Latest News

Friday, March 2, 2018

လာလည်ရန်ဖိတ်ခေါ် မကွေးရွှေမြို့တော်

လာလည်ရန်ဖိတ်ခေါ် မကွေးရွှေမြို့တော်

မကွေးတိုင်းဒေသကြီးသည် သမိုင်း ဝင် တန်ခိုးကြီးဘုရားများဖြစ်သော မကွေးမြသလွန် စေတီတော်၊ ကျောင်း တော်ရာဘုရား၊  ရှင်ပင်စက္ကိန်းတဲ ဘုရား၊ မန်းရွှေစက်တော်ဘုရားများရှိသောကြောင့် ဘုရားဖူးပြည်သူများကိုဆွဲဆောင်နေသော တိုင်းမြို့တော် တစ်ခုဖြစ်သည်။

မကွေးမြို့တော်မှာလည်း တိုင်းမြို့ တော်အင်္ဂါရပ်နှင့်အညီ လမ်းများမှာ ကျယ်ဝန်းကောင်းမွန်လျက်ရှိပြီး အညာဒေသ၏ သရုပ်ပြဖြစ်သော လက်ပံပင်၊ ပေါက်ပင်၊ စိန်ပန်းပင်တို့မှ ပန်းပွင့်များဖြင့် လမ်းတစ်လျှောက်ပနံ တင့်လှသည်။ မကွေးမြို့သို့ အလည် လာကြသူများအနေဖြင့်   မကွေးမြို့၏ တန်ခိုးကြီးနာမည်ကျော် မြသလွန် ဘုရားကို ဦးစွာဖူးမြော်နိုင်ပြီး ဘုရား ဖူးပြည်သူများ စိတ်အေးချမ်းသာစွာ နားခိုနိုင်ရန်  ဘုရားကြီး၏ တည်းခို ဆောင်များတွင်လည်း  တည်းခိုနိုင် သည်။ မြသလွန်ကုန်းတော်နှင့် တစ်ဆက်တစ်စပ်တည်း တည်ရှိသည့် ရုပ်ရှင်တော်မြတ် နှီးဘုရားကြီးနှင့် ကံ့ကော်တစ်ထောင် ဘုရားများကို လည်း ဆက်လက်ဖူးမြော်နိုင်သည်။

မကွေးမြို့မှ ၁၈ မိုင်သာဝေးသည့် မင်းလှမြို့တွင်  မြန်မာဘုရင်များ လက်ထက်က တည်ဆောက်ခဲ့သည့် သမိုင်းဝင်မင်းလှခံတပ်ကြီးသို့လည်း သွားရောက်လည်ပတ် လေ့လာနိုင် သေးသည်။ မကွေးမှ မင်းဘူးမြို့သို့ ရောက်လျှင် ရှင်ပင်စက္ကိန်းတဲဘုရား၊ နဂါးပွက်တောင်ဘုရားနှင့် အခြား တန်ခိုးကြီးဘုရားများကို ဖူးမြော်နိုင်ပြီး မန်းရွှေစက်တော်ဘုရားသို့ သွားရာ လမ်းတစ်လျှောက်တွင် သာယာလှပ သောရှုခင်းများကို ကြည့်ရှုခံစားရင်း အမှတ်တရဓာတ်ပုံ ရိုက်နိုင်သည်။ မန်းရွှေစက်တော်  ဘုရားကြီးသို့ ရောက်လျှင် ကားရပ်နားကွင်းတွဲဖက် ပါသည့် နမ္မဒါ(၂) တည်းခိုဆောင်မှာ ဝန်ဆောင်မှုကောင်းမွန်သည့်အပြင် စားသောက်ဆိုင်ပါတွဲဖက်ထားသဖြင့် တည်းခိုသူများအတွက် အထူးအဆင် ပြေလှသည်။

ရွှေစက်တော်တွင်  ညအိပ်၍ စိတ်အေးချမ်းသာစွာ ဘုရားဖူးရင်း ဘုရား၏ ညရှုခင်းများမှာလည်း  သဘာဝ ပန်းချီကားတစ်ချပ်ပမာ တွေ့မြင်နိုင်သည်။ နံနက်အရုဏ်တွင် ဘုန်းတော်ကြီးများအား ဆွမ်းလောင်း ရသည်မှာလည်း    ကြည်နူးစရာ အလွန်ကောင်းလှသည်။ အားပါးတရ ဘုရားဖူးပြီးအပြန်တွင်  ဒေသထွက် အစားအစာများဖြစ်သည့် ဝက်မြေဥ၊ စွန်ပလွန်သီး၊ မျှစ်ခြောက်နှင့်  အခြား ပစ္စည်းအမျိုးမျိုးတို့ကို အိမ်အပြန် လက်ဆောင်အဖြစ် ဝယ်ယူနိုင်သေး သည်။

ပွင့်လင်းရာသီ ဖြစ်သည်နှင့်အညီ မကွေးတိုင်းဒေသကြီး  အတွင်းရှိ တန်ခိုးကြီးဘုရားများမှာ  ဒေသခံ ပြည်သူများသာမက  အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးအပန်းဖြေလာသူ များဖြင့် အထူးစည်ကားလျက်ရှိပြီး တပေါင်းလပြည့်နှင့်ဆက်၍ ဝန်ထမ်း များမှာလည်း ရုံးပိတ်ရက်လေးရက် ရရှိသောကြောင့် မကွေးရွှေမြို့တော် သို့လာရောက်အပန်းဖြေလည်ပတ်ရန် မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးများ အား ဖိတ်ခေါ်သတင်းစကားပါးလိုက် ရပါကြောင်း။   ။

မေသူလွင်(မကွေး-ကိုယ်ပွား)

No comments:

Post a Comment