Latest News

Saturday, March 3, 2018

မော်ချောင်းသာ အပန်းဖြေရေချိုးဆိပ်စခန်းသာ၌ အပန်းဖြေနိုင်

မော်ချောင်းသာ အပန်းဖြေရေချိုးဆိပ်စခန်းသာ၌ အပန်းဖြေနိုင်

မော်လမြိုင်ကျွန်း မတ် ၃

ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်း အရှေ့ဘက် ရာဇူတိုင်မြစ်ဝအဆုံ သောင် တိုးမြေနှင့်   တောင်ဘက်တုံးလှဲချောင်း သောင်တိုးမြေတို့မှာ ရှုခင်းရှုကွက်သာယာ လှပစွာဖြင့် ကျယ်ပြန့်သော သဲသောင်ပြင် ပေါ်တွင် ပေါ်ထွန်းလာသော ''မော်ချောင်း သာ အပန်းဖြေရေချိုးဆိပ်စခန်းသာ''မှာ ဧရာဝတီတိုင်းဒေသကြီးမှ ပြည်သူများနှင့် အတူ အနယ်နယ်အရပ်ရပ်မှ ပြည်သူများ လာရောက်အပန်းဖြေလျက် ရှိကြသဖြင့်   မော်ချောင်းသာမှာ  တစ်နေ့တခြား လူသိ များလာပြီး စည်ကားနေပြီဖြစ်သည်။

ယင်းမော်ချောင်းသာ၏ ကျယ်ပြန့် ရှည်လျားသော သဲသောင်ပြင်နှင့် ရာဇူ တိုင် မြစ်ပြင်ကျယ်မှ ဖြတ်သန်းတိုက်ခတ် လာသော       လေပြည်လေညင်းတို့ကို ခံစားရင်း မတ်  ၃  ရက်  မွန်းလွဲပိုင်းက မော်ချောင်းသာတွင်   လေညင်းခံထွက် သူများ၊ အပန်းဖြေလမ်းလျှောက်သူများ၊ ရေချိုးသူများနှင့် ရေဆော့ကစားသူများ ရှိပြီး စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များတွင် နံနက်ပိုင်းနှင့်ညနေပိုင်းတို့၌    အထူး စည်ကားလျက်ရှိသည်။

ယခုအခါ     မော်လမြိုင်ကျွန်းမြို့ရှိ မော်ချောင်းသာအပန်းဖြေ ရေချိုးဆိပ် စခန်းသာသို့   ဘိုကလေး၊  ဖျာပုံ၊ ဝါးခယ်မ၊ ကျိုက်လတ်နှင့်       မအူပင်မြို့နယ်များ၊ မော်လမြိုင်ကျွန်း   မြို့နယ်အတွင်းရှိ    ကျေးရွာကြီးများမှ  ဒေသခံပြည်သူများ ကလည်း လာရောက်အပန်းဖြေလျက် ရှိကြသည်။

''ဧရာဝတီတိုင်းဒေသကြီးမှာ ယခုလို မော်ချောင်းသာ အပန်းဖြေရေချိုးဆိပ် စခန်းသာတစ်ခု ပေါ်ထွန်းလာလို့ ဝမ်းသာ မိပါတယ်၊  ခရီးသွားပြည်သူတစ်ဦးအနေနဲ့ မော်ချောင်းသာမှာ  အနားယူအပန်းဖြေ လိုက်ရလို့ စိတ်ကြည်လင် လန်းဆန်းသွား ပါတယ်''ဟု    မအူပင်မြို့မှ   ခရီးသွား တစ်ဦးက ပြောသည်။
မော်ကျွန်း-မြင့်အောင်

No comments:

Post a Comment