Latest News

Tuesday, March 20, 2018

ခြောက်နှစ်အရွယ် ကလေးငယ်အား အဓမ္မပြုကျင့်ရန် ကြံစည်သူကို ဖမ်းမိ

ခြောက်နှစ်အရွယ် ကလေးငယ်အား အဓမ္မပြုကျင့်ရန် ကြံစည်သူကို ဖမ်းမိ


မိုးကောင်း မတ် ၁၉

ကချင်ပြည်နယ် မိုးကောင်းမြို့ ကျွန်းတောရပ်ကွက်တွင်  မတ် ၁၇ ရက် ည ၈ နာရီခန့်က ပထွေးဖြစ်သူမှ ခြောက်နှစ် အရွယ် မယားပါသမီးငယ်ကို အဓမ္မပြုကျင့်ရန် ကြံစည်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး    သက်ဆိုင်ရာ တာဝန်ရှိသူများက ၄င်း၏နေအိမ်သို့ သွားရောက်မေးမြန်းရာ  ကျူးလွန်ကြံစည်သူ၏ ဇနီး၏    ပြောပြချက်အရ ၄င်း ရှိသည့်နေရာကို သိရသည့်အတွက် မတ် ၁၈ ရက် ည ၈ နာရီက  မိုးကောင်းဘူတာအတွင်းမှ  ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

''ရှဒူးဇွတ်၊    မှော်ဘက်မှာရခဲ့ကြတဲ့    မှော်လင် မှော်မယားတွေပါ။ ရပ်ကွက်ထဲနေတာ သုံးနှစ်လောက်ရှိပြီ  ဆိုပေမယ့် ပထွေးဖြစ်သူက   အနေနည်းပါတယ်။  တစ်လ မှ  တစ်ခေါက်လောက်  ပြန်လာပြီး  ရပ်ကွက်မှာလည်း သိပ်ရောရော နှောနှောနေတာမရှိတော့ သူ့ရုပ်တောင် သိပ်မမှတ်မိချင်ဘူး''ဟု သွားရောက်ဖမ်းဆီးစဉ် လိုက်ပါ ခဲ့သူ ကျွန်းတောရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်အေးက ပြောသည်။

ဖြစ်စဉ်မှာ ကျွန်းတောရပ်နေ ဒေါ်စန္ဒာဝင်းသည် အပြင်မှ ပြန်လာစဉ် သမီး......(၆)နှစ်ကို မတွေ့ သဖြင့်  သားဖြစ်သူကို   မေးမြန်းရာ  ပထွေးဖြစ်သူ ဦးသက်ပိုင် (၃၈)နှစ်မှ နန့်ရင်းချောင်းဘက်သို့ ခေါ်သွား ကြောင်း ဖြေဆိုသဖြင့် လိုက်လံရှာဖွေရာ သက်ပိုင်မှာ  ထွက်ပြေးသွားပြီး သမီးငယ်ကို အိမ်သို့ ခေါ်ယူမေးမြန်းရာ အဓမ္မပြုကျင့်ရန် ကြံစည်နေစဉ် မိခင်အသံကြားသဖြင့် ထွက်ပြေးသွားကြောင်း မိခင်က ပြောပြသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ အဓမ္မပြုကျင့်ရန် ကြံစည်သူ ဦးသက်ပိုင်ကို မိုးကောင်းမြို့မရဲစခန်းမှ (ပ)၅၆/၂ဝ၁၈၊ ရာဇသတ်ကြီး ၃၇၆/၅၁၁ဖြင့် အမှုဖွင့်အရေးယူထား ကြောင်း သိရသည်။

မင်းမင်းဦး

No comments:

Post a Comment