Latest News

Friday, March 2, 2018

ဘက်ထရီရှော့ခ်တိုက် ငါးဖမ်းသူများအား ထိရောက်စွာအရေးယူပေးရန်ဒေသခံများလိုလားနေ

ဘက်ထရီရှော့ခ်တိုက် ငါးဖမ်းသူများအား ထိရောက်စွာအရေးယူပေးရန်ဒေသခံများလိုလားနေ

ရေစကြို မတ် ၂

မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် ဧရာဝတီမြစ် ကြောင်း တစ်လျှောက် တွင် တရားမဝင် ဘက်ထရီရှော့ခ် တိုက်၍ ငါးဖမ်းနေသူများအား သက်ဆိုင်ရာ တာဝန် ရှိသူများက ထိရောက်စွာ အရေးယူပေးခြင်းဖြင့် ဧရာ ဝတီမြစ်အတွင်းရှိ ငါးမျိုးစိတ်များကို ကာကွယ်ထိန်းသိမ်း ပေးရန် ဒေသခံများက လိုလားလျက်ရှိကြောင်း သိရ သည်။

''မြစ်ကြောင်းတစ်လျှောက်မှာ စက်တပ်လှေအသေး စားတွေနဲ့ အုပ်စုလိုက် တန်းစီပြီး ရှော့ခ်တိုက်ငါးဖမ်းကြ တာ လှေရှစ်စင်းကနေ အစင်း၂ဝ ထိရှိ တယ်၊ အဖွဲ့လိုက် လာကြတာ သူတို့ကို ဘယ်သူမှ သွားမပြောရဲဘူး၊ သူတို့ လှေနား ဘယ်သူမှ အကပ်မခံဘူး၊ ကပ်လာရင် ရန်ရှာ တော့တာ၊ မြစ်ကမ်းပေါ်က ဓာတ်ပုံရိုက်ရင်တောင် လေး ဂွနဲ့လှမ်းပစ်တာ''ဟု ရေစကြိုမြို့နယ်အတွင်း ဧရာဝတီ မြစ်ကမ်းဘေးရှိ ကျေးရွာတစ်ရွာမှ ပြည်သူတစ်ဦးက ပြောသည်။

''ဧရာဝတီမြစ်မှာ ငါးသယံဇာတ တစ်နှစ်နဲ့တစ်နှစ် အတော်နည်းသွားပြီ၊ ဒီငါးရှော့ခ်တိုက်တဲ့ ဘက်ထရီ တွေက အားအတော်ပြင်းတယ်၊ ရှေ့လှေ ဆယ်စင်း လောက်က ဝါးတစ်ရိုက်အကွာလောက်ကနေ တန်းစီပြီး ရှော့ခ်တိုက်သွားတယ်၊ နောက်လှေ ဆယ်စင်းလောက်က လိုက်ကောက် တယ်၊ လှေတစ်စင်းမှာ လူသုံးယောက် လောက်ပါတယ်၊ သူတို့လှေတွေ ကလည်း အတော်မြန် ပြီး မြစ်ကြောင်းသွား သင်္ဘောကြီးတွေနားက ဖြတ်သန်း သွားလို့အပေါ်အမြင့်ကြီး လှိုင်းနဲ့မြောက်သွားတာတောင် မမှောက်အောင်ထိန်းနိုင်တယ်၊ အတွေ့အကြုံရင့် ဝါရင့် တဲ့ တရားမဝင် ဘက်ထရီရှော့ခ်တိုက် ငါးခိုးဖမ်းသူတွေ ဖြစ်နိုင်တယ်''ဟု ¤င်းက ဆက်ပြောသည်။

တရားမဝင် ဘက်ထရီရှော့ခ်တိုက် ငါးဖမ်းခြင်းများကို ဖမ်းဆီးအရေးယူ မည်ဖြစ်ကြောင်း ကြေညာထားမှုများ ရှိသော်လည်း ဧရာဝတီမြစ်ကြောင်း တစ်လျှောက်တွင် စက်တပ်လှေငယ်များဖြင့် အုပ်စုဖွဲ့၍ ဘက်ထရီရှော့ခ် တိုက် ဖမ်းဆီးနေသည်များကို တွေ့မြင်နေရပြီး ထိုသို့ ဖမ်းဆီးခြင်းများသည် မြစ်ကြောင်းအတွင်းရှိ ရေနေ သတ္တဝါမျိုးစိတ်များကို ပျောက်ကွယ် သွားစေနိုင် သည့် အခြေအနေမျိုးအထိ ဖြစ်စေနိုင်သဖြင့် အဆိုပါ တရား မဝင် ဘက်ထရီရှော့ခ်တိုက် ငါးဖမ်းနေကြသူများအား သက်ဆိုင်ရာ အနေဖြင့် ဖမ်းဆီး၍ ထိရောက်စွာ အရေး ယူပေးရန် ဒေသခံပြည်သူများနှင့် ဘက်ထရီဖြင့်မဖမ်းဘဲ ရိုးရိုးငါးဖမ်းကြသည့် တံငါလုပ်ကိုင်ကြသူများက မျှော် လင့်လျက်ရှိကြကြောင်း သိရသည်။

ကိုထိန်(ငါ့သရောက်)

No comments:

Post a Comment