Latest News

Wednesday, March 14, 2018

ပင်​လည်​ဘူးမြို့နယ်​အတွင်းမှမူးယစ်​​ဆေးဝါး​ငွေကျပ်​ သိန်း(၄၀၀)​ကျော်​ဖိုးဖမ်းမိ

ပင်​လည်​ဘူးမြို့နယ်​အတွင်းမှမူးယစ်​​ဆေးဝါး​ငွေကျပ်​   သိန်း(၄၀၀)​ကျော်​ဖိုးဖမ်းမိ

ကသာ   မတ်  ၁၄

စစ်​ကိုင်းတိုင်း​ဒေသကြီး၊ကသာခရိုင်​၊ပင်​လည်​ဘူးမြို့နယ်​ကောလင်း  - ပင်​လည်​ဘူးသွားကားလမ်း​ပေါ်မှဘိန်းဖြူနှင့်​WYစိတ်​ကြွ​ဆေးပြားများ ဖမ်းဆီးရမိခဲ့​ကြောင်းသိရသည်​။

ဖြစ်​စဉ်​မှာ ၁၃၊၃၊၁၈ ရက်​​နေ့ည​နေ ၆ နာရီအချိန်​ခန့်​တွင်​ပင်​လည်​ဘူးမြို့နယ်​၊ ​မြေလင်းနယ်​​မြေရဲကင်းစခန်းမှူးရဲအုပ်​ထွန်းသာ​ဝေ ဦးစီး​သောရဲတပ်​ဖွဲ့ဝင်​များသည်​သက်​​သေများနှင့်​အတူ​ကောလင်း - ပင်​လည်​ဘူးသွားကားလမ်းမိုင်​တိုင်​အမှတ်​ ၄၂/၄နှင့်​၅ကြားမူးယစ်​​ဆေးဝါး သတင်းအရ​စောင့်​ဆိုင်း​နေစဉ်​​ကောလင်းမြို့ဘက်​မှ ဝင်းသိန်း ဆိုသူ
မောင်းနှင်​လာ​သောဆိုင်​ကယ်​အားမသင်္ကာ၍ရပ်​တန့်​စစ်​ဆေးခဲ့ရာဆိုင်​ကယ်​၏​ရှေ့ခြင်းထဲတွင်ထည့်ထား​​​သော​ကျောပိုးအိတ်​အတွင်းမှဘိန်းဖြူ (၃၃၄)ဂရမ်​နှင့်​WYစိတ်​ကြွ​ဆေးပြား(၂၀၀၀)ပြား၊မြန်မာ​ငွေစက္ကူ​ရောရာ(၂၀၀၀၀)ကျပ်​၊စုစု​ပေါင်းတန်​ဖို​ငွေကျပ်သိန်း(၄၃၄၀၀၀၀၀ိ)အား ရှာ​ဖွေဖမ်းဆီးရမိသဖြင့်​မူးယစ်​​ဆေးဝါးသယ်​​ဆောင်​လာသူဝင်းသိန်း၊ ရွာသာ​ကျေးရွာ၊​ဖောင်းပြင်​မြို့နယ်​​နေသူအားပင်​လည်ဘူးမြို့မရဲစခန်းမှ ဥပ​ဒေအရဖမ်းဆီးအ​ရေးယူ​ဆောင်​ရွက်​ထား​ကြောင်း ရဲအုပ်​ထွန်းသာ​ဝေမှ​ပြောပြသိရှိရပါသည်​။

                                                        လူ​အောင်​(ကသာ)

No comments:

Post a Comment