Latest News

Monday, March 12, 2018

ဟိုပုံးထမ်စမ်းဂူသို့ တစ်ခေါက်ရောက်ခဲ့ရာဝယ်

ဟိုပုံးထမ်စမ်းဂူသို့ တစ်ခေါက်ရောက်ခဲ့ရာဝယ်

ဆောင်းနှောင်းနွေဦးအကြိုအခါသမယဖြစ်ငြား လည်း မြောက်ပြန်လေနှင့်အတူ နှင်းမှုန်လေး များပါ ဝှေ့ဝဲပါလာသည့် လတ်ဆတ်သော ပင့်သက်လေကို  အားပါးတရ  ရှူရှိုက်မိရင်း တစ်ကိုယ်လုံးအေးစိမ့်သွားအောင် ခံစားရသော အရုဏ်ဦးနံနက်မိုးသောက်ချိန် ၅ နာရီ ကျော်ပြီ။ အခုချိန်အထိ နေခြည်နုနုနွေးကို မမြင်ရသေး။ ကား ဆရာကိုစိုးဦးက ဝီရိယကောင်းစွာချိန်းထား သည့် အစီအစဉ်တိုင်း ရောက်လာသည်။ စာရေး သူတို့  ခရီးစဉ်ရှိတိုင်း  မော်တော်ယာဉ်ကို ကျွမ်းကျင်စွာ မောင်းနှင်နိုင်သည့်သူနှင့်အတူ သွားနေကျမို့ ယခုတစ်ခေါက်တွင်လည်း ယာဉ် ငယ်ပေါ်တွင် ပေါ်ကြိုဂေါပကအဖွဲ့ဝင် ဆရာ ဦးစိုင်းထွန်းရွှေလိုက်ပါလာသည်။ စာရေးသူကို ခေါ်ဆောင်ကာ နားခဲကျေးရွာနေ ပေါ်ကြို ဘုရားကြီး ဂေါပကအဖွဲ့ဥက္ကဋ္ဌဦးဆန်စိုင်းသာညွန့်အိမ်သို့ ခရီးအစပျိုးခဲ့ကြသည်။ စာရေး သူတို့ ဦးတည်ချက်မှာ ရှေးဟောင်းသမိုင်းဝင် သီပေါပေါ်ကြိုဘုရားကြီး ဗုဒ္ဓပူဇနိယတပေါင်း ပွဲတော်ဖွင့်ပွဲအခမ်းအနားသို့  တက်ရောက် ချီးမြှင့်ရန် ရှမ်းပြည်နယ်၏ မြို့တော်တောင်ကြီး မြို့မှ လူကြီးများအား သွားရောက်ဖိတ်ကြား ခြင်းဖြစ်ပေသည်။

ခရီလမ်းပေါက်ခဲ့
တောင်ကြီးနှင့် ရှမ်းပြည်နယ်မြောက်ပိုင်း ခရီးစဉ်မှာ လားရှိုးမှ ခရီးနှင်ပါက လားရှိုး၊ သီပေါ၊  ကျောက်မဲ၊  နောင်ချို၊  ပြင်ဦးလွင်၊ မ္တလေး၊ မိတ္ထီလာ၊ သာစည်စသော မြို့များကို ဖြတ်သန်းပြီးမှ  ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့သို့  ရောက်ရှိမည်ဖြစ်သည်။ ဒီခရီးလမ်းမှာ ယခင်ကတည်းက ရှိပြီးသား ခရီး စဉ်ဖြစ်သည်။ အချိန်ကြာပြီး ခရီးလမ်းဝေးသည်။ စာရေးသူတို့အဖွဲ့ အရင်လိုလမ်းအိုကို မလိုက်ဘဲ၊ ဂုတ်တွင်း၊  နောင်ချိုမြို့မှတစ်ဆင့်  ကျောက်ဂူ၊ အင်တောလမ်း၊ ဒုဋ္ဌဝတီ (နောင်ချို) တံတားကို ဖြတ်ကျော်၍ ရပ်စောက်၊ တောင်ကြီးလမ်းအတိုင်း ခရီးနှင်လာကြခြင်းဖြစ်သည်။ ဤလမ်းမှာ အချိန် ကုန်၊ လူပန်းသက်သာ၍  စာရေးသူတို့အဖွဲ့  နေ မစောင်းမီ ညနေ ၃ နာရီကျော်ခန့် တောင်ကြီးမြို့သို့ ရောက်ခဲ့ကြပြီ၊ တစ်ခါတစ်ရံ အရေးကြီးအလုပ်ရှိပါ က နေ့ချင်းပြန်ပင် ခရီးလမ်းပေါက်ခဲ့သည်။
ဟိုပုံးထမ်စမ်းဂူသို့
တောင်ကြီးတွင် ရုံးကိစ္စများ ဆောင်ရွက်ရန် ရုံးချိန် မရှိတော့သဖြင့် အချိန်ရသခိုက် စာရေးသူ တို့အဖွဲ့ တောင်ကြီးမြို့နယ် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသဟိုပုံးထမ်စမ်းဂူသို့  ဘုရားဖူးမြော်ရန် ခရီးဆက်ခဲ့ကြသည်။ လိုဏ်ဂူဟာ ကြီးမားကျယ်ဝန်း သော သဘာဝလိုဏ်ဂူဖြစ်ရာ ဂူအတွင်းပိုင်းများကို အင်္ဂတေလမ်းများ ခင်းခြင်းအပါအဝင် ပြင်ဆင်မှု များ ပြုလုပ်သွားသည်။ ကျောက်ပန်းခက်၊ ပန်း လက်များဖြင့် အံ့သြဖွယ်ရာ အလွန်လှပတွေ့မြင် ရသဖြင့် ပြည်တွင်း၊ ပြည်ပနိုင်ငံခြားသားတိုးရစ်များ၊ ရပ်နီး၊ ရပ်ဝေးခရီးသွားဧည့်သည်များ၊ ဒေသခံ ပြည်သူများ အပန်းဖြေဘုရားဖူးအများအပြားကို တွေ့ရသည်။ ဘုရားဖူးလာ ဧည့်ပရိသတ်များအား ထမ်စမ်းဂူကို ထိန်းသိမ်းစောင့်ရှောက် သာသနာပြု တော်မူသော ဟိုပုံးကိုရင်လေးရှင်ပေါရိသာနှင့် ဘုရားဂေါပကအဖွဲ့က အသက်သတ်လွတ်ထမင်း ဟင်းလျာများကို နေ့စဉ်ကျွေးမွေးဒါနပြုလျက်ရှိ သည်။ ယခုလို ကျွေးမွေးခြင်းမှာ တစ်နေ့လျှင် ဆန် ၁ဝ အိတ်မှ ၁၅ အိတ်အထိ ကျွေးမွေးခြင်းဖြစ်ပြီး ဥပုဒ်၊ လပြည့်၊ လကွယ်နေ့ကြီးများဆိုရင်  ဆန်အိတ် ၅ဝ မှ ၆ဝ အထိ ဒါနပြုသကဲ့သို့ အဆိုပါ အသက် သတ်လွတ် ထမင်းဟင်းလျာများ သုံးဆောင်ရခြင်း ကြောင့်  ဘေးအ္တရာယ်များ  ကင်းရှင်းကြောင်း သိရသည်။
စာရေးသူတို့ ဘုရားဖူးဓမ္မမိတ်ဆွေများ လိုဏ် ဂူတော်အတွင်းအပြင် လေ့လာ၍ မှတ်တမ်းတင် ဓာတ်ပုံများ  ရိုက်ကူးပြီး  ဟိုပုံးကိုရင်လေးအား ဝင်ရောက်ဖူးမြော်ရန် ရည်မှန်းထားသော်လည်း ကိုရင်လေးမှာ သီတင်းသုံးရာ ကျောင်းတိုက်သို့ ပြန်ြ<ွကသွားသဖြင့် ဖူးမြော်ခွင့် မရလိုက်သော်လည်း အလှူခံဌာနမှ  ကိုရင်ကြီးထံသို့  အလှူငွေများ လှူဒါန်းပြီး သိလိုသော အချက်များကို လျှောက် ထားမေးမြန်းခွင့် ရရှိခဲ့ပါသည်။
ဝမ်းသာပီတိဖြစ်ခဲ့ရ
စာရေးသူတို့ ရောက်ရှိချိန်တွင် ထမ်စမ်းဂူ၏ ဘယ်ဘက်ဂူပိတ်ထားသဖြင့်  မေးမြန်းလျှောက် ထားကြည့်ရာ  အခုဂူကို  ဆက်လက်ဖောက်နေ ကြောင်း၊ ဘုရားဖူးများအ္တရာယ်ရှိမည်စိုးသဖြင့် ခေတ္တပိတ်ထားကြောင်း ဆက်လက်တူးဖော်ပြီး စီးပါက ပြန်လည်ဖွင့်ပေးမည်ဖြစ်ကြောင်း သိရှိရ သဖြင့်   ဂူအတွင်း   ညာဘက်အတိုင်းဝင်ခဲ့ရာ ကျောက်သား၊ ကျောက်ခက်များ၊ ကျောက် ဆောင်များကြားက ရေတသွင်သွင် စီးဆင်းနေ ပြီး အခါမလပ်သန့်ရှင်းရေးပြုလုပ်ကာ ကုသိုလ် ယူနေကြသော ပအိုဝ်းတိုင်းရင်းသူများ အပါ အဝင် သက်ကြီးပုဂ္ဂိုလ်များပါ တွေ့ရှိရသဖြင့်           ဝမ်းသာပီတိသာဓုအနုမောဒနာအကြိမ်ကြိမ် ခေါ်ဆိုမိပါသည်။
သမိုင်းဝင်ဂူဖြစ်
ဆက်လက်၍ ဂူအတွင်းသို့ ဝင်ရောက်ခဲ့ရာ ရှေးဟောင်းဘုရားစေတီများ၊ ဆင်းတုတော်များ ကို ဖူးတွေ့ရပြီး လိုဏ်ဂူကျောက်သားနံရံတွင် မြတ်ဗုဒ္ဓခြေရာတော်ကြီးကိုပါ ဖူးတွေ့ခဲ့ရပေ သည်။ လိုဏ်ဂူနံရံများတွင် ထုံးကျောက်အထွတ် များ၊ အàာများကိုတွေ့ရပြီး အပေါ်ယံမှ ရေ တစ်စက်စက်ကျနေသဖြင့် အေးစိမ့်သလိုခံစားရ သည်။ လိုဏ်ဂူအတွင်း အချို့နေရာများတွင် ဘာသာရေးနှင့်သက်ဆိုင်သော အထိမ်းအမှတ် ပစ္စည်းများ  ရုပ်တုများကိုလည်း တွေ့မြင်ရပေ သည်။
ရှေ့ဆက်လေ့လာခဲ့ရာ  လိုဏ်ဂူအနေ အထားမှာ သမိုင်းဝင်ဂူဖြစ်ပြီး သက်တမ်းရင့်ဂူ တစ်ဂူဖြစ်ကြောင်း ကိုရင်ကြီးက မိန့်ကြားပြောပြ သည်။  ဆက်လက်၍  ဂူလမ်းကြောင်းကို ဖောက် လျက်ရှိကြောင်း သိရသည်။
ရှမ်းပြည်နယ်၏ မြို့တော်တောင်ကြီးမြို့သို့ ရောက်ရှိခဲ့ပါက ရွှေညောင်မြို့၊ ယင်းမှတစ်ဆင့် ညောင်ရွှေမြို့သို့ ရောက်ကာ ရေလမ်းခရီး ၁၂ မိုင်ခန့်  မော်တော်စီးကာ  စင်ရော်ငှက်လေး များကို အစာကျွေးလှိုင်းစီးရင်းဖြင့် ရှေးဟောင်း သမိုင်းဝင် ဖောင်တော် ဦးမြတ်ဘုရားကို ဖူးမြော်ရ မည်ဖြစ်ပေသည်။
ဆက်လက်၍ တန်ခိုးကြီး ရှေးဟောင်း မွေတော် ကက္ကူဘုရားသို့လည်း ဖူးမြော်နိုင်မည် ဖြစ်ပါကြောင်း  နိဗ္ဗာန်အကျိုးမြော်၍  နှိုးဆော် တိုက်တွန်းလိုက်ပါသတည်း။      
စိုင်းသာလှိုင်(လိမ္မော်မြေ)

No comments:

Post a Comment