ပုသိမ် မတ်လ၁၇ရက်
ပုသိမ်မြို့အခြေစိုက်အရပ်ဘက်လူအဖွဲ့အစည်း၂၀ကျော် နှင့် မန္တလေးအွန်လိုင်းပရဟိတ အသင်းတို့ပူးပေါင်းပြီး သက်ငယ်မုဒိန်းသေဒါဏ်ပေးရေး နှင့် အမျိုးသမီးထုဘဝ လုံခြုံရေးကမ်ပိန်း ကို မတ်လ ၁၇ ရက်နေ့ တွင်၇နာရီမှ၉နာရီ ခွဲ ညနေ၄နာရီမှ ည၉နာရီနှစ်ချိန်ခွဲ၍ပြုလုပ်လျက်ရှိကြောင်း ပွဲစီစဉ်သူထံမှသတင်းရ ရှိသည်
သက်ငယ်မုဒိန်း တားဆီးရေးနှင့်အသိပညာပေးဆိုင်ရာ လက်ကမ်းစာစောင်များကို
ပုသိမ်မြို့ရှိ ရွှေပြည်သာဈေးမြို မဈေးဘူတာဈေးကုလားကုန်းဈေးကြက်တူရွေးဈေး.စသည့်နေရာများတွင်ဝေဌာလျက်ရှိပြီး ဧရာဝတီ လူငယ်ကွန်ရက် အဖွဲ့မှပူးပေါင်းပါဝင်လျက်ရှိကြောင်းသိရသည်
"ကျွန်မသမီး ၁၆နှစ်ပဲရှိသေးတယ် အသက်အမည်တွေညာပြီးမိန်းမရှိလျက်နဲ့ ညာတွဲတယ်ခလေးကိုညာခေါ်တယ် ပြီးတော့တည်းခိုခန်းခေါ်သွားပြီးနင့် ငါ လက်ထက်မယ်ဆိုပြီး ခလေးကိုဖျက်စီးတယ် နောက်ပြီး ညာထွက်သွားတယ်အဆက်အသွယ်အကုန်ဖျက်သွားတယ် ကျွန်မသိသိချင်းလိုက်သွားတော့ခလေးကကြောက်ပြီးရှက်လို့ မျက်နှာမဖေါ်ရဲဘူး တည်းခိုခန်းခတောင် ကိုယ်ကကိုယ်ပေးပြီးခေါ်လာရတယ်"လို့ အဆိုပါကန်ပိန်းတွင်ပါဝင်သည့် ပုသိမ်မြို့ နေ အဓမ္မကျင့်ခံရသူ၏တစ်ဦး၏မိခင်ဒေါ်ယုယုမှတိုင်းဧရာကိုပြောသည်
သက်ငယ်မုဒိန်းကိုသေဒဏ်ပေးသင့်ကြောင်း ခလေးတွေကိုအကာအကွယ်ပေးသင့်ကြောင်း တကယ် ကြူးလွန်တဲ့သူကိုတရားဥပဒေအရ ထိထိရောက်ရောက်အရေးယူသင့်ကြောင်း ယင်းတို့အမူ့ကိစ္စအား ပိုက်ဆံလာပေးသော်လည်း လက်မခံခဲ့ကြောင်း ၎င်းကဆက်လက်ပြောကြားသည်
"ခုလို စာစောင်တွေဖြန့်ဝေတဲ့ကမ်ပိန်ပြီးရင်အစိုးရနဲ့ အရပ်ဖက်လူ့အဖွဲ့အစည်းတွေ နဲ့ကျွန်တော်တို့လူမူရေးအဖွဲ့တွေနဲ့ပူးပေါင်းပြီး ဆင်းရဲနွမ်uးပါးတဲ့တောရွာတွေ လူအရောက်အပေါက်နည်းတဲ့ကျေးရွာတွေကို ပညာပေး
ဟောပြောပွဲတွေနဲ့ အသိပညာ ပြန့်ပွားရေးတွေ ဆောင်ရွက်သွားဖို့ရှိနေပါတယ်"ဟု ဖြူစင်မေတ္တာလူမူ့ ဖွံ့ ဖြိုးတိုးတက်ရေး အသင်းရဲ့ဒုဥက္ကဌဖြစ်သူ ဦးနိုင်ကြီးမှ တိုင်းဧရာကို ပြောသည်
သက်ငယ်မုဒိန်းမူ့ နှင့်ပက်သက်၍ ၂၀၁၆ ၂၀၁၇တွင် ဧရာတိုင်းက အများဆုံး သတ်မှတ်နိုင်ကြောင်း လက်ရှိ၂၀၁၈တွင်လည်း ဒုတိယနေရာရောက်ရှိနေကြောင်း ဒီ့အတွက် ဧရာတိုင်းကို ယခုလိုကမ်ပိန်းပြုလုပ်သင့်ကြောင်း မန္တလေးတွင်လည်းကမ်ပိန်းပြုလုပ်ပြီးဖြစ်တဲ့အတွက် ဧရာတိုင်းကို ပူးပေါင်းပါဝင်ခဲ့ကြောင်း မန္တလေးအွန်လိုင်းပရဟိတ အသင်း၏အဖွဲ့ဝင် ကိုရန်အောင်ဦးထံသိရသည်
အဆိုပါကမ်ပိန်းများကို မတ်လ၁၈ရက်နေ့ နံနက်ပိုင်းတွင် မြောင်းမြမြို့နယ်နှင့် ညနေပိုင်းတွင် လပွတ္တာ မြို့နယ်များကိုဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး မန္တလေးအွန်လိုင်းပရဟိတ အသင်းနှင့် ရောက်ရှိသည့် မြို့နယ်အတွင်းရှိ အရပ်ဖက်လူ့အဖွဲ့အစည်းများပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဧရာတိုင်း၂၆မြို့နယ်လုံးလုပ်ဆောင်သွားမှာဖြစ်ကြောင်း ပွဲစီစဉ်သူဦးနိုင်ကြီးထံမှ သိရသည်
အဆိုပါ ကမ်ပိန်းအား ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုငိ နှင့် လူမူရေးဝန်ကြီးဒေါက်တာလှမြတ်သွေးတို့ ကိုယ်တိုင် ပါဝင်လှူပ်ရှားခဲ့ကြောင်းသတင်းရ ရှိသည်
သတင်းထောက် ရွှေရည်ဝင်း
ဓာတ်ပုံ ရွှေရည်ဝင်း AYN
No comments:
Post a Comment