  နဲ့ ပတ်သက်တာပဲဖြစ်ဖြစ်Tourism ပိုင်းကတော့ လာလည်ချင်စရာ ကောင်းပါတယ်။ ဒါပေမယ့်အမှန်အတိုင်း ပြော ရရင် ကျွန်မတို့ မြန်မာပြည်ကတော့ ကျွန်မရောက်ဖူးတဲ့ နိုင်ငံတွေ ထက်စာရင် ဈေးကြီးတယ်။ ဝန်ဆောင်မှုကလည်း အများကြီးကြိုးစား ရဦးမယ်။ နောက်တစ်ခုက ကျွန်မတို့နိုင်ငံမှာTourism  မြို့တော် ဖြစ်လာဖို့ဆိုရင် အားလုံးလာလည်တဲ့အခါ ပျော်ပျော်လေးနှဲ့နမ-လငခန လေးလည်း ကောင်းပြီးComfortable လည်းဖြစ်ဖို့ လိုတယ် ရှင့်။ ဒါမှသာTourism နဲ့ ပိုက်ဆံရှာလို့ရမှာပါ။

မေး ။ မုဒြာရဲ့ခေါ်သံက ရုံတင်တော့မယ်ပေါ့နော်။ တစ်ဖက်မှာလည်း ပရိသတ်အားပေးတဲ့ကားတွေနဲ့ အပြိုင် ရုံတင်မယ်ဆိုတော့ စိတ်လှုပ် ရှားမှုရော ဖြစ်လား။
ဖြေ ။ အဲဒါကတော့  ဘယ်လိုမှ  မဖြစ်ပါဘူး။  ဘာဖြစ်လို့လဲဆိုတော့  ကျွန်မ  အမေရိကားမှာနေတုန်းက ရုပ်ရှင်ရုံတွေက မျက်နှာချင်းဆိုင်တောင်ရှိတာ။ အဲဒီမှာ ရုပ်ရှင်ကားတွေက  မျက်နှာချင်းဆိုင်ပြီး တစ်ရုံမှာ တစ်ကားပြနေကြတာပဲ။ ပြီးတော့ နိုင်ငံခြားမှာဆိုရင် ဒါရိုက်တာကြီးတွေ ရှိပါတယ်။ သူတို့ကားတွေ ထွက်တိုင်းလည်း တစ်ယောက်နဲ့တစ်ယောက် ပြိုင်ကြတာမှ မဟုတ်တာ။ ရုပ်ရှင်သည် ပြိုင်ဆိုင်စရာ မဟုတ်ဘူးလို့ ကျွန်မသတ်မှတ်ပါတယ်။  အနုပညာဆိုတာ ကိုယ်ခံစားတဲ့ အရာလေးတစ်ခုကို ချပြလိုက်တယ်။ ကိုယ့်ပရိသတ်နဲ့ ကိုယ်ဖြစ်လာကြတယ်။ ကိုဝိုင်းနဲ့ ဖွေးဖွေးကလည်း ပရိသတ်လက်ခံပြီးသား လူတွေဖြစ်လို့  သူတို့ပရိသတ်က  ခိုင်မာမှာပဲ။  ကျွန်မတို့ရဲ့  ဥပါယ်တံမျဉ် ပရိသတ်ကလည်း ပံ့ပိုး ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။     ကိုလင်း

No comments:

Post a Comment