Latest News

Tuesday, March 6, 2018

သင်္ကြန်ကာလအထိ ဆွဲဆန့်ကာ လာဝယ်သူမျှော်နေတဲ့ ကားဈေးကွက်

သင်္ကြန်ကာလအထိ ဆွဲဆန့်ကာ လာဝယ်သူမျှော်နေတဲ့
ကားဈေးကွက်



ဈေး နှုန်းများတန့်နေပြီး   အရောင်းအဝယ်မရှိ သလောက်နည်းနေဆဲ    ရန်ကုန်ကားလောက အသိုင်းအဝိုင်းအတွင်း သင်္ကြန်ကာလကုန်အထိ ကားဈေးကွက်   အခြေအနေမှာ  ဆက်လက် ငြိမ်သက်ဖွယ်ရှိနေသည်ဟု   ခန့်မှန်းကြသည်။ ခရီးသွားရာသီလည်းဖြစ်ပြီး    ဈေးနှုန်းများ၊           မူဝါဒများ    မြင့်မား  များပြားလွန်းလှသည်ဖြစ်ရာ           ကားဝယ်ရောင်း အများစုသည်လည်း ဈေးကွက် အတွင်း   ငြိမ်သက်နေကြပြီး   ဝယ်သူအများစုမှာ လည်း  အမေးမရှိသလောက်ပင်   နည်းပါးနေ ကြောင်း သိရသည်။
''ခရီးသွားရာသီလည်းဖြစ်တယ်၊ ကျောင်း ပိတ်ရက်၊ ရုံးပိတ်ရက်လည်းဖြစ်တယ်ဆိုတော့ ကား အရောင်းအဝယ်ဈေးကွက်မှာ ဝယ်သူမေးသူမရှိ သလောက်ပါပဲ''ဟု  ကားဝယ်ရောင်းလုပ်ကိုင်    သည့်    ကိုကျော်ဇေယျာဝင်းက   ပြောသည်။ ခရီးသွားရာသီဖြစ်သည့်အပြင် ရာသီဥတုလည်း ကောင်းမွန်ပြီး ကျောင်းသား  ကျောင်းသူများ လည်း စိတ်လွတ်လပ်ပေါ့ပါးကြရသည့် ပိတ်ရက် ဖြစ်ခြင်းကြောင့် ခရီးသွားရန်ကောင်းမွန်သည့် ဖိုးဝှီးများ၊     အင်ဂျင်ပါဝါ  အားကောင်းသည့်  တစ်ပတ်ရစ် ဂျပန်ကားများ အရောင်းအဝယ်ဖြစ် မည်ဟု  ဝယ်ရောင်းအချို့က ခန့်မှန်းကြသော်   လည်း လက်ရှိတွင် ထင်သလောက် ရောင်းချနိုင် ခြင်းမရှိဟု သိရသည်။
ဧပြီ သင်္ကြန်ကာလအပြီးတွင် ပြောင်းလဲမည့် မူဝါဒကိုလည်း   စောင့်ကြည့်နေခြင်းကြောင့် အရောင်းအဝယ်မှာ  ပိုမိုအေးစက်နေရခြင်းဖြစ် ကြောင်း ကားလောကအသိုင်းအဝိုင်းမှ   သိရ     သည်။  ယခုရက်ပိုင်းအတွင်း  ရန်ကုန်လိုင်စင် ချပေးခြင်းအတွက် ကားပိုင်ရှင်များ စိတ်ဝင်စား မှုမြင့်တက်နေပြီး  ၂ဝ၁၈-၂ဝ၁၉  ဘဏ္ဍာနှစ် သစ်တွင် ဝင်ငွေခွန်ကို ပထမခြောက်လအတွင်း ပေးဆောင်ပါက ရာခိုင်နှုန်းအားဖြင့် သက်သာစွာ ပေးဆောင်နိုင်ကြမည်ဖြစ်သည်ဟု သတင်းများ ထွက်ပေါ်နေသည်ကိုလည်း ကြားရသည်။
''မူဝါဒကတော့ အမျိုးမျိုးကြားနေတာပဲ၊ ကြားသမျှလည်း ဖြစ်ဖြစ်လာတော့  ဘယ်လို လုပ်ရမှန်းတောင်  မသိပါဘူး၊   သက်သာရင်      လည်း ဆောင်ဆိုဆောင်ရမှာပေါ့၊  အဲဒီလို အခွန် ဆောင်လို့ရရင်တော့   ပိုင်ရှင်အမည်ပေါက်လိုချင် တဲ့ ရန်ကုန်သမားတွေ  အခွန်သက်သာသွားမှာ ဖြစ်သလို   အခွန်သက်သာတဲ့အတွက်လည်း  ကားဈေးက မဖြစ်မနေကျမယ်လို့ ထင်ပါတယ်'' ဟု ကိုကျော်ဇေယျာဝင်းက ပြောသည်။
ကားသစ်များ   ဝင်ငွေခွန်သက်သာခြင်း       ဖြင့် မူလကတည်းက တင်သွင်းထားသည့် ၂ဝ၁၇ ခုနှစ် တင်သွင်းခွင့်ရ မော်တော်ကား တစ်ပတ်ရစ် များသည်လည်း ဈေးနှုန်းကျဆင်းလာကြမည်ဟု တွေးကြသူများကိုလည်း တွေ့ရသည်။  သို့သော် ကားပိုင်ရှင်တစ်ဦးကမူ ''သူတို့က မမြင်ရသေးဘူး၊ အရင်ကားတွေက  ဘယ်လိုတင်သွင်းရတယ်၊ ဘယ်လောက်ကျခဲ့တယ်၊ ထည့်စဉ်းစားရဦးမယ်၊ ဘယ်သူကမှတော့  အရှုံးခံပြီး  မရောင်းနိုင်ဘူး၊ တစ်စီးတလေဈေးလျှော့တာ ရချင်ရမယ်။ အုံနဲ့ ကျင်းနဲ့ ရှိနေတဲ့  ဈေးကွက်တစ်ခုလုံးကိုတော့ ကျဆင်းဖို့ မဖြစ်နိုင်ပါဘူး'' ဟု  ပြောကြားသည်။
လက်ရှိတွင် စလစ်ဈေးမှာ ၁၁၈ သိန်းမှ ကျပ်သိန်း ၁၂ဝ ကြားတွင် ဈေးငြိမ်နေပြီး စလစ် လက်ဝယ်ရှိသော်လည်း အရောင်းမရှိကြောင်း သိရသည်။ ထို့ပြင်   အခွန်သက်သာသဖြင့် စလစ် ဈေးနှုန်းမှာလည်း  လာလတ္တံ့သော   ရန်ကုန်     လိုင်စင်ချထားပေးမှု မူဝါဒနှင့် တွက်ချက်ပါက နည်းပါးနိုင်သဖြင့် အဝယ်မရှိကြခြင်းဖြစ်ကြောင်း သိရသည်။
ကားဝယ်ရောင်းအချို့မှာ ခရီးသွားရာသီ ဖြစ်ခြင်းကြောင့် အိမ်စီးကားအချို့အား ငှားရမ်း ခြင်းနှင့် ခရီးသွားရန်  ကောင်းမွန်သည့် အင်ဂျင် ပါဝါအသင့်အတင့်    ကားများအား ကာလတို ငှားရမ်းခြင်းများကိုလည်း ပြုလုပ်ကြသည်ကို မြင်တွေ့ရသည်။  ''ဒီရာသီက ခရီးသွားရာသီ ဆိုတော့ ကားငှားကြာတာကတော့  အလုပ်ဖြစ် တယ်၊  ကြားပေါက်အနေနဲ့   အကျိုးဆောင် ပေးတယ်၊  တစ်နေကုန်ယူသွားရင် ကိုယ့်ဆီနဲ့ ကိုယ်ထည့်ပေါ့၊ ဈေးကတော့ အမျိုးမျိုးရှိတယ်၊ တစ်ရက်ကို သုံးသောင်းကနေ ငါးသောင်းအထိ ရှိတယ်၊ ဒါတင်မကသေးဘူး၊ သင်္ကြန်ရောက်ဖို့ တစ်လကျော်လောက်ပဲလိုတော့    ကားလည်    ထွက်ရင်လည်းကောင်း၊  ခရီးသွားရင်လည်းကောင်း တဲ့ ထရပ်ကားလေးတွေ စုထားကြတယ်၊ ဈေးကွက် က  မကြာခင်လာတော့မှာမို့ပါ၊  ဒီနှစ်မှာ ရန်ကုန် သင်္ကြန်က စည်ကားမယ်ဆိုပြီး ပြောနေကြလို့''ဟု ကားဝယ်ရောင်းတစ်ဦးက ပြောသည်။     ။

မင်းသော်(မြန်​မာ့အလင်း)

No comments:

Post a Comment