မောင်တော မတ် ၁၈
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ARSA အစွန်းရောက် အကြမ်းဖက်သမားများ ၏ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရ ပြီး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ လာသည့် ဟိန္ဒူဘာသာဝင်အမျိုးသမီး များအား မောင်တောဒေသတွင် ရောက်ရှိနေသည့် ပြည်တွင်း၊ ပြည်ပ မီဒီယာများက မတ် ၁၇ ရက် ညပိုင်း တွင် မောင်တောခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၌ တွေ့ဆုံ မေးမြန်းခဲ့သည်။
ခမောင်းဆိပ်ကျေးရွာမှ မဖော်မီ လာက ''အဲဒီနေ့က နံနက် ၈ နာရီနဲ့ ၉ နာရီကြားမှာ အကြမ်းဖက်သမား တွေ ကျွန်မတို့အိမ်ကိုဝင်လာတယ်၊ လက်ကိုကြိုးတုပ်တယ်၊ မျက်စိပိတ် တယ်၊ အားလုံးကို တန်းစီပြီးထိုင်ခိုင်း ထားတယ်၊ တုတ်တွေနဲ့ရိုက်တယ်၊ အမျိုးသားတွေကို သတ်ပြီးတော့ ကျွန်မတို့ဆီက ရွှေတွေ၊ ငွေတွေ တောင်းတယ်၊ အဲဒါတွေသိမ်းပြီးတော့ အားလုံးကို တောထဲကိုခေါ်သွားတယ်၊ ကျွန်မတို့ မိန်းကလေး ရှစ်ယောက်ကို တဲထဲမှာ ထိုင်ခိုင်းတယ်၊ သူတို့က ကျွန်မတို့ဘာသာရေးကို စော်ကားမှု တွေပြောပါတယ်၊ ငါတို့ဘာသာကို ဝင်မလား၊ ငါတို့ကိုယူမလားဆိုပြီး မေးတယ်၊ ကျွန်မတို့လည်း တခြားသူ တွေလို အသတ်ခံရမှာကြောက်လို့ သူတို့ကို ယူလိုက်ရတယ်။
''ကျွန်မတို့ဝတ်စုံတွေကို ချွတ်ခိုင်းပြီး သူတို့ဘာသာဝင်တွေဝတ်တဲ့ ပုံစံ အတိုင်း ဝတ်ခိုင်းပါတယ်၊ နောက်တော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ခေါ်သွားဖို့ လုပ်တယ်၊ နောက်တစ်နေ့ နံနက် ၁၁ နာရီလောက် ဟိုဘက်ကမ်းကို ရောက်သွားတယ်၊ ဟိုကိုရောက်သွား တော့ သူတို့ဘာသာဝင်အမျိုးသမီးတွေ ရဲ့ နှိပ်စက်စော်ကားခြင်းကိုလည်း ခံခဲ့ရပါတယ်၊ ကျွန်မတို့အဖွဲ့က သူတို့ အမျိုးသမီးတွေရဲ့ စော်ကားခြင်းမခံရ အောင် ငါတို့က နင်တို့ဘာသာထဲ ဝင်လာတာမို့ ချစ်ခင်စွာနေကြရ အောင်လို့ ပြောထားရပါတယ်၊ နောက်ပြီး အကြမ်းဖက်အဖွဲ့က မီဒီယာတွေရှေ့မှာ နင်တို့ရွာသားတွေ နဲ့ အမျိုးတွေကို ဘယ်သူသတ်သလဲ လို့မေးရင် ရခိုင်တိုင်းရင်းသားတွေနဲ့ စစ်တပ်ကသတ်တယ်လို့ ပြောဖို့ ခြိမ်းခြောက်ပြီး ပြောခိုင်းပါတယ်၊ မပြောရင် နင်တို့လည်း အသတ် ခံရမယ်လို့ ပြောပါတယ်၊ ဒါကြောင့် မီဒီယာတွေကို သူတို့ပြောခိုင်းတဲ့ အတိုင်း ပြောလိုက်ရပါတယ်။
''နောက်တစ်ရက်ညမှာ အဲဒီမှာ ရှိတဲ့ ဘာဘူဆိုတဲ့ လူဆီခေါ်သွားတယ်၊ အဲဒီအချိန်မှာ သူတို့ဘာသာဝင် တစ်ထောင်ကျော်လောက်က ကျွန်မ တို့အဖွဲ့ကိုသတ်ဖို့ဆိုပြီး တောင်းဆိုနေ ပါတယ်၊ အဲဒီအချိန်မှာ ဘာဘူဆိုတဲ့ လူက အဲဒီလိုသတ်ရင် သက်ဆိုင်ရာကို တိုင်မယ်လို့ပြောလိုက်တယ်၊ အဲဒီမှာ ကျွန်မတို့ တစ်လနဲ့ ငါးရက် နေရပါ တယ်၊ ကျွန်မတို့ကို ဘင်္ဂလားဒေ့ရှ်မှာ နေမလားလို့ မေးတယ်၊ ကျွန်မတို့ ဘာသာတရားထုံးစံအရ နေထိုင် ကြီးပြင်း စားသောက်ခဲ့ရတဲ့ မြေပေါ် မှာပဲနေမယ်လို့ ပြောလိုက်ပါတယ်၊ ကျွန်မတို့ကို ရခိုင်ပြည်နယ်က အစိုးရ အဖွဲ့အစည်းတွေ၊ တိုင်းရင်းသား တွေက ဘာမှလုပ်တာမဟုတ်ပါဘူး၊ အကြမ်းဖက်သမားတွေကြောင့်ပဲ ကျွန်မတို့ ဒုက္ခရောက်ခဲ့ရတာပါ၊ ဒါကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မနေဘဲ မြန်မာနိုင်ငံကိုပဲ ပြန်သွားဖို့ ဆန္ဒရှိတယ်လို့ ပြောလိုက်တာပါ၊ ဟိန္ဒူဘာသာရေးခေါင်းဆောင်တွေ ကူညီပေးလို့ စက်တင်ဘာ ၂၇ ရက် မှာ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိ လာတာပါ၊ ဒီမှာ စားဝတ်နေရေး အတွက် အဆင်ပြေအောင် လုပ်ပေး ထားပါတယ်၊ အခု ကျွန်မမှာ ဆွေမျိုးသားချင်းတွေ တစ်ယောက်မှ မရှိတော့ပါဘူး၊ သားလေးတစ်ယောက် ပဲ ရှိပါတယ်၊ ကိုယ့်အိမ်မှာ ဆွေမျိုး သားချင်းတွေနဲ့အတူ ပျော်ရွှင်အေးချမ်း စွာ နေချင်ပါတယ်''ဟု ပြောသည်။
မောင်တောဒေသရှိ ဟိန္ဒူ ဘာသာရေးခေါင်းဆောင် ဦးနီမောင် က ''ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အကြမ်း ဖက်သမားတွေ ခေါ်ဆောင်သွားတဲ့ ဟိန္ဒူဘာသာဝင် အမျိုးသမီး ၁ဝ ဦး သတင်းကို လူမှုကွန်ရက်စာမျက်နှာ (်ခေနဘသသု)ကနေတစ်ဆင့် တွေ့ရှိ ခဲ့တာ ဖြစ်ပါတယ်၊ တွေ့တွေ့ချင်း သက်ဆိုင်ရာကို ကျွန်တော် အကြောင်း ကြားပါတယ်။ သူတို့ကို ပြန်ခေါ်လာ ရမလားလို့ပြောတော့ သက်ဆိုင်ရာ ကလည်း ခွင့်ပြုတဲ့အတွက် သူတို့ ၁ဝ ဦးကို ဘင်္ဂလားဒေ့ရှ်ဘက်က ဟိန္ဒူ ဘာသာရေးခေါင်းဆောင်နဲ့ ချိတ်ဆက် ပြီး ပြန်လည်ခေါ်ယူခဲ့တာ ဖြစ်ပါတယ်၊ အစိုးရအဖွဲ့ကလည်း ကူညီပေးပါ တယ်။
မောင်တောဒေသမှာ ဟိန္ဒူ ဘာသာဝင်ဦးရေက ၁၂ဝဝ ကျော် ၁၃ဝဝ ခန့်ရှိပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှာ ကျွန်တော်တို့ ဟိန္ဒူ ဘာသာဝင် ၄ဝဝ ကျော် ကျန်ရှိနေပါ သေးတယ်၊ ကျန်ရှိနေတဲ့သူတွေကို လည်း ပြန်လည်ခေါ်ယူချင်ပါတယ်၊ ဘင်္ဂလားဒေ့ရှ်က ပြန်လည်ရောက်ရှိ လာတဲ့ အမျိုးသမီး ၁ဝ ဦးနဲ့ ကလေး ၁၆ ယောက် ပါလာပါတယ်၊ သူတို့ကို ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာတွေ က အင်တာဗျူးတွေလုပ်တယ်၊ သူတို့ ကလည်း အမှန်တရားတွေပဲ ပြောပါ တယ်၊ ဟိန္ဒူဘာသာဝင်တွေ တကယ် ခံရတာကို အမှန်တွေပဲ ပြောတော့ တချို့တွေက လုပ်ကြံပြောဆိုတယ် ဆိုပြီး ဖုန်းနဲ့ခြိမ်းခြောက်မှုတွေ အမျိုးမျိုးခံခဲ့ရပါတယ်။
ဒါပေမယ့် ကျွန်တော်တို့ကတော့ ဘယ်မီဒီယာနဲ့တွေ့တွေ့ အမှန်တရား တွေပဲ ပြောပါတယ်၊ ပြန်လာတဲ့ အမျိုး သမီးတွေကိုလည်း အရင်က စစ်တွေ မှာတော့ အစိုးရအဖွဲ့အစည်းတွေ၊ ပရဟိတအဖွဲ့တွေ၊ ဘုန်းတော်ကြီး တွေနဲ့ အလှူရှင်တွေကြောင့် ပြည့်ပြည့် စုံစုံရှိခဲ့ပါတယ်၊ ဒီဘက် ဘူးသီးတောင် ကိုရောက်လာတော့ နောက်ပိုင်း လှူဒါန်းမှုတွေ သုံး၊ လေးခေါက် လောက်ပဲ ရပါတော့တယ်၊ သူတို့ကို အပြင်မှာထားရင် အသက်အန္တရာယ် ရှိတဲ့အတွက် ခောစ ထဲမှာပဲ ထားပါ တယ်၊ သူတို့တွေလုံခြုံအောင် ဘာသာရေး အဖွဲ့တွေကလည်း စောင့်ရှောက်ထားပါတယ်။
နောက်ပြီး ကျွန်တော်တို့ ဟိန္ဒူ ဘာသာဝင် ၁ဝ၂ ယောက် အကြမ်း ဖက်သမားတွေရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်၊ အဲဒီလိုတွေ နောက်ထပ် မဖြစ်အောင် အစိုးရအနေနဲ့ ကူညီပေး စေလိုပါတယ်၊ အခုလို ပြည်တွင်း၊ ပြည်ပမီဒီယာတွေ လာရောက်မေးမြန်း တဲ့အတွက် အမှန်တရားတွေကိုပြောပြ လိုက်ရတဲ့အတွက်ကြောင့် ကျေးဇူး တင်ပါတယ်''ဟု ပြောခဲ့သည်။
သတင်း-ကျော်သူဝင်း၊ အေးမင်းသူ
No comments:
Post a Comment