Latest News

Thursday, March 1, 2018

ရခိုင်မဟာမြတ်မုနိဘုရား အာရုံခံတန်ဆောင်းအား ရွှေထီးတော်တင်လှူပူဇော်ပွဲကျင်းပ

ရခိုင်မဟာမြတ်မုနိဘုရား အာရုံခံတန်ဆောင်းအား ရွှေထီးတော်တင်လှူပူဇော်ပွဲကျင်းပ

ကျောက်တော်    မတ်   ၁

ရခိုင်ပြည်နယ်  ကျောက်တော်မြို့နယ်ရှိ ရှေးဟောင်းသမိုင်းဝင်  အထင်ကရ ရခိုင်မဟာမြတ်မုနိဘုရား     အာရုံခံ တန်ဆောင်းအား ရွှေထီးတော်တင်လှူပူဇော်ပွဲကို မတ် ၁ ရက် နံနက် ၉ နာရီက  မဟာမြတ်မုနိဘုရား အနောက်ဘက်  ရင်ပြင်တော်ပေါ်၌  စည်ကား သိုက်မြိုက်စွာ ကျင်းပရာ ဘုရားဂေါပက အ¸ဝင်များ၊ ကျောက်တော်တပ်နယ်မှ အရာရှိ  အရာခံများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊  စေတနာရှင် အလှူရှင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ပူဇော်ကြသည်။
ရှေးဦးစွာ      အခမ်းအနားသို့ တက်ရောက်လာကြသူများက  နမော တဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနား   ကို ဖွင့်လှစ်ပြီး မြို့နယ် သံဃနာယက      အဖွဲ့ဥက္ကဋ္ဌ လမုန်းသားဆရာတော်ကြီး ထံမှ ငါးပါးသီလခံယူကာ  စိန်ဖူးတော်၊  ရွှေထီးတော်များနှင့် အမွှေးနံ့သာရည် များအား ဆရာတော်ကြီးများထံ ကပ်လှူ ပူဇော်ကြပြီး    ဆရာတော်ကြီးများက မေတ္တသုတ်တရားတော်အား ဟောကြား ချီးမြှင့်တော်မူသည်။
ယင်းနောက် စိန်ဖူးတော်နှင့် ရွှေထီး တော်ဘုံအဆင့်များကို  ဆရာတော်ကြီး များနှင့် စေတနာရှင် အလှူရှင်များက ပင့်ဆောင်၍    မဟာမြတ်မုနိဘုရားအား လက်ယာရစ်လှည့်လည်ပူဇော်ပြီး မင်္ဂလာ အချိန်တွင် ရွှေထီးတော်ပထမအဆင့် အား  ကပ်လှူပူဇော်စဉ်  ဆရာတော် ကြီးများက  ဇယ္တော  အစချီသောဂါထာ အား ရွတ်ဖတ်ပူဇော်ကာ ထီးတော်တင် အဆင့်ဆင့်  တင်လှူပူဇော်ပြီး ရတနာ ရွှေမိုးငွေမိုး ရွာသွန်းပေးကြသည်။
ဆက်လက်၍   ထီးတော်တင်လှူရ ခြင်း၏ အနုမောဒနာတရားတော်အား မြို့နယ်သံဃနာယကဥက္ကဋ္ဌ  လမုန်းသား ဆရာတော်ကြီးက ဟောကြားချီးမြှင့်ပြီး တက်ရောက်လာကြသူများက လှူဖွယ် ဝတ္ထုပစ္စည်းများအား  ဆရာတော်ကြီး များထံ    ဆက်ကပ်လှူဒါန်းကြောင်း သိရ သည်။              ဝင်းမင်းစိုး(ပြန်/ဆက်)

No comments:

Post a Comment