Latest News

Wednesday, March 14, 2018

ရန်ကုန်အခြေစိုက် ရိုက်တာသတင်းဌာနမှ သတင်းထောက်နှစ်ဦးရုံးထုတ် သက်သေနှစ်ဦး စစ်ဆေး

ရန်ကုန်အခြေစိုက် ရိုက်တာသတင်းဌာနမှ သတင်းထောက်နှစ်ဦးရုံးထုတ် သက်သေနှစ်ဦး စစ်ဆေး

ရန်ကုန်   မတ်   ၁၄

၁၉၂၃ ခုနှစ် မြန်မာနိုင်ငံအစိုးရ  လျှို့ ဝှက်ချက်များ  အက်  ဥပဒေ  ပုဒ်မ  ၃(၁)(ဂ)ဖြင့်  တရားစွဲခံထားရသော  ရန်ကုန်အခြေစိုက် ရိုက်တာသတင်းဌာနမှသတင်းထောက်သက်ဦးမောင်(ခ)ဝလုံး နှင့် ကျော်စိုးဦး(ခ)မိုးအောင်  တို့နှစ်ဦးကို  မတ်(၁၄)ရက်  ယနေ့နံနက် (၁၀)နာရီ  က ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံး  သို့ ရုံးထုတ်ရောက်ရှိခဲ့ ပြီးနောက်  အမှုနှင့်ပတ်သက်သော လိုပြသက်သေနှစ်ဦးအား  ဒုတိယခရိုင်တရားသူကြီး-၆ ဦးရဲလွင်  ကစစ်ဆေးမှုပြုလုပ်ခဲ့ကြောင်း  အဆိုပါတရားရုံးမှသိရှိရသည်။

ယနေ့ရုံးထုတ်စစ်ဆေးဆောင်ရွက်ခဲ့မှုနှင့် ပတ်သက်၍ ရန်ကုန်မြောက်ပိုင်း ခရိုင်တရားရုံးဒုတိယ ခရိုင်တရားသူကြီး-၂ သတင်းနှင့်ပြန်ကြားရေးအရာရှိ  ဦးအုန်းခိုင် က"ဒီကနေ့မှာ  လိုပြသက်သေနှစ်ဦးစစ်ဆေးပါတယ်  အဲဒါကဖမ်းဆီးခံရသူ  သက်ဦးမောင်(ခေါ်)ဝလုံး  နေထိုင်တဲ့ မရမ်းကုန်းမြို့နယ် (၉)ရပ်ကွက်ညောင်ပင်လမ်း  အိမ်အမှတ်(၂၅၃/ခ)အိမ်ကိုသွားရောက် ရှာဖွေ တဲ့အခါ  အတူပါဝင်ခဲ့တဲ့ရပ်ကွက်အုပ်ချုပ်ရေးမှူး   ဦးမင်းအောင် နဲ့ ရာအိမ်မှူး  ဦးမင်းမင်း  တို့ကို  ရှာဖွေသက်သေအဖြစ်စစ်ဆေးတယ်  သူတို့ ဆောင်ရွက်ခဲ့ရတဲ့အပိုင်းထွက်ဆိုသွားတာပါနောက်ရုံးချိန်းကတော့  မတ်လ(၂၁)ရက်ဗုဒ္ဓဟူးနေ့ပဲချိန်းဆိုထားတယ် အမှုလိုက်ဥပဒေအရာကိုလိုပြသက်သေ  သုံးဦးတင်ပို့ပေးပါလို့ မှာလိုက်တာလဲရှိပါတယ်  တရားစွဲဆိုတင်ပို့တဲ့ရုံးချိန်းအပါအဝင် စုစုပေါင်းရုံးချိန်း(၉)ချိန်းမှာ  တင်ပို့ထားတဲ့ သက်သေ(၂၅)ဦးအနက်  ယနေ့ထိလိုပြသက်သေ(၁၂)ဦးစစ်ဆေးပြီးပါပြီး"ဟု ရှင်းလင်းပြောကြား သည်။

သတင်းနှင့်ဓာတ်ပုံ     မျိုးမင်းသိန်း(မရမ်းကုန်း)

No comments:

Post a Comment