ရန်ကုန်မြို့တော် မဟာသင်္ကြန်ပွဲတော်ရက်များတွင်
ရေဆက်သွယ်ကစားလိုသူများ လျှောက်ထားနိုင်
ရန်ကုန် မတ် ၂ဝ
မြန်မာသက္ကရာဇ် ၁၃၇၉ ခုနှစ် မဟာ သင်္ကြန်ပွဲတော်ရက်များအတွင်း ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီ ပိုင် ရေပိုက်လိုင်း၊ အင်းလျားကန်နှင့် ကန်တော်ကြီးကန်တို့မှ ရေကို ဆက်သွယ် ကစားလိုသည့် ကိစ္စရပ်များ စိစစ် ဆောင်ရွက်ပေးနိုင်ရန်အတွက် ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)သို့ မတ် ၁၃ ရက် (သင်္ကြန်အကြိုနေ့) မွန်းတည့် ၁၂ နာရီ နောက်ဆုံးထား၍ ယာယီရေဆက်သွယ်ရန်အတွက် ခွင့်ပြု မိန့် လျှောက်ထားကြရမည်။ ယာယီ ရေဆက်သွယ်ခွင့် လျှောက်လွှာများကို မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှိ မြို့နယ် (ရေ/သန့်)တာဝန်ခံရုံးများနှင့် ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီ ၁၂ ထပ်တိုးချဲ့ရုံးသစ် ပဉမထပ် (ဗိုလ်မြတ်ထွန်းလမ်းနှင့် (၄၆)လမ်းကြား ကုန်သည်လမ်းပေါ်)ရှိ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) ရုံးခန်းတွင် အခမဲ့ ထုတ်ယူနိုင်ကြောင်း သိရသည်။
ခွင့်ပြုမိန့် လျှောက်ထားရာ၌ သတ်မှတ်လျှောက်လွှာတွင် မြို့နယ် (ရေ/သန့်) တာဝန်ခံ၏ မှတ်ချက်ရယူပြီး တင်ပြလျှောက် ထားရမည်ဖြစ်ပါသည်။
ရေဆက်သွယ်မှုကို မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးရှိ အင်ဂျင်နီယာဌာန (ရေနှင့် သန့်ရှင်းမှု) ဝန်ထမ်းများက ရေဆက်သွယ်သူများ လိုက်နာဆောင် ရွက်ရန် စည်းကမ်းချက်များနှင့်အညီ ရေကစားမဏ္ဍပ်သို့ ရေဆက်သွယ် ဆောင်ရွက်ပေးမည်ဖြစ်ပြီး ခွင့်ပြုချက် မရှိဘဲ ကော်မတီပိုင် ရေပိုက်လိုင်းများ၊ အင်းလျားကန်၊ ကန်တော်ကြီးကန်နှင့် အခြားမြေစိုက်ကန်များမှ ရေကို ဆက်သွယ်၍ ရေကစားခြင်းမပြုရန်နှင့် ကော်မတီပိုင် မီးသတ်ပိုက်ခေါင်းများမှ ဆက်သွယ်၍ ရေကစားခြင်းလုံးဝ(လုံးဝ)မပြုရန်နှင့် ပြုလုပ်ပါက တည်ဆဲဥပဒေများ နှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
တင်စိုး(မြန်မာ့အလင်း)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment