Latest News

Thursday, March 22, 2018

ဘားအံမြို့နယ်တွင် အရက်သေစာသောက်စားပြီး ဓါးကိုင်ဆောင် ရမ်းကားသူက ဈေးဆိုင်အား မီးရှို့

ဘားအံမြို့နယ်တွင် အရက်သေစာသောက်စားပြီး ဓါးကိုင်ဆောင် ရမ်းကားသူက ဈေးဆိုင်အား မီးရှို့

ဘားအံ မတ် ၂၂

ကရင်ပြည်နယ်၊ဘားအံမြို့နယ်၊ အိန္ဒုကျေးရွာအုပ်စု၊အောင်ရတနာရပ်ကွက်တွင်  မတ်လ ၂၁ ရက်နေ့ညနေပိုင်းက အရက်သေစာသောက်စားမူးယစ်ပြီး ဓါးကိုင်ဆောင်ရမ်းကားသူတစ်ဦးက ဈေးဆိုင်အား မီးနှင့်ရှို့ခဲ့သဖြင့် ဈေးဆိုင်တဲနှင့်အတူ ဆိုင်အတွင်း ရပ်တန့်ထားသော ဆိုင်ကယ်တစ်စီး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သတင်းရရှိသည်။

မတ်လ ၂၁ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့် အိန္ဒုကျေးရွာအုပ်စု၊ အောင်ရတနာရပ်ကွက်နေ ကျော်သက်အောင်၊ ၂၄နှစ်သည် အရက်သေစာသောက်စားမူးယစ်ပြီး ဓါးကိုင်ဆောင်ရမ်းကားကာ မိခင်ဖြစ်သူ ဒေါ်ခင်ဝင်း၏ နေအိမ်ရှေ့ရှိ အလျား(၁၀)ပေ၊ အနံ(၈)ပေခန့်ရှိ တိုင်ထောင်၊ ဖက်မိုး၊ဖက်ကာ ဈေးဆိုင်အား မီးနှင့်ရှို့ခဲ့သဖြင့် ဈေးဆိုင်အပါအ၀င် ဈေးဆိုင်အတွင်း ရပ်ထားသော ၂ယ/----နံပါတ်တပ်၊ ဟွန်ဒါဝေ့ဖ် အမျိုးအစား၊ အပြာ ရောင်ဆိုင်ကယ်တစ်စီးပါ မီးလောင်ကျွမ်းသွားခဲ့ခြင်းဖြစ်သည်။

မီးလောင်သည့်နေရာသို့ မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ ရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာပြည်သူများ ၀ိုင်းဝန်း ငြိမ်းသတ်ခဲ့သဖြင့် ညနေ ၄ နာရီခွဲအချိန် မီးငြိမ်းသတ်နိုင်ခဲ့ကာ ပတ်ဝန်းကျင်သို့ ကူးစပ်လောင်ကျွမ်းခြင်းနှင့် လူထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း မရှိကြောင်း သိရသည်။
ထို့ကြောင့်အရက်သေစာသောက်စားမူးယစ်ပြီး ဓါးကိုင်ဆောင်ကာ ဈေးဆိုင်အား မီးဖြင့်ရှို့သူ ကျော်သက်အောင်အား မီးရှို့မှုအပါအ၀င် ဓါးကိုင်ဆောင်မှုဖြင့်ပါ အမှုဖွင့်အရေးယူထားကြောင်း သတင်း ရရှိသည်။

မင်းသူ/ထွန်းထွန်းထွေး(ဘားအံ)

No comments:

Post a Comment