ရေကာတာအဆင့်မြှင့်တင်ရေးကြောင့် နစ်နာသူများအား
မြေယာလျော်ကြေးပေးအပ်
ညောင်တုန်း ဖေဖော်ဝါရီ ၂၈
ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ်တွင် ၂ဝ၁၆- ၂ဝ၁၇ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ပြီးစီးခဲ့သော တာဝ-ပါလှဲ့-ကုက္ကိုလ်ဝတာ တာမိုင် ဝ/ဝ မှ ၅/ဝ အတွင်းနှင့် ဧရာဝတီမြစ် အရှေ့ဘက်ကမ်းတာ တာမိုင် ၇၈/ဝ မှ ၈၂/၃ အတွင်း ဆည်မြောင်းရေကာတာ မြှင့်ခြင်း၊ တာခြေထောက်ခြင်းလုပ်ငန်းများ ဆောင်ရွက် ရာတွင် နစ်နာမှုများရှိခဲ့သော တောင်သူများအတွက် မြေယာလျော်ကြေးငွေ ပေးအပ်ပွဲကို ဖေဖော်ဝါရီ ၂၆ ရက်က ညောင်တုန်းမြို့နယ် ဆားမလောက်ကျေးရွာရှိ ပန်းလှိုင်ရေထိန်းတံခါး ရှင်းလင်းဆောင်ခန်းမ၌ ကျင်းပ ခဲ့သည်။
မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသွင်ကိုကိုမင်းနှင့် အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆန်းတို့က အမှာစကားပြောကြားပြီး ဆည် မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီး အရာရှိ ဦးကျော်စိုးခိုင်က လျော်ကြေးငွေကိစ္စနှင့် ပတ် သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ပါလှဲ့ကျေးရွာအုပ်စု၊ စွန်တနီးကျေးရွာ အုပ်စုနှင့် အလယ်ချောင်းကျေးရွာအုပ်စုအတွင်းမှ တောင်သူ ၃၈ ဦး၏ လယ်မြေ ၂၈ ဒသမ ၃၁၃၆ ဧက အတွက် တစ်ဧကလျှင် ငွေကျပ် ၂၅ သိန်းနှုန်းဖြင့် စုစုပေါင်း လျော်ကြေးငွေကျပ် ၇ဝ၇ သိန်းကျော်ကို တိုင်းဒေသကြီးအစိုးရ၏ ခွင့်ပြုရန်ပုံငွေမှ ပေးအပ်ခဲ့ သည်။ အဆိုပါ လျော်ကြေးငွေများကို တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆန်း၊ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးသွင်ကိုကိုမင်း၊ မြို့နယ်ဆည်မြောင်းနှင့် ရေ အသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော် စိုးခိုင်တို့က တောင်သူတစ်ဦးချင်းထံ ပေးအပ်ခဲ့ကာ လျော်ကြေးငွေ လက်ခံရရှိသော တောင်သူများကိုယ်စား စွန်တနီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအေးမင်းထွန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်းသိရ သည်။ မြို့နယ်(ပြန်/ဆက်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment