Latest News

Sunday, March 11, 2018

ဝန်ကြီးချုပ်ဟောင်းမန်းဂျော်နီ ဘာတွေလုပ်နေလဲ


ကျန်းမာရေးအရ ရာထူးကနုတ်ထွက်ခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်းမန်းဂျော်နီဟာ တာဝန်ကအနားယူပြီးတဲ့နောက်မှာတော့ သူ့ရဲမဲဆန္ဒနယ်ဖြစ်တဲ့ကျုံပျော်မြို့နယ်မှာ နေထိုင်နေပါပြီ ရာထူးကစအနားယူချင်းမှာတော့ ရက်အနည်းငယ်နားနေခဲ့ပြီး နောက်ပိုင်းမှာတော့သူ့ရဲ့လွှတ်တော်ကိုယ်စားလှယ်တာဝန်တွေကိုထမ်းဆောင်နေတာကိုတွေ့ရပါတယ်။


ဝန်ကြီးချုပ်ဘဝကနေ အနားယူခဲ့သူဖြစ်တဲ့အတွက် ကျုံပျော် မဲဆန္ဒနယ် အမှတ် ၂ ကိုယ်စားလှယ်တာဝန်ကိုထမ်းဆောင်နေရပေမယ့်လည်း ဌာနဆိုင်ရာနဲ့ အစိုးရအပေါ်မှာသြဇာညောင်းတာကိုတွေ့ရပါတယ်။ ဒါဟာအခြားလွှတ်တော်ကိုယ်စားလှယ်တွေနဲ့မတူတဲ့ အားသာချက်ဖြစ်တာကြောင့် ကျုံပျော်မြို့နယ်က ပြည်သူတွေအတွက်တော့ အားရစရာပါပဲ။



ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့ကတော့ ပါတီရဲ့ဗဟိုအလုပ်အမှုဆောင်(CEC) အစည်းအဝေးတက်ရောက်ခဲ့တာကိုလည်းတွေ့ရပါတယ်။ အရင်နဲ့မတူတာကတော့ ဝန်ကြီးချုပ်ဘဝကထက် ပိုပြီးလွတ်လပ်ပေါ့ပါးတဲ့ပုံစံတွေ့ရတာပါပဲ။


မတ်လ ၅ ရက်နေ့ကတော့ ဧရာဝတီတိုင်းဒေသကြီး လမ်းပမ်းဆက်သွယ်ရေးနှင့် ခေတ်မီစိုက်ပျိုးရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ALD ရဲ့ CEC နဲ့အလွတ်သဘောတွေ့ဆုံဆွေးနွေးခဲ့တယ်လို့လည်း သူ့ရဲ့ Facebook စာမျက်နှာပေါ်မှာ ရေးသားထားပါတယ်။


လာမယ့် ၁၄ ရက်နေ့မှာတော့ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးပြန်လည်စတင်တော့မှာပါ။ အဲ့ဒီအစည်းဝေးမှာတော့ ဝန်ကြီးချုပ်ဟောင်းမန်းဂျော်နီအနေနဲ့ ကိုယ်စားလှယ်တာဝန်ဖြစ်တဲ့ အဆိုတင်တာ၊ မေးခွန်းမေးမြန်တာတွေ ရှိမလားဆိုတာလည်းစိတ်ဝင်စားစရာပါ။ သူ့လက်ထက်မှာ သဘောထားကွဲပြီး အကြိတ်အနယ်ဆွးနွေးမှုတွေနဲ့ ပြင်ဆင်ဖို့ကြိုးစားခဲ့တဲ့ ရေချိုငါးလုပ်ငန်းဥပဒေဟာ လာမယ့်လွှတ်တော်အစည်းအဝေးမှာ တင်သွင်းဆွေးနွေးပြီးအတည်ပြုဖို့ရှိနေပါတယ်။ ဒီဥပဒေနဲ့ပတ်သက်လို့ သူ့အနေနဲ့ လွှတ်တော်တွင်းဆွေးနွေးမှုတွေရှိလာမလား ဘာတွေဆွေးနွေးမလဲဆိုတာစိတ်ဝင်စားဖွယ်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။
Written by ရင့်ငယ်
ဓာတ်ပုံ - မန်းဂျော်နီ Facebook
https://ngawunmedia.blogspot.com/2018/03/blog-post_10.html?spref=fb

No comments:

Post a Comment