Latest News

Sunday, March 4, 2018

တစ်ဖက်နိုင်ငံ၌ အလုပ်ရမည်ဟု သွေးဆောင်ခံရသူများအား အချိန်မီတားဆီးနိုင်ခဲ့

တစ်ဖက်နိုင်ငံ၌ အလုပ်ရမည်ဟု သွေးဆောင်ခံရသူများအား အချိန်မီတားဆီးနိုင်ခဲ့

တောင်ကုတ်    မတ်     ၎

ရခိုင်ပြည်နယ်   သံတွဲခရိုင် တောင်ကုတ်မြို့နယ်တွင် တရုတ်နိုင်ငံ၌  အလုပ်အကိုင် ရရှိမည်ဟု သွေးဆောင်စည်းရုံးခေါ်ဆောင်ခံရသူ ၃၃ ဦးနှင့် ပြစ်မှုကျူးလွန်သူများကို မတ် ၃ ရက် ည ၈ နာရီတွင် တောင်ကုတ်မြို့အထွက် စေတီကွင်းကျေးရွာ၌  ဌာနဆိုင်ရာ များက  အချိန်မီတားဆီးနိုင်ခဲ့ကြောင်း  သိရသည်။

ဖြစ်စဉ်မှာ တောင်ကုတ်မြို့နယ်   လမူးမော်ကျေးရွာ၊ ကျော်ကိုင်းကျေးရွာ၊ ကျောက်ဝေကျေးရွာတို့မှ အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၃၃ ဦးတို့ကို နေမျိုးအောင် နှင့် မောင်ကျန်လူ(ခ)မျိုးမင်းတို့က တရုတ်နိုင်ငံတွင် အလုပ်အကိုင်ရရှိမည်ဟု စည်းရုံး၍ မာန်သစ္စာယာဉ်လိုင်းဖြင့် သွေးဆောင်ခေါ်ယူလာခြင်းအပေါ်    သတင်းပေးချက်အရ စခန်းမှူး ဒုရဲမှူး ချစ်ဝေနှင့်ဌာနဆိုင်ရာများက ပူးပေါင်းဖမ်းဆီးနိုင်ခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ခေါ်ဆောင်လာသူ  မယုယုလွင်ပါ ၃၃ ဦးအား  စစ်ဆေး ပေါ်ပေါက်ချက်အရ  တစ်ဖက်နိုင်ငံသို့ အလုပ်အကိုင်ရှာဖွေပေးမည်ဟု   သွေးဆောင် ခေါ်ယူသူ  နေမျိုးအောင်နှင့်   မောင်ကျန်လူ(ခ)မျိုးမင်းတို့ကို တောင်ကုတ်ရဲစခန်းက အမှုဖွင့်ထားရှိပြီး  သွေးဆောင်ခံရသူ ၃၃ ဦးတို့ကို  မိဘများထံ စနစ်တကျ လွှဲပြောင်း အပ်နှံခဲ့ကြောင်း သိရသည်။                                                   မြို့နယ် (ပြန်/ဆက်)

No comments:

Post a Comment