Latest News

Monday, March 19, 2018

အသက်ငယ်ရွယ်သူ မိန်းကလေးကို ကျူးလွန်သူအား မန္တလေးခရိုင်တရားရုံးမှ အလုပ်နှင့် ထောင်ဒဏ် အနှစ်(၂၀)အမိန့်ချမှတ်

အသက်ငယ်ရွယ်သူ မိန်းကလေးကို ကျူးလွန်သူအား မန္တလေးခရိုင်တရားရုံးမှ အလုပ်နှင့် ထောင်ဒဏ် အနှစ်(၂၀)အမိန့်ချမှတ်

မန္တလေး  မတ်  ၁၉

ပုသိမ်ကြီးမြို့နယ် အုန်းချောကျေးရွာ အမှတ် ၄ ရပ်ကွက်နေ မစခန်း၏သမီးဖြစ်သူ မ--------အသက် (၁၄)နှစ်အရွယ် ၁၀-၆-၂၀၁၇ ရက် မနက် ၈ နာရီခွဲက သမီး မ----၏ လည်ပင်းတွင် ညိုမည်း ဒဏ်ရာများကို တွေ့ရှိသဖြင့် ဘာဖြစ်တာလဲဟုမေးရာ ၉-၆-၂၀၁၇ နေ့ ည ၈ နာရီအချိန်ခန့်က ကိုဆိုင်းဆိုသူမှ ဆိုင်ကယ်ဖြင့် ရွှေစာရံသွားလမ်းဘေးတိုက်ပြာကြီးဘေး လမ်းဘေး ချုံအနီးခေါ်သွားပြီး တွန်းလှဲ၍ အပေါ်မှ တက်ခွကာ ဘောင်းဘီကို အတင်းဆွဲချွတ်ပြီး ခြေလက်များချုပ်ကိုင်ကာ သားမယားအဖြစ်တကြိမ် ပြုကျင့်ခဲ့ကြောင်း ပြောပြသိရှိခဲ့သဖြင့် အုန်းချောနယ်မြေရဲစခန်းသို့ အမှုဖွင့်တိုင်တန်းခဲ့သည်။

အဆိုပါ ရဲစခန်းမှ ထိုအမှုအား မန္တလေးခရိုင်တရားရုံးမှ ရာဇ၀တ်ကြီးမှုအမှတ် ၁၄၉/၂၀၁၇ ဖြင့် လက်ခံစစ်ဆေးခဲ့ပြီး ရာဇသတ်ကြီးပုဒ်မ ၃၇၆ ကို ကျူးလွန်ကြောင်း ထင်ရှားပေါ်ပေါက်သဖြင့် တရားခံ ကိုဆိုင်း(ခ) ဇော်ဆိုင်းအား ၂၀၁၈ ခုနှစ် မတ် ၁၉ ရက်တွင် မန္တလေးခရိုင်တရားရုံး ခရိုင်တရားသူကြီးမှ အလုပ်နှင့် ထောင်ဒဏ်အနှစ် (၂၀)ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
အောင်စံမောင်

No comments:

Post a Comment