
ဒါတွေကိုအကျယ်ချဲ့ တွေးချင်သူတွေလဲ တွေးနိုင်။ ငြင်းချင်သူတွေ လည်း ချက်နဲ့လက်နဲ့ ဆက် ငြင်းနိုင်ကြဘို့ ကျနော် ပန့်ပိုးပါတယ်။( မိတ်ဆွေတချို့ကလည်းတိုက်တွန်း။ ကိုယ်တိုင်ကလည်း တာဝန်ရှိတယ်လို့ ခံယူ ) အချက်အလက်ဆိုတာ စိတ်ကူးနဲ့ ပြောရတာမဟုတ်မျိုးမဟုတ်တော့ အကိုးအကားတွေရှာရတာပ။
အားတူးပီ ကို လူတွေ စစဉ်းစားပြီးပြောလာကြတာသက္ကရာဇ် ၂၀၀၁ လောက်က။ ဆိုတော့ သိတ်မကြာသေးဘူးဆိုလို့ရပါတယ် ။ ကမ္ဘာကြီးမှာ အဲဒီမတိုင်ခင် ကတည်းက ဘာသာရေး လူမျိုးရေး ဇာတ်-အနွယ် နယ်မြေ အယူဝါဒ (Ethnicity, religion, cast, nationality, class, idealogy,)
စစ်မက် နိုင်ငံရေးအာဏာ-စတဲ့စတဲ့ အကြောင်းတွေကိုအခြေခံပြီး လူသားအချင်းချင်းမျိုးဖြုတ်သုတ်သင်ရှင်းလင်းကြတာတွေ အကြိမ်မနဲ။ အကြောင်းမနဲလှပါဘူး။ လူစိတ်ပျောက်ကျူးလွန်လာလိုက်ကြပုံများ ဒုတိယ ကမ္ဘာစစ်ထဲနာဇီတွေကဂျူးတွေကို သတ်နေခဲ့တုန်း(1940’s holocast) အာတူးပီဆိုတာ မမွေးသေးဘူး။ ၁၉၇၀ ၀န်းကျင် ကမ္ဘောဒီးယားနိုင်ငံ ခမာနီတွေအာဏာရတဲ့အခိုက်လေး အယူအဆမတူသူတွေကိုသန်းနဲ့ချီ သုတ်သင်ရှင်းလင်းနေတုန်းကလည်း အာတူးပီ ကိုယ်ဝန်မဆောင်နိုင်သေးဘူး ။ အို ... သူ့တိုင်းပြည် သူ့ အချုပ်အချာ သူ့ ကိစ္စပဲ။ ဒို့ နဲ့ မဆိုင်ဘူး။
ကမ္ဘာသူကမ္ဘာသားတွေ အာတူးပီ ကို သေချာစ စဉ်းစားဖြစ်တာ ရ၀မ်ဒါ လူမျိုးတုန်းသုတ်သင်ကြတဲ့ဖြစ်စဉ်နောက်ပိုင်းပေါ့ ။ ၁၉၉၄က ရ၀မ်ဒါ မှာ ဟူတူလူမျိုးတွေက တွက်စီတွေ ကို လူမျိုးတုံး ရှင်းလင်း သတ်ဖြတ်ကြတယ်။ ၄-၅ လလောက်အတွင်း လူ ၅သိန်းကနေ တသန်းလောက်အထိသေကြေပျက်စီးကြတယ်။ ဒါကို အုပ်ချုပ်တဲ့ အစိုးရက ကာကွယ်မှုတွေ ဘာမှမပေးနိုင်။ လူသားသမိုင်းမှာတော်တော် အကျည်းတန်တယ်ပေါ့ ။ အဲလို ဆိုတော့ ဒါမျိုးတွေ ကမ္ဘာကြီးမှာ ထပ်မဖြစ်သင့်ဘူး ။ဒါမျိုးကို နိုင်ငံတကာလူသားအားလုံးက ၀ိုင်းဝန်းတားဆီးနိုင်ကြရမယ်ဆိုပြီး ပြန်စဉ်းစားမိကြပါတယ်။
၂၀၀၁ လောက် ကနေဒါနိုင်ငံမှာ အစပြုလို့ ကွန်ဖရင့်တွေလုပ်တယ်။ အခု ရခိုင်ပြည်နယ်ပြသနာကို ဖြေရှင်းဘို့ ကော်မရှင်ဖွဲ့တော့ ခေါင်းဆောင်နေရတဲ့ ကုလအတွင်းရေးမှူးချုပ် ကိုဖီအာနန်တို့ က ဦးဆောင်ဦးရွက်ပါခဲ့ကြတာပေါ့။ ကမ္ဘာ့အရပ်ရပ် က နေရာအနှံ့မှာ ဘယ်လူသားမျိုးကို မဆို သူတို့တွေအပေါ်ကျရောက်လာမယ့် ၊ ကျရောက်နေဆဲ ဘေး အန္တရာယ်အမျိုးမျိုး ကနေ အကာအကွယ်ပေးရန် ( to protect population from Genocide ,War crimes, Ethnic cleansing , Crimes against humanity )လူသားအားလုံးမှာ တာဝန်ရှိမှု ဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေးနွေးလာလိုက်ကြတာ…….
သက္ကရာဇ် ၂၀၀၅ ကုလသမဂ္ဂ ညီလာခံကျတော့ အားလုံးသဘောတူ လက်မှတ်ရေးထိုး ပြီး အာတူးပီကို စ အသက်သွင်းကြပါတယ်။
-
တကယ်တန်း အာတူးပီ (Responsibility to Protect ) ဆိုတဲ့အဓိပ္ပါယ်က အခုကျနော်တို့ သာမန်အလွယ်နားလည်သလို ပြသနာဖြစ်နေတဲ့ နိုင်ငံကို-နေရာတခုကို ကုလသမဂ္ဂ ဦးဆောင်တဲ့နိုင်ငံတကာတပ်တွေကအလွယ် ၀င်လာပြီး အခြေအနေတွေကို ၀င်ထိန်းသိမ်းလိုက်တဲ့ကိစ္စမျိုး အရင်လာမှာ စဉ်းစားရမှာ မဟုတ်ပါဘူး။ စစ်ရေးအရ ၀င်ရောက်မစွက်ဖက်ခင် သူ့ရှေ့မှာ အရင်လုပ်သွားရမယ့် လုပ်ထုံးလုပ်နည်းတွေ အဆင့် ဆင့် တပုံကြီး ခံနေပါတယ်။
ပထမအဆင့်က ပြသနာဖြစ်နေတဲ့ နေရာမှာ အစိုးရကိုယ်တိုင်က လူမျိုးတုန်း သတ်ဖြတ်တာတွေ( Genocide ) ။ စစ်ရာဇ၀တ်မှုဖြစ်နေတာတွေ War Crime ။ လူမျိုးစု အချင်းချင်းဖယ်ရှားရှင်းလင်းတာတွေ( Ethnic Cleansing ) လူသားမဆန်လှစွာ ရာဇ၀တ်မှုကျူးလွန်နေတာတွေ ( Crime against Humanity ) သဘာဝဘေးအန္တရာယ်ကပ်ဆိုးကျရောက်နေတာတွေ ( Natural Disaster ) (Murdered, torture, rape, starvation, expulsion, mass atrocities, genocide, ethnic cleansing) အဲဒါတွေကို
ကို အရင်တားဆီးဖို့ ကာကွယ်ဘို့ ဖြေရှင်းနိုင်-အရေးယူနိုင်- တာဝန်ယူနိုင်ရပါလိမ့်မယ်။ ဒါကို နိုင်ငံတကာအသိုင်းအ၀ိုင်း လည်း အဲဒီအစိုးရအင်အားရှိအောင် ၀ိုင်းကူညီပေးရမယ်။တည့်မတ်ပေးရမယ်။( မီးဝင်မမွှေးရဘူး။ ဆီဝင်မလောင်းရဘူး) ပတ်ဝန်းကျင်-အိမ်နီးချင်းနိုင်ငံတွေ ၊ ဒေသဆိုင်ရာ အဖွဲ့ကြီးတွေ ( Regional Organizations ) လူမှုအဖွဲ့အစည်းတွေ( Civil Sociaties ) တွေက ၀ိုင်းဝန်းထိန်းသိမ်းပေးရမယ်။ ဒါတွေ မဖြစ်နိုင်တော့ဘူးလား။ ဒီလိုဆို ကုလသမဂ္ဂမှာဆွေးနွေးကြမယ်။ အစည်းအဝေးထိုင်ဆုံးဖြတ်ကြမယ်။ ပိုပို ဆိုးလာရင် နောက်ဆုံး လုံခြုံရေးကောင်စီ အစည်းအဝေးခေါ် ပြီး ဆုံးဖြတ်ရယူရမယ်။ အဲဒီမှာ တညီတညွတ်ထဲ ကုလသမဂ္ဂ ဆုံးဖြတ်ချက် ၊ ကုလလုံခြုံရေးကောင်စီရဲ့ သဘောတူညီချက်ရပြီဆိုရင် ( UN Mandate and UNSC consensus ) တပ်တွေ စေလွှတ်နိုင်တယ်ပေါ့ ။ တပ်တွေဆိုတာကတော့ နေတိုး NATO ကိုပြောတာ။ အဲဒီမှာ ဗီတိုသုံးနိုင်တဲ့ နိုင်ငံတခုခုက ကန့်ကွက်လိုက်ရင် ……. အထမမြောက်တော့ပြန်ဘူး။
The use of force may only carried out as a measure last resort, when all other non-coercive measures have failed, and only when it is authorized by the UN Security Council.
( ဆက်ရေးပါဦးမယ်)
ခွန်ဆိုင်း ၁၂-၃-၂၀၁၈
No comments:
Post a Comment