Latest News

Friday, March 2, 2018

ပုသိမ်မှာ နှစ်ရက်အတွင်းယဉ်တိုက်မှုကြောင့် သုံးဦးသေ လေးဦးဆေးရုံရောက် ယဉ်စည်းကမ်းလမ်းစည်းကမ်းတင်းကြပ်ဖို့ ဒေသခံများတောင်းဆို

ပုသိမ်မှာ နှစ်ရက်အတွင်းယဉ်တိုက်မှုကြောင့်  သုံးဦးသေ လေးဦးဆေးရုံရောက် ယဉ်စည်းကမ်းလမ်းစည်းကမ်းတင်းကြပ်ဖို့ ဒေသခံများတောင်းဆို


ဧရာဝတီတိုင်းဒေသကြီးမြို့ တော် ပုသိမ်တွင် နှစ်ရက်အတွင်းယဉ်တိုက်မှုကြောင့် လူ သုံးဦးသေဆုံးခဲ့ ပြီး လေးဦးမှာဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရသည်။
သေဆုံးမှုဖြစ်စဉ်နှင့် ဆေးကုသမှု ခံယူနေရမှုကို ယဉ်ထိမ်းရဲတပ်ဖွဲ့ က အတည်ပြုသော်လည်း အသေးစိတ်အချက်လက်ကိုတော့ ထုတ်ပြန်ပေးခြင်းမရှိပေ.။

အဆိုပါ ယဉ်တိုက်မှုဖြစဉ်များကြောင့် ပုသိမ်ဒေသခံအများစု တွင်း စိုးရိမ်မှုများလည်းရှိလာကြသည်။
“ညဘက်အပြင်မထွက်တာကြာပြီဆိုင်ကယ်တွေကြောက်လို့တလမ်းမောင်းက၆နာရီမတီးသေးဘူးမောင်းချင်သလိုမောင်းနေတာမီးဖြူဖြူတွေစွတ်ထိုးမောင်းကိုယ်ကမီးကြီးမသုံးတော့ရှေ့ဘာမှမမြင်တော့ဘူးအရမ်းအန္တရာယ်များပါတယ်။စည်းကမ်းကြပ်မတ်ပေးစေချင်တယ်ခဏမလုပ်ဘဲနဲ့အမြဲတင်းကြပ်စေချင်တယ်”ဟု ပုသိမ်ဒေသခဲဒေါ်နွယ်နွယ်အောင်ကပြောသည်။
ဒေသခံတစ်ချို့ ကတော့ ယဉ်ထိမ်းရဲတပ်ဖွဲ့ ကို ဝေဖန်မှုများလည်းရှိလာသည်။
“ဖမ်းတဲ့သူကလဲ ပိုက်ဆံလိုမှ ဖမ်း စီးတဲ့သူကလဲ ဖမ်းတာမြင်မှ ဦးထုပ်ဆောင်း “တယ်ဟု ဒေသခံတစ်ဦးကမှတ်ချက်ပြုသည်။
ဒေသခံအများစုသည် ယဉ်စည်းကမ်းလမ်းစည်းကမ်းကို လိုက်နာလာအောင် ပြည်သူတွေကို အသိပညာပေးမှုများနှင့်အတူ ထိုက်သင့်သော အရေးယူမှုများဖြင့်တင်းကြပ်စေလိုသည်ဟုပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အစိုးရသစ်တက်ကာစတွင် ယဉ်စည်းကမ်းထိမ်းသိမ်းရေးများကို တင်းကြပ်ဆောင်ရွက်မှုများရှိခဲ့ သည်.။ယင်းအစီအစဉ်သည်နောက်ပိုင်းတွင် အသက်မ၀င်တော့ ပေ။


ယဉ်တိုက်မှုကြောင့် သေဆုံးသူ ဒဏ်ရာရသူများမှာ အောက်ပါအတိုင်းဖြစ်သည်။

(၂၈.၂.၁၈)ရက်နေ့၊ညနေ(၅:၄၅)အချိန် ပုသိမ်မြို့၊ကမ်းနားလမ်း၊EOCရှေ့၌ ကားနှင့်ဆိုင်ကယ် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကာ ဒဏ်ရာရရှိသူကျား(၁)ဦး အား ပုသိမ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြသည်။
 (၂၈.၂.၁၈)ရက်နေ့၊ည(၁၀:၃၀)အချိန် ပုသိမ်မြို့၊ကင်မလင်းကျွန်းမီးပွိုင့်လမ်းဆုံတွင် ဆိုင်ကယ်နှင့်ကားတိုက်မှုဖြစ်ပွားခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသူအား ပုသိမ်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ခဲ့ကြသည်။
(၂၈.၂.၁၈)ရက်နေ့၊ည(၁၁:၄၅)အချိန် ပုသိမ်မြို့၊ရွှေစေတီလမ်းနှင့်မင်းကြီးလမ်းထောင့်တွင် ဆိုင်ကယ်နှင့်သုံးဘီးယာဉ်တို့ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ ထိခိုက်ဒဏ်ရာရရှိသူ(၂)ဦးအား ပုသိမ်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ခဲ့ကြသည်။
 (၁.၃.၁၈)ရက်နေ့၊နံနက်(၇:၅၀)အချိန် ပုသိမ်မြို့၊တောင်ပေါ်လမ်းတွင် ကားနှင့်ဆိုင်ကယ် ယာဉ်တိုက်မူဖြစ်ပွားခဲ့ကာ အထည်ချုပ်စက်ရုံသွားသောဝန်ထမ်းအမျိုးသမီး၂ယောက်တင်ဆောင်လာသောဆိုင်ကယ်မောင်းသူအမျိုးသား တစ်ယောက်ပွဲခြင်းပြီးသေဆုံးပြီး ကျန်မိန်းခလေး၂ယောက်မှာ ပုသိမ်ပြည်သူ့ဆေးရုံကြီးသို့အရောက်တွင် သေဆုံးသွားခဲ့သည်။

ဇွဲထက်ဥာဏ်

No comments:

Post a Comment