Latest News

Saturday, March 3, 2018

မော်လူးတွင် ၃နှစ်ကျော်ထွက်ပြေးလွတ်မြောက်နေသော လူသတ်တရားခံကို ဖမ်းဆီးရမိ

မော်လူးတွင် ၃နှစ်ကျော်ထွက်ပြေးလွတ်မြောက်နေသော လူသတ်တရားခံကို ဖမ်းဆီးရမိ


မော်လူး     မတ် ၂

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးတွင် ၃နှစ်ကျော် ထွက်ပြေး လွတ်မြောက်နေသောလူသတ်တရားခံကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည် ။

ဖြစ်စဉ်မှာ ၂၀၁၅ခုနှစ် ဖေဖော်ဝါရီလက မော်လူးအုပ်စုကရင်ကျေးရွာ အရှေ့ဖက် အခင်းလယ်တဲ၌ အခင်း​တောင်​ယာလုပ်​ကိုင်​ပြီးတစ်​ဦး တည်း​နေထိုင်​သူ ဦးထွန်းမြဆိုသူအား လူငယ်(၃) ဦးတို့မှအကြောင်းမဲ့ သတ်ဖြတ်မှုဖြစ်ပွါးခဲ့ပြီး ၎င်းတို့အနက်(၂)ဦးကိုဖမ်းဆီးနိုင်ခဲ့သော်လည်း ကျန်(၁)ဦးမှာ ထွက်ပြေးလွတ်မြောက်လျက်ရှိရာ အဆိုပါထွက်ပြေး လွတ်မြောက်နေသူအား မတ်(၂)ရက်နံနက်၁၁နာရီခွဲအချိန်မော်လူးတွင် ရောက်ရှိနေကြောင်းသတင်းအရ ကသာခရိုင်မှုခင်း နှိမ်နှင်းရေး အဖွဲ့ခေါင်းဆောင်ရဲအုပ်အောင်အောင်သန်းနှင့်အဖွဲ့သည် သက်သေများ ဖြစ်သော ဦးမြင့်ကျော်နှင့်အတူ မော်လူးစံပြကျေးရွာရှိ ရွှေဘို-မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီး​ဘေး (လမ်းမတော်လမ်း)မင်းသီဟ လက်ဖက် ရည်ဆိုင်ရှေ့တွင် အဆိုပါထွက်ပြေးလွှတ်မြောက် နေသော တရားခံ သိန်းဝင်းအောင် ၃၃နှစ်(ဘ)  ဦးတက်စီ ကရင်ရွာ မော်လူးအုပ်စု နေထိုင်သူ အား မော်လူးရဲစခန်းသို့ပို့ဆောင်ကာ ဥပဒေအရ အရေးယူရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည် ။မြန်​မာ့အလင်း

No comments:

Post a Comment