Latest News

Monday, March 19, 2018

အငှါးယာဉ်​​မောင်းအားသတ်​ပြီး ကားလုယူခံရမှုဖြစ်​ပွား

အငှါးယာဉ်​​မောင်းအားသတ်​ပြီး ကားလုယူခံရမှုဖြစ်​ပွား

ကျောင်းကုန်း  မတ်   ၁၉

ဧရာဝတီတိုင်း​ဒေသကြီး၊​ကျောင်းကုန်းမြို့မရဲစခန်း
(ပ)၆၈/၂၀၁၈၊ရာ​ဇသတ်​ကြီးပုဒ်​မ-၃၀၂ အမှုကို လူမှုကွန်​ယက်​စာမျက်​နှာတွင်​ ​သေဆုံးသူ၏မိသားစုများ ​တွေ့ရှိသွားပြီး​၊ ​ကျောင်းကုန်းမြို့နယ်​ နယ်​ထိန်း​ခေါင်း​ဆောင်​ အား ဖုန်းဖြင့်​ဆက်​သွယ်ကာမတ်​လ ၁၉ ရက်​​နေ့ မွန်းလွဲ ၁၂း၃၀ နာရီအချိန်​ ​ကျောင်းကုန်းမြို့မရဲစခန်း၌ ​သေဆုံးသူ၏ အဝတ်​အစား၊ အမှတ်​အသားများ အတည်​ပြုရာ မှန်​ကန်​​နေ၍ ​ရွှေပြည်​သာမြို့နယ်​​နေ ​အေးမင်းဦး(ခ)ဝတုတ်​ ဖြစ်​​ကြောင်း၊ ပုသိမ်​-​ချောင်းသာသို့ တစ်​ရက်​လျှင်​ ​လေး​သောင်းကျပ်​ဖြင့်​ ​လေးညအိပ်​ ငါးရက်​ အငှါးလိုက်​သွား​ကြောင်း ​သေဆုံးသူ၏မိခင်​က ​ပြောသည်​။

မော်​​တော်​ယာဉ်​နံပါတ်​မှာ DD/-----probox အဖြူ​ရောင်​ TAXI 1185 ဖြစ်​​ကြောင်း၊​ကျောင်းကုန်း တိုးဂိတ်​သို့ဖြတ်​မဖြတ်​စုံစမ်းရာ မ​တွေ့ရှိဘဲ ​ညောင်​တုန်း ​ဗိုလ်​မြတ်​ထွန်းတံတားရဲ့ CCTV မှာ ၁၈ ရက်​​နေ့နံနက်​၀၄း၂၇ နာရီအချိန်​ ​နောက်​​ကြောင်းပြန်​​ခေါက်​​ကြောင်း ဖြတ်​စာရင်းမှာ ​တွေ့ရသဖြင့်​ ကားပြန်​လည်​ရရှိ​ရေးနှင့်​ တရားခံများ အမြန်​ဆုံးဖမ်းမိနိုင်​​ရေး ခရိုင်​သို့ အဆင့်​ဆင့်​တင်​ပြပြီး ​ဆောင်​ရွက်​ထား​ကြောင်း မြို့မရဲစခန်းမှူး ဒုရဲမှူးမြင့်​​အောင်​ က​ပြောသည်​။
ဝင်းကြိုင်​(​ပြန်​/ဆက်​)

No comments:

Post a Comment