Latest News

Monday, March 19, 2018

ပြည်တွင်း ပြည်ပ သတင်းမီဒီယာအဖွဲ့ နယ်နိမိတ်မျဉ်းအနီးနေထိုင်သူများအား တွေ့ဆုံသတင်းရယူ

ပြည်တွင်း ပြည်ပ သတင်းမီဒီယာအဖွဲ့ နယ်နိမိတ်မျဉ်းအနီးနေထိုင်သူများအား တွေ့ဆုံသတင်းရယူ

စစ်တွေ  မတ်  ၁၈

ပြည်တွင်း ပြည်ပသတင်းသမားများ ပါဝင်သော သတင်းမီဒီယာအဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် တောင်ပြိုလက်ဝဲ မြို့နယ်ရှိ ယာယီလက်ခံရေးစခန်းသို့ ရောက်ရှိကြသည်။

သတင်းမီဒီယာအဖွဲ့အား  ယာယီ လက်ခံရေးစခန်း ရှင်းလင်းဆောင်၌ စခန်းတာဝန်ခံ  မောင်တောခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး  ဦးရဲထူးက စခန်းအတွင်း ကြိုတင်ပြင်ဆင်ထားမှု များ၊ စိစစ်လက်ခံရေးအတွက် ဝန်ကြီး ဌာနများမှ ကိုယ်စားလှယ်အဖွဲ့အား စုဖွဲ့ထားရှိမှု၊ ပြန်လည်ဝင်ရောက်လာ သူများအား လူသားချင်းစာနာမှု အကူ အညီများ  ပံ့ပိုးပေးသွားမည့်    အခြေ အနေများနှင့် စခန်းတည်ဆောက်ရေး လုပ်ငန်းများ  ပြီးစီးမှုကို  ရှင်းလင်း ပြောကြားပြီး သတင်းမီဒီယာများ၏ မေးမြန်းချက်များကို  သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။

ယင်းနောက် သတင်းမီဒီယာအဖွဲ့ဝင်များသည် စခန်းအတွင်းရှိ ပြန်လည် ဝင်ရောက်လာသူများ ခေတ္တတည်းခိုမည့် အိပ်ဆောင်များ၊ စိစစ်လက်ခံရေး အဖွဲ့များ၏ ရုံးခန်းများဖွင့်လှစ်ထားမှုနှင့် နှစ်နိုင်ငံနယ်စပ်တံတားတို့ကို ကြည့်ရှု သတင်းရယူကြသည်။

ထို့အပြင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းအနီးတွင် နေထိုင်ကြသူများကို သွားရောက်တွေ့ဆုံ၍ ¤င်းတို့၏ ရောက်ရှိနေထိုင်မှုနှင့် မြန်မာနိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်ရေးအပါအဝင် သိရှိလိုသည်များကို လွတ်လပ်စွာမေးမြန်းသတင်းရယူကြသည်။

မွန်းလွဲပိုင်းတွင် မောင်တောမြို့နယ်ရှိ အင်းဒင်ကျေးရွာသို့ ရောက်ရှိကြပြီး အကြမ်းဖက်ခံခဲ့ရမှု ဖြစ်စဉ်နှင့်ပတ်သက်၍ ဒေသခံများကို လွတ်လပ်စွာမေးမြန်း သတင်းရယူကြသည်။ ညနေပိုင်းတွင် သတင်းမီဒီယာအဖွဲ့သည် စစ်တွေမြို့မှ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြသည်။                        

သူရဇော်

No comments:

Post a Comment