၂ဝ၁၈ ခုနှစ်အတွက် ကိုရီးယားသမ္မတနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်လိုသူများ လျှောက်ထားမှုစတင်တော့မည်
နေပြည်တော် မတ် ၁
၂ဝ၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံသားများ အများဆုံး စိတ်ဝင်စားစွာ လျှောက်ထားခဲ့ကြသည့် ကိုရီးယားသမ္မတနိုင်ငံ အလုပ်လုပ်ကိုင်ခွင့် အတွက် အမှတ်ပေးစနစ်အသုံးပြု၍ အလုပ်ခန့်ထားသည့်စနစ် စတင်တော့မည်ဖြစ်ရာ ကိုရီးယားဘာသာအရည်အချင်းစစ် စာမေးပွဲ ဖြေဆိုခွင့်များ မကြာမီလျှောက်ထားနိုင်တော့မည်ဖြစ်ကြောင်း သိရ သည်။
ကိုရီးယားသမ္မတနိုင်ငံတွင် အလုပ်လုပ်ရန် အသက် ၁၈ နှစ်မှ ၃၉ နှစ်အကြား အမျိုးသားများ လျှောက်ထားနိုင်ပြီး အရေးယူခံထားရခြင်း၊ မိခင်နိုင်ငံမှ ပြည်ပသို့ ထွက်ခွာရန် တားမြစ်ခံရခြင်းရှိသူများမှအပ လျှောက်ထားနိုင်ပြီဖြစ်သည်။ ယခုနှစ်တွင် ကိုရီးယားဘာသာစကား သင်တန်းကျောင်းများသို့ စာမေးပွဲလျှောက်လွှာများ ကြိုတင်ထုတ်ပေး ထားမည်ဖြစ်ပြီး သင်တန်းတာဝန်ခံများက ကိုယ်တိုင်လာရောက်၍ သင်တန်းကျောင်းအမည်၊ သင်တန်းလိပ်စာ၊ ဆက်သွယ်ရန်ဖုန်းနံပါတ် များ၊ ကျောင်းသားစာရင်း၊ မွေးသက္ကရာဇ်၊ နိုင်ငံကူးလက်မှတ်တို့ကို စာရင်းပြုစုတင်ပြပြီး ကျောင်းသားဦးရေအတိုင်း လျှောက်လွှာများ ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
''သင်တန်းကျောင်းတွေအတွက် ကြိုတင်လျှောက်လွှာတွေကို ရန်ကုန်တိုင်းဒေသကြီး အောက်မြန်မာပြည်မှာ မတ် ၅ ရက်ကနေ ၆ ရက်အထိ နဂါးရုံဘုရားလမ်း မရမ်းကုန်းမြို့နယ်CBTစင်တာမှာ ထုတ်ပေးမှာဖြစ်ပြီး မ္တလေးတိုင်းဒေသကြီး အထက်မြန်မာပြည် အတွက်တော့ မတ် ၉ ရက်နဲ့ ၁ဝ ရက်မှာ အလုပ်သမားòန်ကြားရေး ဦးစီးဌာန ကျွမ်းကျင်မှုသင်တန်းကျောင်း ကနောင်မင်းသားကြီးလမ်း စက်မှုဇုန် ၂ ပြည်ကြီးတံခွန်မြို့နယ်မှာ ထုတ်ပေးသွားမှာဖြစ်ပါတယ်၊ စာမေးပွဲလျှောက်လွှာထုတ်မယ့် အားလုံးတစ်ပြေးညီရက်ကတော့ မတ် ၁၂ ရက်ကနေ ၁၅ ရက်အထိ ဖြစ်ပါတယ်၊ လျှောက်လွှာထုတ်ပေးမယ့် နေရာတွေက အလုပ်သမားòန်ကြားရေးဦးစီးဌာန ကျွမ်းကျင်မှု သင်တန်းကျောင်း (၄၃) ရပ်ကွက် ဒဂုံမြို့သစ်မြောက်ပိုင်းနဲ့ မ္တလေး ကျွမ်းကျင်မှုသင်တန်းကျောင်း ကနောင်မင်းသားကြီးလမ်းတို့မှာ ထုတ်ပေးသွားမယ်''ဟု အလုပ်သမားòန်ကြားရေးဦးစီးဌာနမှ တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။
တစ်ဦးချင်းလျှောက်ထားသူများအနေဖြင့် လူကိုယ်တိုင် လာရောက် လျှောက်ထားရမည်ဖြစ်ပြီး စာမေးပွဲဖြေဆိုခွင့်မှတ်ပုံတင်ကြေး အမေ ရိကန်ဒေါ်လာ ၂၄ ဒေါ်လာနှင့်အတူ နိုင်ငံသားလက်မှတ်မူရင်းနှင့် မိတ္တူတို့ဖြင့် လျှောက်ထားရမည်ဖြစ်ကာ ၃ ဒသမ ၅၊ ၄ ဒသမ ၄ လက်မ ပတ်စ်ပို့ဓာတ်ပုံနှစ်ပုံဖြင့် လျှောက်ထားရမည် ဖြစ်ကြောင်း သိရသည်။
ကိုရီးယားသမ္မတနိုင်ငံသို့ ၂ဝ၁၁ ခုနှစ်မှ ယခုချိန်အထိ အစိုးရ၊ ပြည်ပအလုပ်အကိုင်အေဂျင်စီ အစီအစဉ်ဖြင့် စေလွှတ်ခဲ့သည့် အလုပ်သမားဦးရေမှာ နှစ်သိန်းခွဲ ဝန်းကျင်ရှိနေပြီး လုပ်ခလစာများပြားခြင်း၊ လုံခြုံစိတ်ချ ရခြင်းနှင့် ကုန်ကျစရိတ် သက်သာခြင်းတို့ကြောင့် လူဦး ရေထောင်၊ သောင်းချီကာ တစ်နှစ်တစ်နှစ် လျှောက်ထား နေကြသည့် ပြည်ပအလုပ်အကိုင်တစ်ခုလည်း ဖြစ် သည်။
ခင်ရတနာ၊ ဓာတ်ပုံ- မေဦးမိုး
Thursday, March 1, 2018
Subscribe to:
Post Comments (Atom)
No comments:
Post a Comment