Latest News

Saturday, March 3, 2018

လက်နက်ထိန်းချုပ်ခြင်းဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက်ကို ချိုးဖောက်ခြင်းမရှိဟု ရုရှားပြော

လက်နက်ထိန်းချုပ်ခြင်းဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက်ကို ချိုးဖောက်ခြင်းမရှိဟု ရုရှားပြော

မော်စကို  မတ်  ၃

လက်နက်ထိန်းချုပ်ခြင်းဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက်ကို ချိုးဖောက်ခြင်း မရှိဟုဆိုကာ ရုရှားက အမေရိကန်၏ စွပ်စွဲပြောကြားချက်များအပေါ်  မကြာသေးမီက တုံ့ပြန်ပြောကြားခဲ့သည်။

ရုရှားနိုင်ငံသည် နိုင်ငံတကာကတိကဝတ်များကို  အမြဲစောင့်ထိန်းလိုက်နာခဲ့ ကြောင်း၊ အမေရိကန်တို့ စွပ်စွဲသလို နျူကလီးယားထိပ်ဖူးတပ် ဒုံးကျည်များ ထုတ်လုပ်မှု သဘောတူညီချက်ကို  မချိုးဖောက်ခဲ့ကြောင်း  ကရင်မလင်နန်းတော်ပြောရေးဆိုခွင့် ရှိသူ ဒီမီထရီပက်စ်ကော့ခ်က နေ့စဉ်သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောခဲ့သည်။

မည်သည့် ဒုံးကျည်ကာကွယ်ရေးစနစ်မျိုးကိုမဆို ဖျက်ဆီးနိုင်စွမ်းရှိသော ရုရှား နိုင်ငံ၏State of the art   ဒုံးကျည်များကို ရုရှားနိုင်ငံပါလီမန်၌ နှစ်ပတ်လည်မိန့်ခွန်း ပြောကြားစဉ် ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင်က ထုတ်ဖော်ရှင်းလင်းပြသခဲ့ကြောင်း  သိရသည်။

ရုရှားနိုင်ငံသည် တာလတ်ပစ်နျူကလီးယားထိပ်ဖူးတပ်ဒုံးကျည်များ ထုတ်လုပ်မှု သဘောတူညီချက်ကို ၂ဝ၁၄ ခုနှစ်ကတည်းက စတင်ချိုးဖောက်ခဲ့ကြောင်း အမေရိကန် က စွပ်စွဲပြောကြားခဲ့သည်။ နျူကလီးယားကင်းစင်ရေး၊ မြေပြင်မှပစ်ခတ်သော  ပဲ့ထိန်း ဒုံးကျည်များနှင့် ပင်လယ်ပြင်မှ ပစ်ခတ်သော တာလတ်ပစ်ဒုံးကျည်များ ဖယ်ရှား ရေးအတွက်  အဆိုပါ  သဘောတူညီချက်ကို   လွန်ခဲ့သောနှစ်ပေါင်း  ၃ဝ  ကျော်က လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရုရှားနိုင်ငံအနေဖြင့် စစ်လက်နက်များ  အပြိုင်အဆိုင်တပ်ဆင်ခြင်းတွင်လည်း ပါဝင်ရန်  အစီအစဉ်မရှိကြောင်း  ပက်စ်ကော့ခ်က  ပြောသည်။   ရုရှားနိုင်ငံအနေဖြင့် မည်သည့်တစ်ဦးတစ်ယောက်ကိုမျှ တိုက်ခိုက်ရန် အစီအစဉ်မရှိကြောင်း လွှတ်တော် မိန့်ခွန်းတွင် ရုရှားသမ္မတ ပူတင်က ပြောခဲ့သည်။    မြန်​မာ့အလင်း
                                   

No comments:

Post a Comment