Latest News

Monday, March 5, 2018

ရခိုင်လူမျိုးဦး ရေစာရင်းအတိအကျ ကို လ၀က ထုတ်မပေး

ရခိုင်လူမျိုးဦး ရေစာရင်းအတိအကျ ကို လ၀က ထုတ်မပေး

ဧရာဝတီတိုင်းဒေသကြီးအတွင်းနေထိုင်လျှက်ရှိသော ရခိုင် လူမျိုးများ၏ လူဦးရေစာရင်း အတိကျ ကို လူဝင်မှုကြီးကြပ်ရေးကို ထုတ်မပေးကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့  ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်စောက တိုင်းဧရာကို မတ်လ (၅)ရက်နေ့ ကပြောသည်။

“ရခိုင်တိုင်းရင်းသားဘယ်လောက်ရှိလဲ မေးရင် ငါ ထွက်ကိုပြေးချင်တာ ခုထိ တိကျတဲ့ တိုင်းရင်းသားစာရင်းကို ပေးပါလို့  အရင်တုန်းက အာဏာမရှိခဲ့ စဉ်တုန်းကလည်းတောင်းတယ် ခု တောင်းပိုင်ခွင့်ရှိတဲ့  ၀န်ကြီးတောင်းတာတောင် ခုထိ မရသေးဘူး”ဟု ၄င်းကပြောသည်။

အစိုးရသစ်စတက်သစ် ကာလတွင် ဧရာဝတီတိုင်းဒေသကြီးတွင် ပထမဆုံးသောရခိုင်ရီုးရာသင်္ကြန်ကို စတင် လုပ်ဆောင်ခဲ့ ပြီး ရခိုင်လူမျိုးတို့ ၏ ယဉ်ကျေးမှုနှင့် အခြားသော တိုင်းရင်းသာ အရေးအရာများနှင့်ဆိုင် သော အခြေနေများကို အကောင်ထည်ဖော်နိုင်ရန် စာရင်းအတိအကျ လိုအပ်ကြောင်းလည်း ဦးတင်စောကဆက်ပြောသည်။
ခန့် မှန်းခြေကောက်ယူထားသောစာရင်းများအရ ဧရာဝတီတိုင်းဒေသကြီးတွင် ရခိုင်လူမျိုးဦးရေ တစ်သိန်းကျော်ခန့် ရှိသည်။

ဇွဲထက် ဥာဏ်

No comments:

Post a Comment