Latest News
Friday, March 2, 2018
လယ်သမားများတောင်းဆိုသည့်​ အချက် များကို နိုင်ငံတော်အဆင့် အကောင်ထည်ဖော်မည်
လယ်သမားများတောင်းဆိုသည့်​ အချက် များကို နိုင်ငံတော်အဆင့် အကောင်ထည်ဖော်မည်
"ကျွန်တော်လာတာတော့ နိုင်ငံတော်အတိုင်အပင်ခံပုဂ္ဂိုလ်ရဲ့လမ်းညွန်ချက်ကြောင့်လာတာ ဒီအတွက်လည်း လယ်သမားတွေအတွက်ကောကျွန်တော်အတွက်ပေါ ကြီးမားတဲ့အခွင့်အရေးရပါတယ် ကျွန်တော်တို့ဝန်ကြီးဌာနကလုပ်နေတဲ့လုပ်ငန်းစဉ်တွေကို အကြယ်တ၀င့်ချပြခွင့်ရလို့ပါ အခုတောင်သူလယ်သမားတွေရဲ့တောင်းဆိုချက်တွေကို မိမိဌာနနဲ့သက်ဆိုင်တဲ့အချက်တွေကတော့ချက်ချင်းအဖြေပေးသွားမှာပါ မသက်ဆိုင်တဲ့တောင်းဆိုမှုအချက်တွေကိုတော့ နိုင်ငံတော်အဆင့်ထိတင်ပြပေးသွားပြီး အကောင်အထည်ဖော်ပေးသွားမှာပါ"ဟုပြည်ထောင်စု စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနဝန်ကြီးဒေါက်တာအောင်သူကပြောသည်။
လယ်သမားများတောင်းဆိုသော အချက် ( ၆)ချက်မှာ တောင်သူလယ်သမားများ လက်ရှိတွေ့ကျုံနေရသော အခက်အခက်များကိုလက်တွေ့ကျကျဖြေရှင်းနိုင်ရန်အတွက် နှစ်ရှည်ချေးငွေအားအတိုးနှုန်းသက်သာပြီးလုံလောက်စွာရရှိနိုင်ရေး ၊ လယ်သမားများမှရွေးချယ်ထားသည့် လယ်သမားကိုယ်စားလှယ်များက နိုင်ငံတော်အဆင့်တာဝန်ရှိသူများနှင့်တိုက်ရိုက်သွယ်တင်ပြနိုင်ရေး၊လယ်ယာထွက်ကုန်များကို လွတ်လပ်စွာရောင်းချနိုင်ရေး၊ လယ်ယာလုပ်ငန်းခွင်တွင်အသုံးပြုသော စက်ပစ္စည်းများ ပိုးသတ်ဆေးများ၏ အရည်အသွေးမပြည့်မှီမှုများကို လယ်သမားကိုယ်စားလှယ်မားကစစ်ဆေးအရေးယူနိုင်ရေး၊ လယ်ယာမြေဥပဒေတွင် လယ်ယာမြေလုပ်ငန်းခွင်အခက်အခဲဖြေရှင်းနိုင်ရန် ဥပဒေကိုထည့်သွင်းရေးဆွဲနိုင်ရေး ၊ မြေလွတ်မြေရိုင်းနှင့် လယ်ယာမြေသိမ်းဆည်းအမှုအခင်းများတွင် တောင်သူလယ်သမားများနစ်နာမရှိစေရန် တောင်သူလယ်သမားကိုယ်စားလှယ်များပါဝင်လာနိုင်ရေး စသည့်အချက်များဖြစ်သည်။
"ကျွန်တော်တို့လယ်သမားတွေဘဝက အတော်လေးကိုခက်ခဲစွာအသက်မွေးဝမ်းကြောင်းပြုနေရတယ် ရာသီဥတု ကုန်သည်ပွဲစားတွေရဲ့ ချယ်လှယ်မှုတွေကိုအများဆုံးလည်းခံရတယ် ပိုးသတ်ဆေးကိုအားကိုးပြန်တော့လည်းပညာမတတ်တော့အတုအရောင်တွေနဲ့ အလိမ်ခံရတယ် ဒါကြောင့်အဲ့အချက်တွေကို ကာကွယ်ဖို့အတွက် ကျွန်တော်တို့မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ လယ်သမားတွေရဲ့သဘောဆန္ဒတွေကို စုပေါင်းပြီးတောင်းဆိုချက်(၆)ချက်နဲ့တောင်းဆိုတာပါ ဒီတောင်းဆိုချက်အပေါ်ပြည်ထောင်စုဝန်ကြီးကဖြစ်အောင်လုပ်ပေးမယ်လို့ ဂတိပေးသွားပါတယ် ကျွန်တော်တို့တောင်းဆိုချက်တွေအကောင်အထည်ဖော်သွားရင် လယ်သမားတွေဘဝသိသိသာသာတိုးတက်ပြောင်းလဲသွားမှာမလွဲပါဘူး တစ်နိုင်ငံလုံးမှာရှိတဲ့လယ်သမားတွေကလည်းဒီအချက်တွေအကောင်အထည်ဖော်မယ့်နေ့ကိုစောင့်မှော်နေကျပါတယ်"ဟုအဆိုပါပွဲသို့ တက်ရောက်လာသော ဦးသိန်းအောင်ကပြောသည်။
နိုင်ငံ၏ ၀မ်းစာ ကို ဖြည့်ဆည်းပေးခဲ့ သူများကို ကျေးဇူးရှင်တောင်သူလယ်သမားကြီးများ ဟုခေတ်အဆက်ဆက် အစိုးရတာဝန်ရှိသူများက အမွှန်းတင်ကြသော်လည်အစိုးရအဆက်ဆက်သာပြောင်းလဲ သွားကြသည် တောင်သူလယ်သများတို့ ရဲ့ ဘ၀ တွေကတော့ တိုးတက်လာခြင်းမရှိကြောင်းလယ်သမားများက ဝေဖန်လျက်ရှိသည်.။
“တစ်ခါမှ လယ်သမားတွေကို လယ်အစကနေအဆုံးအထိ ကွင်းဆင်းကြည့်ပြီး ပံ ပိုးကုညီတဲ့ အစိုးရမပေါ်သေးဘူး ဒိုင်စပါးချိန်တုန်းကလည်းလယ်သမားမှာ မရှိတာကို အကျေဆပ်ရမယ်ဆိုပြီးလုပ်တယ် ဒီလို မင်းမျိုးတွေပဲတွေ့ ခဲ့ ရတယ်ဒီလယ်သမားကဘာလိုတယ် ဘယ်လိုပံ ပိုးပေးရမယ်ဆိုပြီး ပြန်ကြည့်တဲ့  မင်း(သမ္မတ) ဘယ်သူမှ မရှိသေးဘူး မပေါ်သေးဘူး”ပုသိမ်မြို့ နယ်က လယ်သမား ဦးကျော်ကျော်က တိုင်းဧရာနှင့်တွေ့ ဆုံမေးမြန်းမှုတွင်ပြောဆိုထားသည်။
ထက်ဝဠာမင်း
No comments:
Post a Comment