Latest News

Saturday, March 17, 2018

လိႈင္ၿမိဳ႕နယ္တြင္ ႏိုင္ငံျခားျဖစ္အရက္မ်ိဳးစုံ အတုျပဳလုပ္သူမ်ားကို ရန္ကုန္ တိုင္းေဒသႀကီးရဲတပ္ဖြဲ႕က ေဖာ္ထုတ္ ဖမ္းဆီးရမိ


ရန္ကုန္၊ မတ္ ၁၇

မတ္ ၁၇ ရက္ေန႔ ေန႔လည္ ၃ နာရီအခ်ိန္ လိႈင္ၿမိဳ႕နယ္၊ ပိေတာက္ေခ်ာင္း
နယ္ေျမရဲစခန္းမွဴးႏွင့္အဖြဲ႕သည္ သက္ေသ မ်ားႏွင့္အတူ လိႈင္ၿမိဳ႕နယ္၊
အမွတ္(၄)ရပ္ကြက္၊ ရတနာမြန္(၂)လမ္း၊ အမွတ္(၁၃)ေနအိမ္ၿခံ၀င္းအတြင္း
ႏိုင္ငံျခား ျဖစ္အရက္မ်ိဳးစုံအား ေရာစပ္အတုျပဳလုပ္ေနေၾကာင္း သတင္းအရ
သြားေရာက္ခ့ဲရာ အမွတ္(၅)ရပ္ကြက္၊ ရတနာမြန္(၃)လမ္းထိပ္အေရာက္
ယာဥ္ေမာင္း ထိန္လင္း(၃၆)ႏွစ္ ေမာင္းႏွင္လာေသာ ယာဥ္အမွတ္- FF/-----
Fielder အနက္ေရာင္ယာဥ္အား စစ္ေဆးရာ ယာဥ္ေပၚတြင္ ႏိုင္ငံျခားျဖစ္
အရက္မ်ိဳးစုံအတုျပဳလုပ္ရာတြင္ အသုံးျပဳသည့္ ေဘာစိမ်ား၊ ၀ါရွာျပားမ်ား၊
Red Label ႏွင့္ Black တံဆိပ္ပါ စကၠဴဖာႏွင့္ Chivas Regal တံဆိပ္ပါ
စကၠဴဖာမ်ား၊ Red Label တံဆိပ္ပါ ပုလင္းအဖုံးခြံမ်ား၊ အရက္ေရာစပ္တြင္
အသုံးျပဳသည့္ အေရာင္တင္ဆီ ပုလင္းတစ္လုံးတို႔ကို ရွာေဖြေတြ႔ရွိ၍
စစ္ေမးရာ အမွတ္(၅)ရပ္ကြက္၊ ရတနာပုံ(၃)လမ္း၊ ၿခံအမွတ္(၅၀)ေန
ဦးတင္ထြန္း(၅၂)ႏွစ္ ဆိုသူမွ ေစခိုင္း၍ သယ္ေဆာင္လာျခင္းျဖစ္ေၾကာင္း
စစ္ေဆးေပၚေပါက္ခ့ဲပါသည္။

စစ္ေဆးေပၚေပါက္ခ်က္အရ ပူးေပါင္းအဖြဲ႕သည္ ဦးတင္ထြန္း၏ ေနအိမ္အား
၀င္ေရာက္ရွာေဖြရာ ႏိုင္ငံျခားျဖစ္ အရက္မ်ိဳးစုံ အဖုးံတစ္အိတ္၊ ပုလင္း
တံဆိပ္ကပ္ရာတြင္ အသုံးျပဳသည့္ Gun (၃)ခု၊ ေကာ္ေခ်ာင္း(၁)ထုတ္
တို႔အား ေတြ႔ရွိ သိမ္းဆည္းရမိၿပီး ဦးတင္ထြန္း အား စစ္ေဆးရာ အမွတ္(၄)
ရပ္ကြက္၊ ရတနာမြန္(၂)လမ္း၊ ၿခံအမွတ္(၁၃)တြင္ ႏိုင္ငံျခားျဖစ္အရက္
ပုလင္းခြံမ်ိဳးစုံအတြင္း ျပည္တြင္းျဖစ္အရက္မ်ားႏွင့္ ေရာစပ္ကာ ပုလင္းသြတ္
သြင္း ပါကင္ထုတ္ပိုး သိုေလွာင္ထားေၾကာင္း စစ္ေဆးေပၚေပါက္၍ အဆိုပါ
ေနအိမ္အား ၀င္ေရာက္ရွာေဖြရာ Glan Master တံဆိပ္(၄၀) ဖာ၊ Kingdon
တံဆိပ္(၄၅)ဖာ၊ Dunfife တံဆိပ္ (၂၂)ဖာ၊ High Commissioner
တံဆိပ္(၃၂)ဖာ၊ Columbus တံဆိပ္(၈)ဖာႏွင့္ ႏိုင္ငံျခားျဖစ္အရက္ပုလင္း
အခြံမ်ိဳးစုံ (၂၅)ဖာတို႔ကို ရွာေဖြေတြ႔ရွိသိမ္းဆည္းရမိခ့ဲပါ သည္။

ႏိုင္ငံျခားျဖစ္အရက္မ်ိဳးစုံအတုျပဳလုပ္သူ ဦးတင္ထြန္းႏွင့္ ယာဥ္ျဖင့္
သယ္ေဆာင္သူ ထိန္လင္းတို႔အား ထိေရာက္ ျပစ္ဒဏ္ရရွိေရး ဥပေဒႏွင့္အညီ
အေရးယူေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သတင္းရရွိသည္။
Yangon Police








(Unicode)

လှိုင်မြို့နယ်တွင် နိုင်ငံခြားဖြစ်အရက်မျိုးစုံ အတုပြုလုပ်သူများကို ရန်ကုန်
တိုင်းဒေသကြီးရဲတပ်ဖွဲ့က ဖော်ထုတ် ဖမ်းဆီးရမိ

ရန်ကုန်၊ မတ် ၁၇

မတ် ၁၇ ရက်နေ့ နေ့လည် ၃ နာရီအချိန် လှိုင်မြို့နယ်၊ ပိတောက်ချောင်း
နယ်မြေရဲစခန်းမှူးနှင့်အဖွဲ့သည် သက်သေ များနှင့်အတူ လှိုင်မြို့နယ်၊
အမှတ်(၄)ရပ်ကွက်၊ ရတနာမွန်(၂)လမ်း၊ အမှတ်(၁၃)နေအိမ်ခြံဝင်းအတွင်း
နိုင်ငံခြား ဖြစ်အရက်မျိုးစုံအား ရောစပ်အတုပြုလုပ်နေကြောင်း သတင်းအရ
သွားရောက်ခဲ့ရာ အမှတ်(၅)ရပ်ကွက်၊ ရတနာမွန်(၃)လမ်းထိပ်အရောက်
ယာဉ်မောင်း ထိန်လင်း(၃၆)နှစ် မောင်းနှင်လာသော ယာဉ်အမှတ်- FF/-----
Fielder အနက်ရောင်ယာဉ်အား စစ်ဆေးရာ ယာဉ်ပေါ်တွင် နိုင်ငံခြားဖြစ်
အရက်မျိုးစုံအတုပြုလုပ်ရာတွင် အသုံးပြုသည့် ဘောစိများ၊ ဝါရှာပြားများ၊
Red Label နှင့် Black တံဆိပ်ပါ စက္ကူဖာနှင့် Chivas Regal တံဆိပ်ပါ
စက္ကူဖာများ၊ Red Label တံဆိပ်ပါ ပုလင်းအဖုံးခွံများ၊ အရက်ရောစပ်တွင်
အသုံးပြုသည့် အရောင်တင်ဆီ ပုလင်းတစ်လုံးတို့ကို ရှာဖွေတွေ့ရှိ၍
စစ်မေးရာ အမှတ်(၅)ရပ်ကွက်၊ ရတနာပုံ(၃)လမ်း၊ ခြံအမှတ်(၅၀)နေ
ဦးတင်ထွန်း(၅၂)နှစ် ဆိုသူမှ စေခိုင်း၍ သယ်ဆောင်လာခြင်းဖြစ်ကြောင်း
စစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။

စစ်ဆေးပေါ်ပေါက်ချက်အရ ပူးပေါင်းအဖွဲ့သည် ဦးတင်ထွန်း၏ နေအိမ်အား
ဝင်ရောက်ရှာဖွေရာ နိုင်ငံခြားဖြစ် အရက်မျိုးစုံ အဖုးံတစ်အိတ်၊ ပုလင်း
တံဆိပ်ကပ်ရာတွင် အသုံးပြုသည့် Gun (၃)ခု၊ ကော်ချောင်း(၁)ထုတ်
တို့အား တွေ့ရှိ သိမ်းဆည်းရမိပြီး ဦးတင်ထွန်း အား စစ်ဆေးရာ အမှတ်(၄)
ရပ်ကွက်၊ ရတနာမွန်(၂)လမ်း၊ ခြံအမှတ်(၁၃)တွင် နိုင်ငံခြားဖြစ်အရက်
ပုလင်းခွံမျိုးစုံအတွင်း ပြည်တွင်းဖြစ်အရက်များနှင့် ရောစပ်ကာ ပုလင်းသွတ်
သွင်း ပါကင်ထုတ်ပိုး သိုလှောင်ထားကြောင်း စစ်ဆေးပေါ်ပေါက်၍ အဆိုပါ နေအိမ်အား ဝင်ရောက်ရှာဖွေရာ Glan Master တံဆိပ်(၄၀) ဖာ၊ Kingdon
တံဆိပ်(၄၅)ဖာ၊ Dunfife တံဆိပ် (၂၂)ဖာ၊ High Commissioner
တံဆိပ်(၃၂)ဖာ၊ Columbus တံဆိပ်(၈)ဖာနှင့် နိုင်ငံခြားဖြစ်အရက်ပုလင်း
အခွံမျိုးစုံ (၂၅)ဖာတို့ကို ရှာဖွေတွေ့ရှိသိမ်းဆည်းရမိခဲ့ပါ သည်။

နိုင်ငံခြားဖြစ်အရက်မျိုးစုံအတုပြုလုပ်သူ ဦးတင်ထွန်းနှင့် ယာဉ်ဖြင့်
သယ်ဆောင်သူ ထိန်လင်းတို့အား ထိရောက် ပြစ်ဒဏ်ရရှိရေး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment