Latest News
Friday, March 2, 2018
“လယ်သမားတွေဘ၀ကို ကွင်းဆင်းကြည့်ပြီးဘယ်လို ပံ့ ပိုးရမလဲဆိုပြီးတွေးတဲ့ မင်း(သမ္မတ)သည်နေ့ အချိန်အထိမပေါ်သေးဘူး”
“လယ်သမားတွေဘ၀ကို ကွင်းဆင်းကြည့်ပြီးဘယ်လို ပံ့ ပိုးရမလဲဆိုပြီးတွေးတဲ့ မင်း(သမ္မတ)သည်နေ့ အချိန်အထိမပေါ်သေးဘူး”
နိုင်ငံ၏ ၀မ်းစာ ကို ဖြည့်ဆည်းပေးခဲ့ သူများကို ကျေးဇူးရှင်တောင်သူလယ်သမားကြီးများ ဟုခေတ်အဆက်ဆက် အစိုးရတာဝန်ရှိသူများက အမွှန်းတင်ကြသည်.။
အစိုးရအဆက်ဆက်သာပြောင်းလဲ သွားကြသည် တောင်သူလယ်သများတို့ ရဲ့ ဘ၀ တွေကတော့ တိုးတက်လာခြင်းမရှိပေ။
၂၀၁၈ ခုနှစ် မတ်လ (၂)ရက်နေ့ တွင်ကျရောက်သော မြန်မာနိုင်ငံ၏ (၅၆)ကြိမ်မြောက်တောင်သူလယ်သမားနေ့ တွင် ပုသိမ်ဇင်ပြွန်းကုန်းမှ လယ်သမားကြီးဦးကျော်ကျော်အား ယနေ့ ခေတ်လယ်သမားတို့ အခြေနေအားတိုင်းဧရာကတွေ့ ဆုံမေးမြန်းထားသည်။
Time  Ayeyar .  မင်္ဂလာပါ တွေ့ ဆုံမေးမြန်းခွင့်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။
Time  Ayeyar       လယ်လုပ်တာကြာပြီလား ဘယ်နှစ်ဧကလောက်ရှိလဲ ?
U  Kyaw  Kyaw ….ဦးက ၁၄ နှစ်သားတည်းက ကျောင်းထွက်ပြီးမိဘနဲ့ အတူ လယ်လုပ်လာတာ ခုအထိပဲ အသက်က (၅၈)ဆိုတော့ လယ်လုပ်တာ (၄၄)နှစ်ရှိပြီ သေတဲ့ အထိ လယ်ပဲလုပ်ရမယ်ဆိုပါဆို့ ကွာ ။လယ်ဧက က(၈)ဧကရှိတယ်။
Time Ayeyar  …ခေတ်အဆက်ဆက် လယ်လုပ်လာတာ ဆိုတော့လယ်သမားတွေဘ၀အခြေနေကတိုးတက်လာလား?
U  Kyaw  Kyaw ……အဘိုးခေတ်တုန်းကလဲ ဒီလယ်ပဲ လုပ်တယ် အဖေခေတ်မှာလည်း ဒီလယ်ပဲလုပ်တယ် ဦးလေးလည်းဒီလယ်ပဲလုပ်တယ် ဘာမှတိုးတက်လာတာမရှိတာ အဲ့ တော့  လယ်သမားခေတ်တွေ ခေတ်တွေ မနည်းတော့ဘူး ဘာမှမတိုးတက်တော့ လယ်သမားဘ၀ကို စိတ်ပျက်လာတယ်.
Time  Ayeyar .ခုလယ်သမားတွေလိုနေတဲ့ အထဲကအချက်တစ်ချက်လောက်ပြောဆို ဘာကိုပြောမလဲ ?
Time Ayeyar …..ဟုတ်ပါပြီ လယ်သမားအားလုံးက ဘဏ်ငွေကိုရော တစ်ပြေးညီမရကြလို့ လား
U  Kyaw  Kyaw ..မရကြဘူး  လယ်သမားအားလုံးက ညီညီညာညာနဲ့ ချေးငွေ ပြန်မဆပ်ကြတော့တဲ့ အခါ နောက်ကျကုန်တယ် နောက်ကျတော့ငွေတိုးတွေကို တစ်ဆယ်တိုးနှစ်ဆယ်တိုးနဲ့  ချေးလုပ်ကြရတာပေါ့ 
Time  Ayeyar……တစ်ဆယ်တိုးနှစ်ဆယ်တိုးဆိုတာဘယ်လိုချေးငွေမျိုးလဲ၊?
U  Kyaw  Kyaw ..ကျွန်တော်တို့ ဒေသမှာ ပိုက်ဆံ တစ်သောင်းချေးရင် တစ်လကို နှစ်ထောင် အတိုးပေးရတယ်လေ ဒါကနှစ်ဆယ်တိုးပေါ့ ဒါတောင်လိုချင်တိုင်းမရဘူးတောင်းတောင်းပန်ပန်နဲ့ ပြောယူရတာဒါကိုပြောတာ။
Time  Ayeyar  ..ဒီချေးငွေတွေအတွက် အစိုးရကို ဘာလုပ်ပေးစေချင်တာလဲ ?
U  Kyaw  Kyaw ….ဖြစ်စေချင်တာကဘယ်တိုင်းဒေသကြီးမဆို ဘယ်အုပ်စု မဆို တစ်ပြေးညီ ဘဏ်ချေးငွေတွေကိုထုတ်ချိန်ဆပ်ချိန်  ကိုမှန်အောင်ကြီးကြပ်ပေးပါ။
နောက်တစ်ခုက စပါးဈေးကိုလည်း ကောင်းစေချင်တယ် ကောင်းစေချင်တးယ် ပါစပ်ကသာပြောတာ စပါပေါ်ချိန်ဆို ဈေးကကျပြီး လယ်သမားလက်ထဲ မရှိမှဈေးကတက်တယ် လယ်သမားက အဲ့ လောက် အချိန်မဆွဲနိုင်တော့ စပါးပေါ်တာနဲ့ ရောင်းရတာပဲ လေ ဒီလိုနဲ့ လယ်သမားဘ၀က ပိန်လှီလာတယ်.။
Time Ayeyar ……တစ်ချို့ လယ်သမားတွေကဘဏ်တိုးကိုလည်းပုံမှန်မဆပ်ဘူးလို့ ဘဏ်မန်နေဂျာတွေကပြောကြတယ်ဒါတွေကရော ဘယ်လို အခက်အခဲတွေရှိနေတာလဲ?
U  Kyaw  Kyaw ..ဘဏ်တိုးမှာလည်း ဒဏ်ကြေးရှိပါတယ် သတ်မှတ်ချိန်လွန်ရင် ဒဏ်တိုးပဲ စည်းကမ်းပျက်တဲ့ လယ်သမားလည်းရှိတာမှန်တယ် ဒါပေမဲ့ အများစုကတော့ မဆပ်နိုင်လို့ မဆပ်ကြတာပါ. ဘာတွေအခက်အခဲဖြစ်နေလဲဆို အချိန်မှီမရောက်တော့ အပြင်ကငွေတိုးဆွဲလုပ်ရင်းက လုံးလဲလိုက်နေကြတာ။
Time  Ayeyar  …ခုအစိုးရပြောနေတဲ့ လက်မှုလယ်ယာကနေစက်မှုလယ်ယာသွားမယ်ဆိုတဲ့ အစီအစဉ်ကရောကျေးလက်တွေရောက်ပြီလား?
U Kyaw  Kyaw  ….လက်မှုလယ်ယာကနေ စက်မှုလယ်ယာစနစ်သွားမယ်လို့ သာပြောတာ သည်စက်တွေကို တို့ လယ်သမားတွေ မတတ်နိုင်ဘူးကွ အဲ့ တော့ ပါးစပ်က လက်မှုလယ်ယာ ကနေ စက်မှုလယ်ယာစနစ်သွားမယ်ပြောနေလို့ မရဘူး မြေပြင်မှာ ခုချိန်ထိ နွားတွေ ကျွဲတွေနဲ့  ရုန်းနေတဲ့ သူတွေဘ၀ကို ဆင်းကြည့်ပါဦးလို့ ။
Time Ayeyar  …လယ်သမားတွေဘ၀မတိုးတက်တာအားလုံးသိကြတယ် ဒါပေမဲ့ တော်တော်များများလယ်သမားတွေက မစွန့် လွတ်ကြပဲလုပ်နေကြသေးတယ်နော်
U Kyaw  Kyaw .. တို့ ကလဲ တို့ အပြစ်ပဲ မိဘလက်ငုတ်လေးရှိချင် တယ် သူများအလုပ်မလုပ်ရဘူး အဲ့ လိုအတွေးတွေနဲ့ ချာလည်လည်ပြီးတို့ လယ်သမားဘ၀ကနိမ့်ကျနေတာ လူရုပ်မပေါက်ဘူး လူပုံမပေါ်ဘူးဒီလိုနဲ့ ကျွန်တော့်အဖေလည်းသေတာပဲ သေတော့လည်းကောင်းကောင်းမွန်မွန်ဆေးဝါးကုသရခြင်းလည်းမရှိ ငါးပိဖုတ်လေးစားပြီးသေရတာ။
U  Kyaw  Kyaw  …တို့ လယ်သမားတွေ လယ်လုပ်ပြီးရောင်းတဲ့ စပါးက ထမင်းအဖြစ်လူတွေ စားသုံးကြတာကွ လူတွေစားရတဲ့ ထမင်းကလည်း မရှိမဖြစ်တိုင်းပြည်အတွက် လိုတဲ့ ကိစ္စလေ။ပြန်တွေးကြည့်တော့တိုင်းပြည်အတွက်အလုပ်လုပ်နေတာလေကွာ  ဒီတော့ နိုင်ငံတော်ကလည်း ပံ ပို့ တာတွေဖြစ်စေချင်တာပေါ့ ဒါကဆန္ဒပါ ဖြစ်လာမှာတော့ မဟုတ်ဘူး
Time  Ayeyar  …အစိုးရအဆက်ဆက် လယ်သမားတွေကို ပြန်ကြည့်ခဲ့ တဲ့ သူဆိုတာရှိပြီလား ?
U  Kyaw  Kyaw  ..တစ်ခါမှ လယ်သမားတွေကို လယ်အစကနေအဆုံးအထိ ကွင်းဆင်းကြည့်ပြီး ပံ ပိုးကုညီတဲ့ အစိုးရမပေါ်သေးဘူး ဒိုင်စပါးချိန်တုန်းကလည်းလယ်သမားမှာ မရှိတာကို အကျေဆပ်ရမယ်ဆိုပြီးလုပ်တယ် ဒီလို မင်းမျိုးတွေပဲတွေ့ ခဲ့ ရတယ်ဒီလယ်သမားကဘာလိုတယ် ဘယ်လိုပံ ပိုးပေးရမယ်ဆိုပြီး ပြန်ကြည့်တဲ့  မင်း(သမ္မတ) ဘယ်သူမှ မရှိသေးဘူး မပေါ်သေးဘူး
Time  Ayeyar  ….မပေါ်သေးတော့ အန်ကယ်က ဘာဆက်လုပ်မလဲ
U  Kyaw  Kyaw  ကျွန်တော့်ကလေးတွေကို လယ်မလုပ်ဖို့ ပြောထားတယ်”
Time  Ayeyar    ဘာများဖြည့်စွက်ပြောချင်တာရှိသေးလဲ ။
U  Kyaw  Kyaw   မရှိတော့ပါဘူး။
Time  Ayeyar    တွေ့ ဆုံမေးမြန်းခွင့်ပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ်။
မျိုးမင်းပိုင်
No comments:
Post a Comment