နမ့်ခမ်းမြို့အဝင် မုခ်ဦးကြီးပြိုကျ
နမ့်ခမ်း မတ် ၃
ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့အဝင် မုခ်ဦးကြီးကို ယနေ့ နံနက် ၄ နာရီခွဲခန့်က တရားမဝင်သစ်များ သယ်ဆောင်လာသော ယာဉ်က တိုက်မိမှုကြောင့် ပြိုကျသွားခဲ့ပြီးနောက် ၁ဝ ဘီးယာဉ် သုံးစီးပေါ်မှ တရားမဝင်ကျွန်းသစ်လုံး၊ ခွဲသား၊ ပိတောက်ဓားရွေ ဆိုက်စုံ ၂၂ တန်ခန့် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မူဆယ်မြို့နယ် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ အဖွဲ့သည် မတ် ၃ ရက် နံနက် ၄ နာရီခွဲခန့်က နမ့်ခမ်းမြို့ အမှတ် ၁ ရပ်ကွက် မန်ခမ်းရပ်ကွက်ရှိ နမ့်ခမ်းမြို့ အဝင်မုခ်ဦးနေရာ၌ နောင်ခန်ကျေးရွာဘက်မှ နမ့်ခမ်းမြို့ ဘက်သို့ မောင်းနှင်လာသည့် ယာဉ်က မုခ်ဦးကို တိုက်မှုဖြစ်ပွားခဲ့ကြောင်း သတင်းအရ သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးဝေယံမြင့်ချို ပါဝင်သော သစ်တောဝန်ထမ်းများ၊ နယ်မြေခံတပ်မှ တပ်ဖွဲ့ဝင်များ၊ နမ့်ခမ်း မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်အောင်ကိုကိုနှင့် အဖွဲ့၊ သတင်း ရဲတပ်ဖွဲ့မှ ရဲအုပ်ဇော်ဇော်အောင်တို့ ပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ မိုးကာအုပ် ရပ်တန့်ထားသည့် တရားမဝင် ကျွန်းသစ်လုံး၊ ခွဲသား ပိတောက် ဓားရွေ ၂၂ တန်ခန့် တင်ဆောင်ထားသော ၁ဝ ဘီးယာဉ်သုံးစီးကို ဖမ်းဆီးရမိခဲ့ပြီး အဆိုပါတရားမဝင်သစ်၊ ယာဉ်များနှင့် ဆက်စပ် ပါဝင်သူများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး စီစဉ်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။
သန့်ဇင်(မူဆယ်)
No comments:
Post a Comment