Latest News

Monday, March 5, 2018

ရန်ကုန်သတင်းစာဆရာအသင်းက၀န်ကြီးချုပ်ဆီမှာ ရုံးခန်းတစ်နေရာတောင်း

ရန်ကုန်သတင်းစာဆရာအသင်းက၀န်ကြီးချုပ်ဆီမှာ ရုံးခန်းတစ်နေရာတောင်း

မြန်မာနိုင်ငံသတင်းစာဆရာအသင်း(ရန်ကုန်တိုင်းဒေသကြီး)အနေဖြင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ထံ မှာ ရုံးခန်းတစ်နေရာ တောင်းဆိုထားကြောင်း ယင်းအသင်းဥက္ကဌ ဒါရီုက်တာ မောင်ယဉ်ကျော်က ပြောသည်။

“ရုံးခန်းတစ်နေရာတောင်းခဲ့ တယ် ရတာမရတာတော့ သူတို့ သဘောပဲ”ဟု ၄င်းကပြောသည်။မတ်လ(၅)ရက်နေ့ ကပြုလုပ်သော မြန်မာနိုင်ငံ သတင်းစာဆရာအသင်း(ရန်ကုန်)နှင့် ဧရာဝတီိတိုင်းဒေသကြီးအစိုးရအဖွဲ့ တို့ တွေ့ ဆုံပွဲတွင် တောင်းဆိုခဲ့ ခြင်းဖြစ်သည်။
ယမန်နေ့ ကဆွေးနွေးပွဲတွင် မှုခင်းသတင်းထောက်များအများစုပါဝင်ခဲ့ ပြီးဒေသခံ ပုဂ္ဂလိက သတင်းဌာနများအနေဖြင့် သတင်းဝင်ရောက်ယူခွင့်မရခဲ့ ပေ။

“တစ်ကယ်ဆို ဒေသခံ မီဒီယာတွေနဲ့  အစိုးရကြားမှာ သတင်းရယူမှု အခက်အခဲတွေရှိတယ် သတင်းသမားတွေအားလုံးကိုကိုယ်စားပြုမယ် ဆို ရုံးခန်းထက် သတင်းအချက် အလက် ရယူမှု တွေမှာမီဒီယာ ဥပဒေနဲ့ အညီ မြန်ဆန် လွယ်ကူဖို့ ဆွေးနွေးသင့်တာ ဒါတွေကိုတော့ သူတို့ မဆွေနွေးခဲ့ ဘူး “ဟု ပုသိမ်အခြေစိုက်ဂျာနယ်လစ်တစ်ဦးကပြောသည်။

သတင်းမီဒီယာတွေအနေနဲ့  အစိုးရထံမှ ရုံးခန်းကိုရယူလိုက်ခြင်းဖြင့် အစိုးရ ထောက်ပံ့ ခံသတင်းသမားများဖြစ်မည်ကိုဒေသခံမီဒီယာတွေက စိုးရိမ် နေသည်။

ဇွဲထက် ဥာဏ်

No comments:

Post a Comment