မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်ဖက်ညှိနှိုင်း၍ လှည့်ကင်းဆောင်ရွက်
နေပြည်တော် မတ် ၂ဝ
မြန်မာနိုင်ငံ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ နှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် ရဲတပ် ကင်းစခန်းမှ လုံခြုံရေးတပ်ဖွဲ့ဝင်တို့သည် မတ် ၁၅ ရက် နံနက် ၉ နာရီ ၃၅ မိနစ်မှ နံနက် ၁၁ နာရီ မိနစ် ၅ဝ အထိ နယ်ခြား မှတ်တိုင် ၃၄ မှ ၃၆ အထိ၊ မတ် ၁၈ ရက် နံနက် ၉ နာရီမှ နံနက် ၁၁ နာရီ ၂၅ မိနစ် အထိ နိုင်ငံအသီးသီးအတွင်းရှိ နယ်စပ် ခြံစည်းရိုးလမ်းအတိုင်း နယ်ခြားမှတ်တိုင် ၃၆ မှ ၃၈ အထိ နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ လှည့်ကင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နတ်မြစ်တစ်လျှောက်
လှည့်ကင်းဆောင်ရွက်
နှစ်နိုင်ငံလုံခြုံရေး တပ်ဖွဲ့ဝင်များ သည် ကုန်းမြေနယ်နိမိတ်တွင် နှစ်ဖက် ညှိနှိုင်းချက်အရ Coordinated Patrol ကို ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်မှ ၂၆ ရက်ထိ နယ်ခြားမှတ်တိုင် ၄၂ မှ ၅၅ ထိ (၁၄)ကြိမ်၊ မတ် ၁၁ ရက်တွင် နယ်ခြား မှတ်တိုင် ၃၁ မှ ၃၄ ထိ (၁)ကြိမ်၊ မတ် ၁၅ ရက်တွင် နယ်ခြားမှတ်တိုင် ၃၄ မှ ၃၆ ထိ (၁)ကြိမ်၊ မတ် ၁၈ ရက်တွင် နယ်ခြား မှတ်တိုင် ၃၆ မှ ၃၈ ထိ (၁)ကြိမ် စုစု ပေါင်း (၁၇)ကြိမ်နှင့် ရေကြောင်း ကင်းလှည့်ခြင်းကိုလည်း မတ် ၅ ရက်တွင် နတ်မြစ်တစ်လျှောက် နှစ်နိုင်ငံ ညှိနှိုင်း၍ လှည့်ကင်းဆောင်ရွက်နိုင်ခဲ့သည်။
နှစ်ဖက်ညှိနှိုင်း၍ ကင်းလှည့်ခြင်း Coordinated Patrolကို မတ် ၁၉ ရက်မှ ၂၇ ရက် အတွင်း နယ်ခြားမှတ်တိုင် ၃၈ မှ ၄၂ အထိလည်းကောင်း၊ မတ် ၂၇ ရက် နောက်ပိုင်းတွင် နယ်ခြားမှတ်တိုင် အမှတ် ၄၂ မှ ၄၅ အထိ လည်းကောင်း ဆက်လက်ဆောင်ရွက်သွားမည် ဖြစ် ကြောင်း သိရှိရသည်။
သတင်းစဉ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment