Latest News

Tuesday, March 20, 2018

လှိုင်သာယာမြို့နယ်အတွင်း လုယက်မှု ကိုးမှုနှင့် ခိုးမှု ငါးမှု ဖော်ထုတ်ရရှိ

လှိုင်သာယာမြို့နယ်အတွင်း လုယက်မှု ကိုးမှုနှင့် ခိုးမှု ငါးမှု ဖော်ထုတ်ရရှိ

ရန်ကုန် မတ် ၁၉

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ခိုး၊ ဆိုး၊ လု၊ နှိုက်မှုများ  ဖမ်းဆီးရမိရေးအတွက် လင်းယုန်စီမံချက်အဆင့် (၁)ကို  အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ခိုးမှုပြစ်ချက် ဟောင်းရှိသူများကို ဖမ်းဆီးစစ်ဆေးရာမှ လှိုင်သာယာ မြို့နယ်အတွင်း လုယက်မှု ကိုးမှုနှင့် ခိုးမှု ငါးမှု ဖော်ထုတ် ရရှိခဲ့ကြောင်း သိရသည်။

မတ် ၇ ရက် ည ၈ နာရီတွင် ရန်ကုန်မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေးတပ်ဖွဲ့ဝင်များသည်  ခိုးမှုပြစ်ချက်ဟောင်းရှိသူ လှိုင်သာယာမြို့နယ်နေသူများဖြစ်သည့်  သန်းမြင့်အောင်(ခ) ဗေလုဝ (၂ဝ)နှစ်၊ မျိုးမင်းဦး(ခ) အသေးလေး(၁၆)နှစ်၊ သက်မောင်မောင် (ခ)မွှေးနီ(၁၈)နှစ်၊ သော်ဇင်လင်း(၁၇)နှစ်၊ သဲနိုင်မိုး(ခ) ဖိုးစိုး (၂ဝ)နှစ်တို့အား စစ်ဆေးရာ  ၄င်းတို့သည် ဇန်နဝါရီလတွင် လှိုင်သာယာမြို့နယ်အတွင်း၌ံHensim အမျိုးအစား ဆိုင်ကယ် တစ်စီး၊Samsung အမျိုးအစား အဖြူရောင် လက်ကိုင်ဖုန်း တစ်လုံး၊Redmi  အမျိုးအစား ငွေမင်ရောင်လက်ကိုင်ဖုန်း တစ်လုံး၊ Oppo  အမျိုးအစား အဖြူရောင် လက်ကိုင်ဖုန်း တစ်လုံး၊ Vivo အမျိုးအစား အဖြူရောင်လက်ကိုင်ဖုန်း တစ်လုံး၊ Feiling 125 CZI  အမျိုးအစား အနက်ရောင်ဆိုင်ကယ် တစ်စီးတို့အား ခိုးယူ၊ လုယက်ရောင်းချခဲ့ကြောင်း ပေါ်ပေါက်ခဲ့ သည်။

အလားတူ ၄င်းတို့ ငါးဦးသည် ဖေဖော်ဝါရီလအတွင်း Oppo  အမျိုးအစား အနက်ရောင် လက်ကိုင်ဖုန်း တစ်လုံး၊ မတ်လအတွင်းHuawei အမျိုးအစား အနက်ရောင် လက်ကိုင်ဖုန်း တစ်လုံး၊ Vivo အမျိုးအစား အဖြူရောင်  လက်ကိုင်ဖုန်း တစ်လုံး၊ Kenbo အမျိုးအစား အနက်ရောင် လက်ကိုင်ဖုန်း တစ်လုံး၊ Phicomm  အမျိုးအစား အဖြူရောင်လက်ကိုင်ဖုန်း တစ်လုံး၊Samsung အမျိုးအစား  အနက်ရောင်လက်ကိုင်ဖုန်း တစ်လုံး၊ Canda  အမျိုးအစား အနီရောင် ဆိုင်ကယ် တစ်စီး၊ Kenbo 125 အမျိုးအစား အနက်ရောင် ဆိုင်ကယ်တစ်စီးတို့အား ခိုးယူ၊ လုယက် ရောင်းချခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။

ပေါ်ပေါက်ချက်များအရ သက်သေခံပစ္စည်းများအား ပြန်လည်သိမ်းဆည်းနိုင်ခဲ့ကာ     ပြစ်မှုကျူးလွန်သူ သန်းမြင့်အောင် (ခ) ဗေလုဝပါ ငါးဦးတို့အား လှိုင်သာယာ မြို့မရဲစခန်းနှင့် သောင်ကြီးနယ်မြေရဲစခန်းတို့တွင် အမှုများ အသီးသီးရေးဖွင့်ပြီး သက်သေခံပစ္စည်းများနှင့်စပ်လျဉ်း၍ ပိုင်ရှင်အစစ်အမှန် သိရှိနိုင်ရန်အတွက် ပိုင်ရှင်များအနေဖြင့်  သက်ဆိုင်ရာရဲစခန်းများသို့ ဆက်သွယ်ဆောင်ရွက်နိုင်ပါရန်  အသိပေးဖော်ပြထားကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment