Latest News

Saturday, March 3, 2018

ရုံးပိတ်ရက်ရှည်ကာလ ကျွန်းအပန်းဖြေ ခရီးသွားပြည်သူများ ပိုမိုများပြား

ရုံးပိတ်ရက်ရှည်ကာလ ကျွန်းအပန်းဖြေ ခရီးသွားပြည်သူများ ပိုမိုများပြား

မြိတ်   မတ်   ၃

တပေါင်းလပြည့်နေ့၊   တောင်သူလယ်သမားနေ့နှင့်   စနေ၊   တနင်္ဂနွေနေ့တို့သည်    အစိုးရရုံးပိတ်ရက်  ကာလ   တစ်ဆက်တည်းဖြစ်၍   အနယ်နယ်အရပ်ရပ်မှ   ကျွန်းအပန်းဖြေခရီးထွက်လာသူများ   ခရီးသွား   လေယာဉ်၊   ယာဉ်ကြီး ယာဉ်ငယ်များဖြင့် မြိတ်မြို့သို့   လာရောက်ကြရာ   ပုံမှန်ထက်   ပိုမိုများပြားခဲ့ကြောင်း သိရသည်။

မြိတ်ကျွန်းစုတွင် ကျွန်းအပန်းဖြေခရီးသွားရောက်နိုင်သည့် ကျွန်းများမှာ လေးကျွန်း၊ ဒုံးကျွန်း၊ ဒုံးရေ တံခွန်၊  နတ်သမီး ရေတွင်းကျွန်း၊ ပါပန့်ကျွန်း၊ တောင်ပံကြီးကျွန်း၊ လိပ်ဥစောင်ကျွန်း၊ ကြယ်လိပ်ကျွန်း၊ ဓန သိဒ္ဓိကျွန်း၊ သဲနက်တန်း (နှစ်ဖက်လှ)ကျွန်း  စသောကျွန်းများရှိရာ  ရုံးပိတ်ရက်ရှည်ကာလ ကျွန်းအပန်းဖြေ ခရီးသွားပြည်သူများ သည် ဒုံးရေတံခွန်၊ ပါပန့်ကျွန်းခရီးစဉ်နှင့် လေးကျွန်း၊ သမီးလှ ကျွန်း    ခရီးစဉ်များကို   ပိုမိုသွားရောက်ခဲ့ကြကြောင်း   မတ်    ၃  ရက်က သိရသည်။

ကျွန်းအပန်းဖြေခရီးအနေဖြင့်   နေ့စဉ်   ကျွန်းအပန်းဖြေ ခရီသွား  ၄ဝ  နှင့်  ၅ဝ  သာရှိခဲ့ရာမှ  ရုံးပိတ်  ရက်ရှည်ကာလ ဖြစ်သော  တပေါင်းလပြည့်နေ့၊  တောင်သူလယ်သမားနေ့နှင့် စနေနေ့တို့တွင် တစ်နေ့လျှင် ၄ဝဝ ကျော် သွားရောက် အပန်းဖြေ ခဲ့ကြကြောင်းBLISSFUL MYANMAR ခရီးသွားလုပ်ငန်း မှ ဒေါက်တာ သိန်းရွှေမြင့်ထံမှ သိရသည်။

မြိတ်-ကျွန်းစုရှိ  ကျွန်းများသည်   ဒေသခံများ၊  ခရီးသွား ပြည်သူများ   အပန်းဖြေအနားယူနိုင်သည့်   သဘာဝအလှတရား များဖြင့်    သာယာလှပသော    ကျွန်းများဖြစ်ကြောင်း   သိရ  သည်။
 ခိုင်ထူး ( မြိတ် ပြန်/ဆက် )

No comments:

Post a Comment