တရားမဝင်သယ်ဆောင်လာတဲ့အရက်ဖမ်းဆီးအရေးယူ
မွန်ပြည်နယ် ရေးမြို့ နယ် Testforce အဖွဲ့ဝင်များဖြစ်တဲ့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ သက်သေပါဝင်သောပူးပေါင်းအဖွဲ့ဝင်တွေက မတ် ၁၈ ရက်နေ့ည ၉နာရီ ၁၀
မိနစ်အချိန်က တရားမဝင်သယ်ဆောင်လာတဲ့ အရက်ပါကင်တွေ ဖမ်းဆီးအရေးယူလိုက်ကြောင်းသိရသည်။
ယာဉ်မောင်း ဦးအောင်နိုင်ထွန်းကို အောင်မင်္ဂလာရပ်ကွက်ရှိ ဆေးဆိုင်မှဆေးပစ္စည်းများချနေစဉ်ယာဉ်ပေါ်တွင် Grand Royal Whisky တံဆိပ်ပါ လေ့ထောင့်ပုလင်း ၂၀ ပါကင် Grand RoyalWhisky တံဆိပ်ပါ ၈ပတ် ပုလင်း ၂၀ ပါကင် ၄ ပတ်ပါ ပုလင်း ၁၀ပါကင် Man Whisky ၃၀ပါကင် စုစုပေါင်းကာလတန်ဖိုး ကျပ်သိန်း ၃၀ နီးပါးခန့် တရားမဝင်သယ်ဆောင်ခွင့်ပါမစ်မရှိဘဲ အခုလိုအရေးယူလိုက်သည်ရေးမြို့မ ရဲစခန်းမှ ယာဉ်မောင်း အောင်နိုင်ထွန်းအား အမှုဖွင့်အရေးယူထားကြောင်းသိရသည်။
နေမျိုးထွဋ် ရေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment