Latest News

Friday, March 2, 2018

တရုတ်(တိုင်ပေ)တွင် ငလျင်လှုပ်မှုကြောင့် ယိမ်းယိုင်ခဲ့သည့် အဆောက်အအုံတည်ဆောက်သူ စီမံကိန်းကန်ထရိုက်တာ ဖမ်းဆီးခြင်းခံရ

တရုတ်(တိုင်ပေ)တွင် ငလျင်လှုပ်မှုကြောင့် ယိမ်းယိုင်ခဲ့သည့်
အဆောက်အအုံတည်ဆောက်သူ စီမံကိန်းကန်ထရိုက်တာ ဖမ်းဆီးခြင်းခံရ


တရုတ်(တိုင်ပေ) မတ် ၁

တရုတ်(တိုင်ပေ)  ဟွာလီအင်းမြို့တွင်  ဖေဖော်ဝါရီလ အစောပိုင်းက လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် ပြိုကျ သွားခဲ့သည့် အထပ် ၁၂ ထပ်ပါရှိသော အဆောက်အအုံအား တည်ဆောက်ခဲ့သူ ကန်ထရိုက်တာအကြီးအကဲကို အာဏာ ပိုင်များက ဖမ်းဆီးခဲ့ကြောင်း ယနေ့သတင်းများအရ သိရ သည်။

ဖေဖော်ဝါရီ ၇ ရက်တွင် လှုပ်ခတ်ခဲ့သော ငလျင် ကြောင့်  တရုတ်နိုင်ငံသားများအပါအဝင်  လူ ၁၇ ဦး သေဆုံးခဲ့ပြီး  လူနေအိမ်ခန်းများ၊  တည်းခိုခန်းများနှင့် စားသောက်ဆိုင်များဖွင့်လှစ်ထားသော အထပ် ၁၂ ထပ်ပါ ရှိသည့် အဆောက်အအုံတစ်လုံး ပြိုကျပျက်စီးခဲ့သည်ဟု အစိုးရရှေ့နေများက ဆိုသည်။

အဆိုပါအဆောက်အအုံအား တည်ဆောက်ခဲ့သော စီမံကိန်းအကြီးအကဲကို အဆောက်အအုံ ဆောက်လုပ်ရာ တွင် ပေါ့လျော့မှုများရှိခဲ့သည်ဟု စွပ်စွဲကာ အစိုးရရှေ့နေ များက ၎င်းအား ဖမ်းဆီးရန် ဆုံးဖြတ်ချက်ချမှတ်ခဲ့ခြင်းဖြစ် သည်။ စီမံကိန်းအကြီးအကဲသည် အဆိုပါ အဆောက်အအုံ အား တည်ဆောက်ရာတွင် ငလျင်ဒဏ်ခံနိုင်ရန် ထည့်သွင်း ဆောက်လုပ်ရသည့် လုပ်ဆောင်ချက်များကို ပျက်ကွက်ခဲ့ သည်ဟု အစိုးရရှေ့နေများက ဆက်လက်ပြောကြားခဲ့သည်။

စီမံကိန်းအကြီးအကဲကလည်း၎င်းအနေဖြင့် အရည် အချင်းပြည့်မီသော မြို့ပြအင်ဂျင်နီယာတစ်ဦးမဟုတ်သော် လည်း လုပ်ငန်းခွင်ကြီးကြပ်သူအဖြစ် တာဝန်ယူလုပ်ဆောင် ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံပြောကြားခဲ့သည်။

အဆိုပါ ၁၂ ထပ် အဆောက်အအုံသည် ပြင်းအား ၆ ဒသမ ၅ အဆင့်ရှိ   ငလျင်လှုပ်ခတ်သည့်  ရှစ်စက္ကန့် အချိန်အနည်းငယ်အတွင်းမှာပင် တိမ်းစောင်းယိမ်းယိုင်ကာ အချို့နေရာများတွင် ပြိုကျပျက်စီးခဲ့သည်ဟု အစိုးရရှေ့နေ များက ပြောကြားကြသည်။

၎င်းအဆောက်အအုံတွင် ငလျင်ဒဏ်ခံနိုင်ရန် ထည့် သွင်းတည်ဆောက်ရသော သံမဏိတိုင်များ ပါဝင်ခြင်း မရှိခဲ့ကြောင်း ဒေသန္တရမီဒီယာအချို့က ဆိုသည်။

သို့သော် စီမံကိန်းအကြီးအကဲကစွပ်စွဲချက်များကို ငြင်းဆန်လျက်ရှိကြောင်း သိရသည်။
ကြေးမှုံ

No comments:

Post a Comment