Latest News

Sunday, March 11, 2018

လိင်ပညာပေးလုပ်ငန်းများတိုးမြှင့်လုပ်ဆောင်ရန် ရဲတပ်ဖွဲ့ ညွှန်ကြား


ဧရာဝတီတိုင်းဒေသကြီးတွင် သက်ငယ်မုဒိမ်းဖြစ်ပွါး မှုနှန်းမြင့်တက်နေခြင်းကြောင့်(လိင်)မှုခင်းပညာပေးလုပ်ငန်းများကို တိုးမြှင့်လုပ်ဆောင်ရန် သက်ဆိုင်ရာ ရဲစခန်းအသီးသီးသို့  ညွန်ကြားထားကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှသိရသည်။

တိုင်းဒေသကြီးအတွင်းကျေးလက်များတွင် အဖြစ်များနေခြင်းကြောင့် ကျေးလက်တွင် မှုခင်းပညာပေးလုပ်ငန်းများတိုးမြှင့် လုပ်ဆောင်ရန် ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့ မှူးရုံးက ညွှန်ကြားထားခြင်းဖြစ်သည်။
၂၀၁၇ ခုနှစ်တွင် ဧရာဝတီတိုင်းဒေသကြီး၌ သက်ငယ်မုဒိမ်းမှု (၁၅၅)မှု ဖြစ်ပွါးခဲ့ ရာ ကျေးလက်ဒေသများ
တွင် ဖြစ်ပွါးမှု (၁၂၂)မှု အထိပါဝင်သည်။

“တစ်နှစ်ထက်တစ်နှစ်မြင့်တက်လာတယ်။ ဒါကြောင့်ရွာတွေမှာ ဆက်တိုက်လုပ်နေတယ်။ လုပ်တဲ့ အခါ အမျိုးသမီးရေးရာမိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ တွေနဲ့ ပူးပေါင်းလုပ်တာ ဒါတွေလုပ်ဖို့ လည်း ရဲတပ်ဖွဲ့ ကိုသေသေချာချာ ညွန်ကြားထားတယ်။ ဒါကိုမလိုက်နာဘူး မဆောင်ရွက်ဘူးဆိုရင် တာဝန်ရှိတဲ့ မြို့နယ်ရဲတပ်ဖွဲ့ မှူး နဲ့ စခန်းမှူးတွေကိုပါ အရေးယူမှာ။ “ဟုဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့ ပထမတန်း ဦးစီးမှူး
ရဲမှူးကြီးခင်မောင်လတ်ကပြောသည်။

ပညာပေးလုပ်ငန်းများကိုမြန်မာနိုင်ငံရဲတပ်ဖွဲ့  နှင့်အတူ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အဖွဲ့ ဝင်များ အမျိုးသမီးရေးရာ အဖွဲ့ ဝင်များအပါဝင် အရပ်ဘက်အဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်သည်ဟု
ရဲတပ်ဖွဲ့ ကထုတ်ပြန်သည်။
သက်ငယ်မုဒိမ်းမှုများတစ်နှစ်ထက်တစ်နှစ် မြင့်တက်လာရခြင်းမှာ ဝေဖန်ပိုင်းခြားစဉ်းစားဆုံးဖြတ်နိုင်သော ပညာအရည်းအချင်းအားနည်းခြင်းကြောင့်ဟု ရဲမှူးကြီးခင်မောင်လတ်က သုံးသပ်သည်။

အငြိမ်းစားကျောင်းဆရာတစ်ဦးဖြစ်သူ ဦးသန်းဝင်းက”အဓိကကတော့ စီးပွါးရေးအကြပ်အတည်းနဲ့  တရားဥပဒေစိုးမိုးရေးမရှိတာဟာ ဒီလိုဖြစ်စဉ်တွေကို ပိုမိုဖြစ်စေတာပဲ စီးပွါးရေးအခက်အခဲတွေဖြစ်လာတော့ ကလေးငယ်တွေကို မိဘအုပ်ထိမ်းသူတွေနဲ့ ရင်အုပ်မကွာမထားနိုင်တော့ဘူး ဆပ်စပ်ပြီးဖြစ်လာတာကကျေးလက်တွေမှာ အရက်တွေဟာ အလွယ်ရနေတယ် အရက်သောက်ပြီးကျူးလွန်မှုကိုပိုဖြစ်စေတယ် “ဟု သုံးသပ်သည်။

သက်ငယ်မုဒိမ်းကျူးလွန်သူအများစုမှာ အရက်သေစားသောက်စားထားသည်ဟုလည်းရဲမှုးကြီးခင်မောင်လတ်ကဆိုသည်။
ကျေးလက်များတွင် အရက်များမှာ အလွယ်တကူ ၀ယ်ယူရနေခြင်းနှင့်အရက်ဆိုင်များ များစွာရှိနေခြင်းက မုဒိမ်းမှုဖြစ်စဉ်တွင် ကျုးလွန်မှုကို ပိုမိုဖြစ်စေနိုင်သလားဟု မေးမြန်းသည့်မေးခွန်းကိုတော့ ရဲတပ်ဖွဲ့ ကမငြင်းသော်လည်း အရက်ဆိုင်များနှင့်ပတ်သတ်၍တော့ တစ်စုံတစ်ရာဆောင်ရွက်ရန် ရဲတပ်ဖွဲ ကိုညွန်ကြားထားခြင်းမရှိကြောင်းတုန့် ပြန်သည်။
လူ့ အခွင့်ရေးလှုပ်ရှားသည့်ညီမျှခြင်းမြန်မာမှဒါရိုက်တာ ဦးအောင်မျိုးမင်းကသက်ငယ်မုဒိမ်းကျူးလွန်သူများကို လျော့ရက် ချုပ်ရက် မည်သည့်အကျိုးခံစားခွင့်မှ မရရှိပဲ အမြင့်ဆုံးပြစ်ဒဏ်ပေးရန် နှင့် ပြည်သူများအကြားတွင် ကလေးသူငယ်များကို လုံခြုံအောင်ဘယ်လို ထားမလဲဆိုသည့် ပညာပေးမှုအစီအစဉ်များကို အစိုးရက ကျယ်ကျယ့်ပြန့် ပြန်လုပ်ဆောင်သင့်ကြောင်း အကြံပြုပြောဆိုသည်။
သက်ငယ်မုဒိမ်းမှု ဖြစ်စဉ်များကို သေဒဏ်ပေးရေးဆိုသည့် လှုံဆော်မှုများ ကမ်ပိန်းများကိုလည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်နေမှုများလည်းရှိသည်.။
မျိုးမင်းပိုင်
သက်ငယ်မုဒိမ်းမှု လျော့ချနိုင်ရေးအစီအစဉ်နှင့်ရဲတပ်ဖွဲ့ လုပ်ဆောင်နေသည့်ဆောင်ရွက်ချက်များကို
တိုင်းဒေသကြီးရဲတပ်ဖွဲ့ ကတာဝန်ရှိသူတစ်ဦးနှင့် ပုသိမ်ဒေသခံအချို့၏သဘောထားမှတ်ချက်များကို လည်းတိုင်းဧရာက စုစည်းဖော်ပြလိုက်သည်။

No comments:

Post a Comment