Latest News

Wednesday, March 14, 2018

တောဆင်ရိုင်းများအားသတ်ဖြတ်ဖမ်းဆီးသည့်တရားခံနှစ်ဦးဖမ်းဆီးရမိရေးဝိုင်းဝန်းဆောင်ရွက်ခဲ့သူများအားဂုဏ်ပြုချီးမြှင့်

တောဆင်ရိုင်းများအားသတ်ဖြတ်ဖမ်းဆီးသည့်တရားခံနှစ်ဦးဖမ်းဆီးရမိရေးဝိုင်းဝန်းဆောင်ရွက်ခဲ့သူများအားဂုဏ်ပြုချီးမြှင့်

ငပုတော မတ် ၁၄

ငပုတောမြို့နယ်၊မြစ်တစ်ရာသစ်တောကြိုးဝိုင်းအကွက်အမှတ်(၂၁၅)၌ဆင်သတ်မုဆိုးနှစ်ဦးအားဆင်သတ်ရာတွင်အသုံးပြုသည့်ဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိအောင်ဝိုင်းဝန်းပူးပေါင်းဆောက်ရွက်ခဲ့သူများအားဂုဏ်ပြုချီးမြှင့်ခြင်းကိုမတ်လ၁၄ရက်နံနက်ပိုင်းကငပုတောမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊အစည်းဝေးခန်းမ၌ပြုလုပ်ရာမြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်ဆွေဝင်းတက်ရောက်အမှာစကားပြောကြားသည်။

ဆက်လက်၍မြန်မာ့သစ်လုပ်ငန်း၊တိုင်းဒေသကြီးဒုတိယအထွေထွေမန်နေဂျာဦးမိုးလွင်က"ယခုလိုဂုဏ်ပြုချီးမြှင့်ခြင်းသည်တောဆင်ရိုင်းများအသတ်မခံရရေးအတွက်ပြည်သူများထဲထဲဝင်ဝင်သိရှိနားလည်စေလာပြီးလုပ်ငန်းများတွင်ပူးပေါင်းဆောင်ရွက်နိုင်ကြရန်မျှော်လင့်မိပါကြောင်း၊ဖမ်းဆီးရမိအောင်သတင်းပေးနိုင်မှုဟာပြည်သူလူထုအပေါ်များစွာမူတည်ပါကြောင်းနှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့်လည်းပြည်သူလူထုအနေဖြင့်တောဆင်ရိုင်းများကိုအမုန်းမဖက်စေပဲဆင်သတ်မည့်မုဆိုးများတွေ့ရှိပါကလည်းသက်ဆိုင်ရာတာဝန်ရှိသူများကိုသတင်းပေးပို့ခြင်းဖြင့်ထိုက်ထိုက်တန်တန်ဆုများပေးအပ်ချီးမြှင့်မည်ကိုပြည်သူများအားသိရှိလာအောင်ဆောင်ရွက်ပေးရန်မေတ္တာရပ်ခံလိုကြောင်း"ရှင်းလင်းပြောကြားပြီးနောက်တောဆင်ရိုင်းသတ်ဖြတ်ဖမ်းဆီးသည့်တရားခံနှစ်ဦးဖမ်းဆီးရမိရေးအတွက်ဝိုင်းဝန်းပူး
ပေါင်းဆောင်ရွက်ခဲ့သူများအားတာဝန်ရှိသူအသီးသီးကဂုဏ်ပြုဆုငွေနှင့်၏ဂုဏ်ပြုမှတ်တမ်းလွှာများကိုပေးအပ်ရာပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သူများကတစိဦးချင်းအလိုက်ဂုဏ်ပြုဆုငွေနှင့်ဂုဏ်ပြုမှတ်တမ်းလွှာများကိုလက်ခံရယူခဲ့ကြသည်။

အဆိုပါဂုဏ်ပြုချီးမြှင့်ပွဲသို့မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊
ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်စာရေးများ၊ဧရာဝတီဆင်ချစ်သူများအဖွဲ့တို့လည်းတက်ရောက်ခဲ့ကြကြောင်းသိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)

No comments:

Post a Comment