ထိုင်းကစားသမားများကို အနိုင်ရရှိ
ရန်ကုန် မတ် ၂ဝ
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ၂ဝ၁၈ အာရှဘိလိယက်ပြိုင်ပွဲ အာရှယူ-၂၁ စနူကာအမျိုးသားပြိုင်ပွဲနှင့် အာရှအမျိုးသမီးစနူကာပြိုင်ပွဲ တတိယနေ့ကို ယနေ့ နံနက်ပိုင်း က ရန်ကုန်မြို့ရှိ Rose Gardenဟိုတယ်၌ ကျင်းပရာ နံနက်ပိုင်း ပွဲစဉ်များတွင် မြန်မာဘိလိယက်ကစားသမားများ ဖြစ်သည့် အောင်ဌေးနှင့် နေသွေးဦးသည် ထိုင်းကစားသမား များကို အနိုင်ကစားနိုင်ခဲ့သည်။ အာရှဘိလိယက်ပြိုင်ပွဲ၏ နံနက်ပိုင်းပွဲစဉ်များတွင် အောင်ဌေးသည် ထိုင်းနာမည်ကြီး ဘိလိယက်ကစားသမား ပရာပွတ်ကို လေးပွဲ-နှစ်ပွဲဖြင့် အနိုင်ရခဲ့ သည်။
အောင်ဌေးသည် ပွဲငယ်သုံးပွဲဆက် အနိုင်ရခဲ့ပြီး စတုတ္ထနှင့် ပဉ္စမပွဲငယ်တွင် ပရာပွတ်က ပြန်လည်အနိုင်ရခဲ့သောကြောင့် အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ရပြီး ဆဋ္ဌမပွဲငယ်တွင် အောင်ဌေး အနိုင်ကစားခဲ့သောကြောင့် လေးပွဲ-နှစ်ပွဲဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။
နေသွေးဦး (မြန်မာ)မှာလည်း ထိုင်း ဘိလိယက်ကစားသမား အီခရာဗီကို လေးပွဲ-တစ်ပွဲဖြင့် အနိုင်ရခဲ့သည်။ အခြားပွဲများတွင် ရူပီရှာ (အိန္ဒိယ) က ဇော်သန်းထိုက် (မြန်မာ)ကို လေးပွဲ ပြတ်၊ ဟာရီရာ (အိန္ဒိယ)က ခင်မောင်ဦး (မြန်မာ) ကို လေးပွဲ-နှစ်ပွဲ၊ လက်ရှိချန်ပီယံ အက်ဗာနီ (အိန္ဒိယ)က မင်းစည်သူ ထွန်း (မြန်မာ) ကို လေးပွဲပြတ်၊ ပေါက်စ (မြန်မာ)က ယိုတက်ရှင် (စင်ကာပူ)ကို လေးပွဲပြတ် အနိုင်ရခဲ့သည်။ စ နူကာ အမျိုးသားပြိုင်ပွဲတွင် အောင်ဖြိုး(မြန်မာ) က ရှိုအာဗီခန်း( အိန္ဒိယ)ကို လေးပွဲ-နှစ်ပွဲ ဖြင့် အနိုင်ရပြီး မျိုးမင်းသိန်းမှာမူ ကီဝေချောင်(ဟောင်ကောင်)ကို လေးပွဲ ပြတ် ရှုံးနိမ့်ခဲ့သည်။ အမျိုးသမီး စနူကာ ပြိုင်ပွဲတွင် အုပ်စုပွဲစဉ် ခြောက်ပွဲကျင်းပ ပြီး မြန်မာကစားသမားများ ဖြစ်သည့် သ္တာမောင်မှာ မိုဟာမန်ဒီ(အီရန်)ကို နှစ်ပွဲပြတ်၊ နွေးနွေးလှိုင်က ပါရီဆာ (အီရန်)ကို နှစ်ပွဲ-တစ်ပွဲဖြင့် အနိုင်ရခဲ့ သည်။ ယင်းပြိုင်ပွဲများတွင် လက်ရှိက္ဘာ့ ချန်ပီယံများ အပါအဝင် နာမည်ကြီး ကစားသမားများအစုံအလင် ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိပြီး ဘိလိယက်ပြိုင်ပွဲ တွင် ၂ဝ ၊ စနူကာအမျိုးသားပြိုင်ပွဲတွင် ၂၄ ဦး၊ အမျိုးသမီးပြိုင်ပွဲတွင် ၁၅ ဦး ဝင် ရောက်ယှဉ်ပြိုင်လျက်ရှိသည်။
ပြိုင်ပွဲစတုတ္ထနေ့ကို မတ် ၂၁ ရက် (ယနေ့) နံနက် ၁ဝ နာရီမှ စ၍ ဆက်လက်ကျင်းပမည်ဖြစ်ပြီး အခမဲ့ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ကြောင်း သိရသည်။
သတင်း-ညီမြတ်သော်တာ
No comments:
Post a Comment