Latest News

Saturday, March 17, 2018

ရေကြည်နှင့်ငသိုင်းချောင်းမြို့ဝင် ဘီးခွန်ဂိတ်များ မတ်လအကုန် ပိတ်သိမ်းမည်

ရေကြည်နှင့်ငသိုင်းချောင်းမြို့ဝင် ဘီးခွန်ဂိတ်များ မတ်လအကုန် ပိတ်သိမ်းမည်

ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ်အတွင်းမှာ ကောက်ခံနေတဲ့ မြို့အဝင်ဘီးခွန်တွေထဲက မြို့ပြင်ထွက်ကောက်ခံနေတဲ့ ရေကြည်မြို့ဝင်ဘီးခွန်ဂိတ်နဲ့ ငသိုင်းချောင်းမြို့ဝင် ဘီးခွန်ဂိတ်တွေကို မတ်လကုန် ပိတ်သိမ်းသွားတော့မှာ ဖြစ်ပါတယ်။

အဲ့ဒီဂိတ်တွေ ပိတ်သိမ်းဖို့ကိုတော့ မတ် ၁၅ ရက်နေ့က ကျင်းပတဲ့ ဧရာဝတီတိုင်းဒေသကြီးအစိုးရ အဖွဲ့ ကက်ဘိနက် အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ဒီလိုပိတ်သိမ်းတာကြောင့် ဧပြီလကစပြီး ရေကြည်မြို့နယ်ထဲမှာ အသုတ်မြို့အဝင်ဘီးခွန်တခုသာ ပေးဆောင်ရတော့မယ်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ကနေ သိရပါတယ်။

“အဲ့ဒီဂိတ်တွေက ရတဲ့အခွန်ငွေက ရေကြည်မြို့နယ်မှာ ခန့်ထားတဲ့ စည်ပင်ဝန်ထမ်းတွေရဲ့လစာနဲ့ အငြိမ်းစားဝန်ထမ်းတွေရဲ့ပင်စင်တွေကို တစ်နှစ်လုံးပေးနိုင်လောက်တဲ့ အနေအထားဖြစ်နေတော့ ဒါမရတော့ဘူးဆိုရင် ဘယ်ကပြန်ရနိုင်မလဲဆိုတဲ့ အခက်အခဲ ရှိနေပါတယ်” လို့ ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်ကပြော ပြောပါတယ်။

အခက်အခဲတွေ ရှိနေတာကြောင့် ဂိတ်တွေပိတ်သိမ်းတာ ဥပဒေနဲ့ညီမညီ ကောက်ခံခွင့်ရှိမရှိကိုတော့ ပြည်ထောင်စုအစိုးရကို ပြန်တင်ပြထားကြောင်း ပထမ ၆ လအတွင်း ပြည်ထောင်စုအစိုးရက ဆက်ကောက်ရန်အကြောင်းပြန်ပါက ဇူလိုင်လကစတင်ပြီး ပြန်ကောက်မှာဖြစ်ပြီး ကောက်လို့မရကြောင်း အကြောင်းပြန်ပါက အမြဲတမ်းပိတ်သိမ်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ရေကြည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့သို့ ငါးသိုင်းချောင်းမြို့အဝင် ဘီးခွန်ကောက်ခံတဲ့ ဂိတ်ကနေ တစ်နှစ်ကို အခွန်ငွေ ကျပ်သိန်း ၃၀၀ ကျော်ပေးဆောင်နေပါတယ်။ ရေကြည်မြို့အဝင်ဘီးခွန် ကောက်ခံတဲ့ဂိတ်ကတော့ တစ်နှစ်ကိုအခွန်ငွေ ကျပ်သိန်း ၄၀၀ ကျော်ပေးဆောင်နေတဲ့အတွက် ပိတ်သိမ်းရမယ့် ဂိတ်နှစ်ဂိတ်ရဲ့ အခွန်ငွေတွေဟာ ရေကြည်မြို့နယ်တခုလုံးမှာ စည်ပင်သာယာရေးအဖွဲ့ ကောက်ခံရရှိတဲ့ အခွန်ငွေအားလုံးရဲ့ ၃၀ ရာခိုင်နှုန်းကျော် ရှိနေတယ်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ကနေ သိရပါတယ်။

ဒီဗွီဘီ


No comments:

Post a Comment

Blog Archive

Tags

Accident Ad Agriculture Article Astrology Aung San Suu Kyi Bagan Beauty Bogale Book Car Cartoon celebs Crime Crony Daily Popular Danubyu Dedaye Dhamma Dr Hla Myat Thway Education ELection Entertainment Environment Foreign Affairs General General Aung San General Knowledge Gossip Gov Health Herbal Hinthada History Hluttaw Ingapu Interview Job Kangyidaunt kyaik Lat Kyangin Kyaunggon Kyonpyaw Latputta Laymyethna Lemyethna Letter Ma Shwe Moe Mahn Johnny Maubin Mawlamyinegyun Media MMP MMP 1 money Myan Aung Myanmar Idol Myaungmya Myo Min Paing News Ngapudaw Ngathaingchaung NLD Nyaung Tone Opinion Pagoda Pantanaw Party Pathein People Photo Places Poem Police Politic Political Prisoner Popular Project Pyapon Quote School Bus Song Speech Sport Sports Student SYW SYW 1 Technology Thabaung Time Ayeyar Tourism Travel U Ba Hein U Ko Ni U Kyaw Myint U Win Htay USDP Video Wakhama Weather World News Yekyi Zalun စိတ်အဟာရ ရသစာများ စိုက်ပျိုးရေး ထူးဆန်းထွေလာ ဒီရေတော နာရေး ဗဒေငျ မဘသ မုံရွာ လယ်သိမ်းမြေသိမ်း လူပုဂ္ဂိုလ်များ လူပျောက်ကြော်ငြာ အရှင်သုစိတ္တ (မော်ကျွန်း) အရှင်သုစိတ္တ (မော်ကျွန်း) ဆရာတော် အထွေထွေ ဝေဖန်ရေး ထွေအုပ် ​မော်​တင်​စွန်း နိုင်ငံရေးအကျဉ်းသား

Labels

Recent Post