Latest News

Saturday, March 3, 2018

ပျောက်ဆုံးကျောင်းသူများကို ဖမ်းဆီးထားကြောင်း ဘိုကိုဟာရမ် အတည်ပြု

ပျောက်ဆုံးကျောင်းသူများကို ဖမ်းဆီးထားကြောင်း ဘိုကိုဟာရမ် အတည်ပြု

အဘူဂျာ  မတ်  ၃

နိုင်ဂျီးရီးယားနိုင်ငံအရှေ့မြောက်ပိုင်း ဒပ်ချီမြို့မှ ပျောက်ဆုံးသွားသော ကျောင်းသူ ၁၁ဝ ကို နိုင်ဂျီးရီးယားအကြမ်းဖက်အဖွဲ့ တစ်ခုဖြစ်သည့် ဘိုကိုဟာရမ်အဖွဲ့ခွဲက ဖမ်းဆီးထိန်းသိမ်းထားသည်ဟု သတင်းအတည်ပြုချက်ရရှိခဲ့ပြီးနောက်  စစ်ဘက်ဆိုင်ရာ အရာရှိများနှင့် ဘိုကိုဟာရမ်တပ်မှူးများ မတ် ၂ ရက်တွင် တွေ့ဆုံဆွေးနွေးရန် ကြားဝင်ညှိနှိုင်းပေးသူက တိုက်တွန်းပြောကြားခဲ့ ကြောင်း  ဆင်ဟွာသတင်းတစ်ရပ်တွင် ဖော်ပြခဲ့သည်။

ကြားဝင်ညှိနှိုင်းပေးသူ ထင်ရှားသည့် လူ့အခွင့်အရေးလှုပ်ရှားသူနှင့် ရှေ့နေတစ်ဦးဖြစ်သူ အာအီရှာအယ်လ်ကာလီဝါကယ်လ်က  မတ် ၁ ရက်တွင် ဘိုကိုဟာရမ်အဖွဲ့ခေါင်းဆောင် အဘူမူဆက်ဘ်အယ်လ်ဘာနာဝီက ¤င်းအား ဆက်သွယ်ခဲ့ကာ ကျောင်းသူများကို ထိန်းသိမ်းထားကြောင်း  ပြောခဲ့သည်ဟု  ဆိုသည်။  ဝါကယ်၏  ပြောကြားချက်အရ  မိန်းကလေးများမှာ  ဘေးကင်းလုံခြုံမှုရှိပြီး ကျန်းမာရေးအခြေအနေကောင်းမွန်လျက်ရှိကြောင်း သိရသည်။

ကျောင်းသူများအား  အ္တရာယ်ပေးခြင်းနှင့်  သတ်ဖြတ်ခြင်းများ  ပြုလုပ်မည်မဟုတ်ဟု   ဘိုကိုဟာရမ်အကြမ်းဖက်အဖွဲ့ ခေါင်းဆောင် အယ်လ်ဘာနာဝီက ¤င်းအား ကတိပေးခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာနသို့ ပြောကြားခဲ့သည်။

ဝါကယ်က ပြန်ပေးဆွဲသူမည်သူဖြစ်ကြောင်း ဖော်ထုတ်ပေးခဲ့ပြီး ကျောင်းသူများအား ပြန်လွှတ်ပေးရန်  လူသိရှင်ကြား တိုက်တွန်းခဲ့ကြောင်း၊ ထို့အပြင် ဘိုကိုဟာရမ်အဖွဲ့ခွဲနှင့် တွေ့ဆုံဆွေးနွေးခဲ့ရာ ချီဘော့ကျောင်းသူများကို ပြန်ပေးဆွဲခဲ့သလို ယခုကျောင်းသူများကိုလည်း အချိန်ကြာမြင့်စွာ ထိန်းသိမ်းထားခြင်းမပြုလုပ်ရန် ပြောကြားခဲ့ကြောင်း သိရသည်။

လွန်ခဲ့သောနှစ်များကလည်း   ဝါကယ်သည်   ဘိုကိုဟာရမ်ခေါင်းဆောင်ထံ  ဖုန်းဖြင့်  ဆက်သွယ်ပြီး  ဓားစာခံအချို့ကို လွတ်မြောက်အောင် ကူညီပေးခြင်းဖြင့် လူအများ၏ အသိအမှတ်ပြုမှုကို ရရှိခဲ့ကြောင်း သိရသည်။ ၂ဝဝ၉ ခုနှစ်မှစပြီး အကြမ်းဖက် တိုက်ခိုက်မှုများဖြင့် ဘိုကိုဟာရမ်အကြမ်းဖက်အုပ်စုသည် အပြစ်မဲ့ပြည်သူ  ၂ဝဝဝဝ ကျော်ကို သတ်ဖြတ်ခဲ့ကြောင်း ကုလသမဂ္ဂအဖွဲ့က ယုံကြည်ထားသည်။  မြန်​မာ့အလင်း

No comments:

Post a Comment