Latest News

Tuesday, March 20, 2018

မွန်ပြည်နယ်ညွှန်ကြားရေးမှူးရုံး အဆောက်အအုံသစ် ဖွင့်ပွဲအခမ်းအနားကျင်းပ

မွန်ပြည်နယ်ညွှန်ကြားရေးမှူးရုံး အဆောက်အအုံသစ် ဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်    မတ်   ၂ဝ

(၄၄)နှစ်မြောက် မွန်ပြည်နယ်နေ့အထိမ်း အမှတ်အဖြစ် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန၊        တိုင်းရင်းသား စာပေနှင့်        ယဉ်ကျေးမှုဦးစီးဌာနနှင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန၊ မွန်ပြည်နယ် òန်ကြားရေးမှူးရုံးအဆောက်အအုံသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့ ညနေ ၅ နာရီတွင် မော်လမြိုင်မြို့ရှိ ကျိုက်မရော လမ်းမကြီး           မင်းရွာကျေးရွာအုပ်စု ရွာသစ်ရွာ၌ ကျင်းပသည်။

ရှေးဦးစွာ    ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊     မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ နိုင်ထောမွန်၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ   ဒေါ်တင်အိ၊   မွန်ပြည်နယ်   ဗမာ တိုင်းရင်းသား   လူမျိုးရေးရာဝန်ကြီး ဦးရွှေမြင့်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန အင်ဂျင်နီယာချုပ်   ဦးမျိုးမြင့်တို့က အခမ်း အနားကို       ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး သည်။

ဆက်လက်၍  ရုံးအဆောက်အအုံ သစ်ဆိုင်းဘုတ်ကို အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ      ဦးအေးသာအောင်နှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင် တို့က စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။ ယင်းနောက် အခမ်းအနား တက်ရောက် လာသူများက    ရုံးအဆောက်အအုံသစ် အတွင်းသို့ လှည့်လည်ကြည့်ရှုကြသည်။

ဆက်လက်၍ အခမ်းအနား ဒုတိယ ပိုင်းအစီအစဉ်ကို  ကျင်းပရာ  အမျိုးသား လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ တိုင်းရင်းသား လူမျိုးများ         ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်     ပြည်နယ် ဝန်ကြီးချုပ်တို့က    ဂုဏ်ပြုအမှာစကား ပြောကြားသည်။

ယင်းနောက်     ဆောက်လုပ်ရေး ဝန်ကြီးဌာန            အင်ဂျင်နီယာချုပ်က  ရုံးဆောက်လုပ်ခဲ့မှုနှင့်         ပတ်သက်၍ ရှင်းလင်းတင်ပြသည်။        ထို့နောက်   အမျိုးသားလွှတ်တော်    ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး၊          ပြည်နယ် ဝန်ကြီးချုပ်၊    မွန်ပြည်သစ်ပါတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့်    ပြည်နယ်များမှ  တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးများ နှင့် သက်ဆိုင်ရာတာဝန်ရှိသူများသည်  စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြ သည်။

အဆိုပါ  အဆောက်အအုံသစ်ကို ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ်  ဆောက် လုပ်ရေးဝန်ကြီးဌာန အဆောက်အဦဦးစီး ဌာန တည်ဆောက်ရေးအဖွဲ့(၃)၊ အဆောက် အဦ   အထူးအဖွဲ့(၁၃)က တာဝန်ယူပြီး   စုစုပေါင်း   ခွင့်ပြုရန်ပုံငွေ$ကျပ် ၃၃၂ ဒသမ ၁  သန်းဖြင့်   တည်ဆောက်ထားခြင်းဖြစ် ကြောင်း သိရှိရသည်။      
 
သတင်းစဉ်

No comments:

Post a Comment